၁၉၆၆ခုနှစ်ရဲ့ ဒီနေ့မှာ နာဆာရဲ့စက်ရုပ် Surveyor 1 ဟာ လပေါ်ကိုဆင်းသက်ခဲ့ပါတယ်

၁၉၆၆ခုနှစ်၊ ဇွန်လ ၂ရက်နေ့မှာ အမေရိကန်အမျိုးသားလေကြောင်းနဲ့အာကာသထိန်းချုပ်ရေးအေဂျင်စီ (NASA) ဟာ ၁၉၆၆ ခုနှစ်ကနေ ၁၉၆၈ခုနှစ်အထိ သူတို့ရဲ့ စက်ရုပ် ၇ရုပ်ကို လပေါ်ကို ထိန်းချုပ်ပို့လွှတ်တဲ့ အစီအစဉ်ဖြစ်တဲ့ Surveyor ပရိုဂရမ်ရဲ့ အစကနဦးခြေလှမ်းအဖြစ် Surveyor 1 ကို လပေါ်ကို ဆင်းသက်စေခဲ့ပြီး အမေရိကန်ရဲ့ပထမဆုံး လပေါ်ဆင်းသက်နိုင်မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပရိုဂရမ်ရဲ့ ကနဦးအစခြေလှမ်းတစ်ရပ်ဖြစ်သလို၊ Surveyor ပရိုဂရမ်အပြီး နောက်ပိုင်းပို့လွှတ်တဲ့ နာဆာရဲ့ နာမည်ကြီး Apolo ပရိုဂရမ်ရဲ့ ပထမခြေလှမ်းဆိုရင်လည်း မမှားပါဘူး။ Surveyor 1 စက်ရုပ်ဟာ ၁၉၆၆ခုနှစ်၊ မေလ ၃၀ရက်နေ့မှာ မြေပြင်ကနေပစ်လွှတ်ခဲ့ပြီး သုံးရက်အကြာမှာ လပေါ်က လက်တင်လို Oceanus Procellarum (Ocean of Storms) လို့နာမည်ပေးထားတဲ့ နေရာမှာဆင်းသက်နိုင်ခဲ့ပါတယ်။

surveyor-(1)-launched
Surveyor 1 ကို လွှတ်တင်နေစဉ်

ဒါဟာဆိုရင် တစ်စုံတစ်ရာထိခိုက်မှုမရှိပဲ ဆင်းသက်နိုင်ခဲ့တဲ့ ပထမဆုံးအာကာသမစ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။ အလေးချိန် ၂၉၂ကီလိုဂရမ်ရှိတဲ့ Surveyor 1 ဟာ လပေါ်ကနေ ပုံပေါင်း ၁၁၀၀၀ကျော်ကို ရိုက်ကူးခဲ့ပြီး၊ နောက်ပိုင်းပို့လွှတ်တဲ့ Surveyor စက်ရုပ် ၇စီးအနက် Surveyor 2 နဲ့ 4 သာကျရှုံးခဲ့ပြီး ကျန်တဲ့ ငါးခုကတော့ အောင်မြင်ခဲ့ပါတယ်။

Ref: This Day In Tech History, Wikipedia

--

--

ContentKing.com.mm
Digital Times (Myanmar Technology News)

Content King is a media& content production house. It primarily objective is to produce quality & original media content for Myanmar, more ContentKing.com.mm