၁၉၇၀ ဧပြီလ ၁၈ရက်နေ့မှာ ပထမဆုံး အာကာသပြဿနာကိုကြုံတွေ့ခဲ့ရပါတယ်
၁၉၇၀ ခုနှစ်ရဲ့ ဧပြီလ ၁၈ရက်နေ့မှာ လပေါ်ကိုသွားခဲ့တဲ့ Apollo 13 အာကာသယာဉ်ဟာ အောက်ဆီဂျင်အခန်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အာကာသယာဉ်မှူး Jack Swigert ဟာ “Houston ကျွန်တော်တို့မှာ ပြဿနာရှိနေပါပြီ” ဆိုပြီး စတင်ပြောကြားခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အောက်ဆီဂျင်နဲ့ လျှပ်စစ်ခန်းနှစ်ခန်းလုံးနီးပါး ဆုံးရှုံးသွားခဲ့ပြီး အောက်ဆီဂျင်ယိုစိမ့်မှုတွေနဲ့ အတူအသက်ရှင်ဖို့ အခက်အခဲရှိခဲ့ကြပါတယ်။ ဒါကြောင့်ပဲ လပေါ်ဆင်းသက်ဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြပြီး လေးရက်အကြာမှာတော့ မိုင်ပေါင်းနှစ်သိန်းကွာဝေးတဲ့ ကမ္ဘာဆီကို ပြန်လည်ချဉ်းကပ်နိုင်ခဲ့ကြပါတယ်။ read more at http://digitaltimes.com.mm/3582/1970april17-the-first-space-problem/