မနက်ဖြန်ကစတင်ပြီး Messenger မှာ Emoji အသစ်တွေထပ်မံထည့်သွင်းတော့မယ့် Facebook

Facebook ဟာ လာမယ့် ဇွန်လ ၃ရက်နေ့မှာ Messenger အတွက် Emoji အသစ်တွေကို မိတ်ဆက်ပေးတော့မှာဖြစ်တယ်လို့ Facebook Messenger အသင်းက ကြေညာခဲ့ပါတယ်။ “Messenger ကမ္ဘာကြီးအတွက် One Emoji Standard ” ဆိုပြီးတော့ ကြေငြာခဲ့တာဖြစ်ပြီး ဘယ်လို OS မျိုးဆီမဆို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုရရှိနိုင်ဖို့ ဘယ်လို Software အသစ်မှာ ထပ်မံလိုအပ်မှာမဟုတ်ပဲ iPhone အသုံးပြုသူတွေထံ အရင်ဆုံးရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

messenger new emojis1

Facebook Messenger မှာပါဝင်မယ့် Emoji အသစ်တွေကိုလည်း ဖော်ပြခဲ့ပြီး Android, iOS နဲ့ တခြားဘယ်ပလက်ဖောင်းမဆို အတူတူပဲဖြစ်တယ်လို့လည်း သိရပါတယ်။ “အသုံးပြုလို့အဆင်မပြေတဲ့ Emoji တွေက ဘာမှမလုပ်နိုင်ပါဘူး။ ဘယ်လို ပလက်ဖောင်းမျိုးမှာမဆို ကျွန်တော်တို့ရဲ့ ဇာတ်ကောင်တွေဟာ သင်တို့ကို အမြဲတမ်းအသုံးပြုချင်နေအောင် ဆွဲဆောင်နေပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။

messenger new emojis2

Messenger ဟာ ဘာသာမရှိသူတွေအတွက် Option, အရောင်စုံ Emoji, နဲ့ ပိုမိုစုံလင်တဲ့ ကျား၊ မ Emoji တွေအပါအဝင် Emoji ဒီဇိုင်းအသစ်ပေါင်း ၁၅၀၀ ကျော်ကိုယူဆောင်လာမှာဖြစ်ပြီး သင့်အနေနဲ့ သင်အသုံးပြုလိုတဲ့ Emoji ရဲ့ အသားအရေ အရောင်အသွေး တွေကိုတောင် ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: GSM Arena

--

--

ContentKing.com.mm
Digital Times (Myanmar Technology News)

Content King is a media& content production house. It primarily objective is to produce quality & original media content for Myanmar, more ContentKing.com.mm