ရောက်တက်ရာရာ - ၂

Kelvin Morris
In burmese
Published in
1 min readMar 14, 2015

နောက်ပိုင်းခုနှစ်တွေမှာ ဗလာဖြစ်နေတယ်လို့ ခံစားလာရတယ်။ What’s the meaning of life ဆိုတာမျိုးက ခဏခဏတွေးမိတယ်။ အမှုန်သေးသေးလေးတွေ စုစည်းပြီး လူဖြစ်လာတယ် ဆိုတဲ့ တဖက်ခြမ်းကို ကျော်တွေးလို့ကိုမရဘူး။ လူတွေ တန်ဖိုးထားတဲ့ အချစ် အမုန်း အလွမ်း အဆွေးတွေ အကုန်လုံးက electrical charge တွေချည်းပဲ။ လူတွေပြောပြောနေသလို စာအုပ်ထဲမှာ ပါပါနေသလိုမျိုး စိတ်ခံစားမူတွေက တကယ်ရော တန်ဖိုးရှိရဲ့လား စာရော တင်ထိုက်ရဲ့လား ဆိုတာ တွေးမိတယ်။ရုတ်တရက် တုံ့ပြန်တဲ့ ခံစားချက် တချို့ရှိပေမယ့် rational မဖြစ်တာကို သတိထားမိတယ်။ တချို့ဟာတွေကို ခွင့်လွတ်တက်လာတယ် ၊ အမူမထားမိတော့ဘူး။ ပျော်သလိုနေလိုက်တာပဲ။ kanas ဆိုသလို everything is dust in the wind ပေါ့။ ၈၀ ရာခိုင်နှုန်းလောက် အဓိပ္ပါယ်မရှိသလို။ အသိပညာကို ပိုမြတ်နိုးပြီး ခံစားချက်ကို လျစ်လျုရှုစရာ ဆိုတာ သဘောပေါက်လာတယ်။

5 centimeter per second ကိုသွားသတိရတယ်။ တကယ်တော့ မင်းသားနဲ့မင်းသမီးနဲ့ ဆုံခဲ့ရင်တောင် emptiness မခံစားရတော့ဘူးလို့ ဘယ်သူကမှ အာမမခံနိုင်တာ။ တကယ်တော့ တချို့အပိုင်းတွေက မူရာကာမီရေးသလိုပါပဲ။ basic need တွေ လိုချင်တာရနေပေမယ့် တခုခုကို တောင့်တနေသလိုပေါ့။ တကယ်တော့ လိုချင်တဲ့အရာက တကယ်မှ မရှိတာ ဘယ်တော့မှ ပြည့်မှာ မဟုတ်ဘူး။ ငယ်ငယ်တုံးက အလိုချင်ဆုံးအရာတွေက အခုချိန်မှာ ဘာမှ မဟုတ်တော့သလို ၊ အခုတောင့်တနေတာကို နောင်လိုချင်မှလိုမှာ။ အင်တိုက်အားတိုက် ကြိုးစားခဲ့ရလို self satisfactory အနေနဲ့ တန်ဖိုးထားတာလည်း ဖြစ်ကောင်းဖြစ်လာနိုင်တာပဲ။ game theory လို ကောင်မလေးတစ်ယောက်ကို အပြိုင်လိုက်လို တန်ဖိုးတက်သွားတာ ဖြစ်တာပဲ။ တန်ဖိုးဆိုတာ အတွင်းက သတ်မှတ်တဲ့ value ထက် envy ဖြစ်လို အပြိုင်အဆိုင်လိုချင်တာကို ခေါ်မလား။

ပါဝင်ဆင်နွဲသူ တစ်ယောက်အနေနဲ့ထက် စောင့်ကြည့်သူ လုပ်ရတာ ပိုသဘောကျလာတယ်။ သူငယ်ချင်းတစ်ယောက် ချစ်စနိုးလာနှိုင်းသလို တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုဇာတ်ကောင် လိုပေါ့။ ရန်ဖြစ်နေရင်တောင် ပြဇာတ်လာကသလိုမျိုး ကြည့်ကောင်းကောင်းနဲ့ကြည့်နေမိမှာ။ တချို့သော စိတ်ခံစားမှုတွေက ကြာကြာမခံပါဘူး။ လူတွေက ဒါကို ဘာလို့ သတိမမူမိသလဲဆိုတာ စဉ်းစားလို့မရဘူး။ လူတစ်ယောက်ကို တစ်သက်လုံးမုန်းလို့မရသလို တစ်သက်လုံးချစ်လို့လည်းမရဘူး။ အချစ်ပဲဖြစ်ဖြစ် အမုန်းပဲ ဖြစ်ဖြစ် တကယ်မရှိတဲ့ nothing ကို တုန့်ပြန်လို့မရဘူး။ လူတွေပြောနေတဲ့စိတ်ခံစားမှုဆိုတာလည်း သူတို့ ပတ်ဝန်းကျင်က သတင်းအချက်အလက်တွေကိုပဲ perceive လုပ်ပြီး တုန့်ပြန်နေတာပဲ။ ဘောင်ကကျဉ်းကျဉ်းလေး။ အချိန်ရယ် နေရာရယ် အပြုအမှု ဆိုတဲ့ variable သုံးခုပေါ်မှာ ကစားကြတာပဲလေ။ တကယ်လို့ အချက်အလက်သာ အပြည့်အစုံရရင် တချိန်မှာ ဘယ်သူနဲ့ဘယ်သူနဲ့ အိမ်ထောင်ကျလာမယ်ဆိုတဲ့ ပုံသေနည်းတောင် ထွက်လာနိုင်သေးတယ်။ ညံ့ပေမယ့် သင်္ချာကို ပိုပြီး မြတ်နိုးလာတယ်။ အမှာရာခိုင်နှုန်းတချို့ရှိပေမယ့် အရာအားလုံးကို တချိန်မှာ တွက်ထုတ်လို့ရနိုင်တဲ့ ပုံသေနည်းတွေထွက်လာနိုင်တယ်။

Everything have patterns and mathematic is the study of those patterns

--

--