Gear Fit 2 နာရီ၊ IconX ကြိုးမဲ့နားကြပ်နှင့် Fitness စမတ်ဟန်းချိန်းတို့ကို Samsung ထုတ်လုပ်

ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Samsung ဟာ ၂၀၁၄ခုနှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ Gear Fit နဲ့ ကြိုးမဲ့နားကျပ် နဲ့ Fitness ပစ္စည်းတွေကို ထပ်မံဆန်းသစ်ပြီး ထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ မနေ့ကတော့ Samsung ဟာ Gear Fit 2 နဲ့ Gear IconX တို့ရဲ့ တရားဝင်ပုံတွေကို Samsung ရဲ့ ဝက်ဘ်ဆိုက်တစ်ခုမှာ မတော်တဆ ဖော်ပြမိသွားပါတယ်။

ထွက်ပေါ်လာတဲ့ Gear ပစ္စည်းနှစ်မျိုးလုံးဟာ ဝတ်ဆင်လို့ရတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ Accessories အနေနဲ့ နာမည်ပေးထားခြင်းမရှိသေးတဲ့ စမတ်ဟန်းချိန်းဟာ သင့်ရဲ့လက်ကောက်ဝတ်ပေါ်ကို ရောက်ရှိလာတော့မှာဖြစ်ပြီး Bands တွေကို အစားထိုးလာနိုင်တော့မှာပါ။ ဒီမျက်နှာပြင်မဲ့ပစ္စည်းလေးဟာ အရောင်မျိုးစုံနဲ့ လာမှာဖြစ်ပါတယ်။

samsung-fitness-charm

Gear Fit 2 ဟာလည်း အရင်ထွက်ရှိခဲ့တဲ့ မော်ဒယ်ထက် ပိုပြီးတော့ မျက်စိကျစဖွယ်ရှိနေတာကို တွေ့ရပါတယ်။ ပစ္စည်းအနေနဲ့ ပိုပြီးပါးလွှာသွားသလို ပိုပြီးလည်းကြီးမားလာပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ ပေါက်ကြားချက်တွေအရ ဒီနာရီဟာ Apple Watch နဲ့အသုံးပြုပုံဆင်တူတယ်လို့ ဆိုပါတယ်။ Gear Fit 2 ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ၂၀၀ခန့်ရှိတယ်လို့ လည်းကောလဟလ သတင်းတွေကဖော်ပြနေကြပြီး ၁.၈၅လက်မ Super AMOLED မျက်နှာပြင်၊ နှလုံးခုန်နှုန်းတိုင်းမော်နီတာနဲ့ GPS စနစ်တို့ပါဝင်မှာပါ။

gear-fit2

ကြိုးမဲ့နားကြပ် Gear IconX ကတော့ သတင်းအကြောင်းအရာများစွာဖော်ပြထားခြင်းမရှိပဲ အရောင်ကွဲများစွာနဲ့ ထွက်လာမှာဖြစ်ပြီး သီချင်းတွေကို Control လုပ်နိုင်မယ့် ထိသိမျက်နှာပြင်ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။ ဈေးနှုန်းကိုလည်း မသိရသေးပဲ တချို့သတင်းတွေကတော့ ဒေါ်လာ၂၀၀လို့ ဆိုပါတယ်။

Ref: 9to5 Google