အလုပ်သမား ၆၀၀၀၀ကို စက်ရုပ်တွေနဲ့အစားထိုးခဲ့တဲ့ Foxconn

Apple နဲ့ Samsung တို့ရဲ့ အဓိက Supplier ဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ်ကုမ္ပဏီကြီး Foxconn ဟာ လူသားအလုပ်သမား အယောက် ၆၀၀၀၀ နီးပါးရဲ့ နေရာမှာ စက်ရုပ်တွေကိုအစားထိုးခဲ့တယ်လို့ သိရပါတယ်။ တရုတ်ကုမ္ပဏီအနေနဲ့ စက်ရုပ်လုပ်သားတွေကို ရင်းနှီးမြုတ်နှံမှုကြီးမားစွာ ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီသတင်းကို Foxconn Technology Group က BBC ကိုအတည်ပြုပြောကြားခဲ့တာဖြစ်ပြီး ဒါဟာ အလုပ်အကိုင်အခွင့်အလမ်းတွေကို နည်းပါးသွားစေမယ့်အဓိပ္ပာယ်မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

workers1

“ကျွန်တော်တို့စက်မှုလုပ်ငန်းတွေမှာ အလိုအလျောက်လုပ်ဆောင်တဲ့စနစ်နဲ့ လူသားအင်အားကို ထိန်းကျောင်းနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး တရုတ်ပြည်ကအလုပ်သမားအင်အားကို ထိန်းသိမ်းနိုင်ဖို့အတွက် မျှော်လင့်ထားပါတယ်” လို့ Foxconn ကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလကတည်းက တရုတ်နိုင်ငံမှာရှိတဲ့ Guangdong စီရင်စု၊ Dongguan ဒေသက စက်ရုံ ၅၀၅ရုံမှာ အလုပ်သမား ထောင်ပေါင်းများစွာနေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ပြီး ယွမ်ငွေ ၄ဘီလျံ (အမေရိကန်ဒေါ်လာ ၆၀၉သန်းခန့်) ခန့် ရင်းနှီးမြုတ်နှံခဲ့ပါတယ်။

Ref: BBC, Engadget

--

--

ContentKing.com.mm
Digital Times (Myanmar Technology News)

Content King is a media& content production house. It primarily objective is to produce quality & original media content for Myanmar, more ContentKing.com.mm