COVID-19 and it’s moral dilemmas

ကိုယ့်အတွက်ကိုယ် ကြည့်မှာလား? အများအတွက် စဥ်းစားမှာလား?

Htet Myat Tun
Htet Myat Tun
1 min readMar 30, 2020

--

COVID-19 ကပ်ကာလမှာ လူတိုင်းစိတ်ထဲမှာ မေးခွန်းတွေအများကြီးရှိနေမှာပဲ။ ငါလုပ်နေတာ မှန်သလား မှားသလား။ ဘယ်သူ့အတွက် ငါစဥ်းစားမလဲ။ အဲ့ဒီအတွက် ဘာလုပ်တာ အကောင်းဆုံးဖြစ်မလဲ။
ဒီမေးခွန်းတွေကို တစ်နေ့လုပ်တစ်နေ့စားတွေ၊ သာမန်ဝန်ထမ်းတွေ၊ မန်နေဂျာတွေ၊ ဆရာဝန်တွေ၊ မိဘတွေ၊ သားသမီးတွေ အကုန်စဥ်းစားလာရမှာပဲ။

  • Delivery သမားခေါ်ပြီးမှာစားခြင်းက delivery သမားကို ကိုယ့်အစား risk ဖြစ်စေလားက အစ
  • ငါ့မိသားစုနဲ့ အတူနေနေတဲ့ ငါ့အိမ်ဆေးခန်းကို ဆက်ဖွင့်သင့်လား
  • ငါအလုပ်လုပ်နေတဲ့ အလုပ်ကို ရပ်လိုက်ရင် စီးပွားရေးမှာ ဘယ်လောက်ထိခိုက်မလဲ
  • ရန်ကုန်မှာ အဆောင်နေနေသေးတဲ့သူတွေ မိဘအိမ်ပြန်မလား၊ ရန်ကုန်မှာ ဆက်နေရမလား
  • နေမကောင်းတဲ့ မိဘ/ဆွေမျိုးကို သွားကြည့်မလား၊ သွားမကြည့်ဘူးလား?

လုပ်ရပ်တိုင်းအတွက် မေးခွန်းပေါင်းများစွာရှိလာမှာပဲ။

ဒီနေရာမှာ တစ်ချို့က ကိုယ့်အတွက်ကိုယ်ကြည့်မှာပဲ။ တစ်ချို့က အများအတွက်ကိုကြည့်မှာပဲ။ ကျွန်တော့်အနေနဲ့ကတော့ အများအတွက်မကြည့်ဘဲ ကိုယ့်အတွက် ကြည့်လို့မှားတယ် ဆိုပြီးမတွေးဘူး။ ဒါပေမယ့် ကိုယ့်အတွက်ကြည့်တဲ့နေရာမှာ အများဆိုးကျိုးတော့ မဖြစ်စေချင်ဘူး။

အများအတွက်ကို ကြည့်တဲ့ နေရာမှာလည်း ဘယ်‌ရွေးချယ်မှုက ဘယ်လိုအများအတွက် ပိုအကျိုးရှိစေမယ်ဆိုတာလည်း မမြင်ရဘူးမလား။
အိမ်မှာ မိဘ အဖိုးအဖွားတွေနဲ့ အတူနေနေတဲ့ လျှပ်စစ် ဝန်ထမ်းတစ်ယောက်က အလုပ်ဆက်သွားရင်း သူရော သူ့မိဘအတွက်ရော risk အဖြစ်ခံမလား၊ အလုပ်မသွားလို့ တစ်ခြားလူတွေ လျှပ်စစ်မီးမရတာကိုရွေးချယ်မလား?

ကျွန်တော်တို့နေထိုင်နေကြတဲ့ စနစ်ကြီးက ဒီလို ဖြစ်ရပ်မျိုးအတွက် ဘာမှ ကြိုမပြင်ထားတဲ့ အပေါ်မှာ လူတိုင်း အဖွဲ့အစည်းတိုင်းက ဆုံးဖြတ်ချက်ကြိုချထားဖို့ လိုသလို၊ ဆုံးဖြတ်ချက်ကို ကိုယ်နှင့်တကွ သက်ဆိုင်သူတွေအားလုံးကို ပွင့်လင်းစွာ အသိပေးထားဖို့လည်း သင့်ပါတယ်။ အဖွဲ့အစည်းတွေမှာတော့ ငါတို့ ကုမ္ပဏီပိုက်ဆံရနေဖို့ ဆိုတာထက်ပိုတဲ့ အကြောင်းပြချက်တစ်ခုတော့ ဝန်ထမ်းတွေကို ရှင်းရှင်းလင်းလင်းပေးထားသင့်ပါတယ်။ ပြီးရင်တော့ ဆုံးဖြတ်ချက်ချသူက ဦးဆောင်ပြီးနေပြမှပဲ ရပါမယ်။

--

--