လမ်းသွားရင်း ဖုန်းတွေကိုကြည့်လွန်းတဲ့လူတွေအတွက် ပလက်ဖောင်းပေါ်မှမီးပွိုင့်များ

သင်ဟာလမ်းသွားရင်း ဖုန်းတွေကိုကြည့်နေတတ်တဲ့ လူတစ်ယောက်ဖြစ်ပါသလား။ ဒါဆိုရင်တော့ သြစတျေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်အစိုးရကတော့ ဒါကိုတွေးမိပြီး လမ်းသွားရင်းဖုန်းကြည့်နေတုန်း မတော်တဆမှုတွေမဖြစ်ပွားအောင် မီးပွိုင့်တွေကို ပလက်ဖောင်းပေါ်မှာတပ်ဆင်ထားလိုက်ပါပြီ။

ဒီလိုမြေပြင်ပေါ်က မီးပွိုင့်တွေကို ဆစ်ဒ်နီမှာရှိတဲ့ အဓိကလမ်းဆုံလမ်းခွ၊ နေရာတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက စတင်တပ်ဆင်ခဲ့တာဖြစ်ပြီး ခြောက်လအကြာတပ်ဆင်ပြီးနောက်မှာ ကုန်ကျစရိတ် ဒေါ်လာ ၂၅၀,၀၀၀ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

“ပလက်ဖောင်းတွေဟာ လမ်းသွားလမ်းလာတွေအတွက် အကာအကွယ်အနည်းဆုံးဖြစ်ခဲ့ပါပြီး ဒဏ်ရာရရှိမှု၊ သေဆုံးမှုတို့ကို ဖြစ်ပွားစေခဲ့ပါတယ်” လို့ NSW ရဲ့ ယာဉ်လမ်းကြောဆိုင်ရာ ဘေးကင်းရေးအဖွဲ့ရဲ့ ဒါရိုက်တာ Bernard Carlon ကဆိုပါတယ်။

People crossing the road while using mobile phones

လမ်းဘေးပလက်ဖောင်းတွေကနေ မတော်တဆမှုဖြစ်ပွားပြီးသေဆုံးသူဦးရေဟာ ၂၀၁၅ခုနှစ်မှာ ၆၁မှုအထိဖြစ်ပွားခဲ့ပြီး ၂၀၁၄ခုနှစ်ကထက်စာရင် ၄၉ရာခိုင်နှုန်းမြှင့်တက်ခဲ့တာပါ။ Carlo ကတော့ ဒီလမ်းဘေးပလက်ဖောင်းပေါ်က မီးပွိုင့်တွေဟာ လမ်းသွားရင်းဖုန်းကိုပဲကြည့်နေပြီး ဘေးဘီကိုအာရုံမစိုက်နိုင်တဲ့ လူတွေအပေါ်ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးပုံစံတူ မီးပွိုင့်တချို့ကို ပြီးခဲ့တဲ့ နှစ်လလောက်တုန်းက ဂျာမနီနိုင်ငံ၊ အော့စ်ဘတ်မြို့မှာ တပ်ဆင်ခဲ့ဖူးပြီး အဲ့ဒီအရာတွေကတော့ ပလက်ဖောင်းတစ်လျှောက်မှာ Signal မီးတွေတပ်ဆင်ပေးထားပြီး ဖုန်းကိုင်ရင်းလမ်းလျှောက်သူတွေအတွက် လမ်းကိုပြသပေးထားတာပါ။

--

--

ContentKing.com.mm
Digital Times (Myanmar Technology News)

Content King is a media& content production house. It primarily objective is to produce quality & original media content for Myanmar, more ContentKing.com.mm