စပိန်နိုင်ငံ ကော်ဒိုဗာမြို့  နှုတ်ဆက်ညစာ စားပွဲမှာ အဖေ့ တပည့် ငါးယောက် နဲ့ အတူ

Code ရေးဖို့  အသက်ကြီးပြီလား?

Kelvin Morris
In burmese

--

Skillcrush ရဲ့  တွဲဖက် တည်ထောင် သူတစ်ယောက် အနေနဲ့  ကျွန်မဆီမှာ ယောင်္ကျားတွေသာ မက မိန်းမတွေဆီက ပို့ လေ့ရှိတဲ့ အီးမေလ်း တွေ စုံပုံပြီး ရှိနေပါတယ်။ အဲဒါကတော့ Code ရေးဖို့  တနည်းအားဖြင့် Programming သင်ဖို့  စဉ်းစားနေကြသူတွေပါ။ များသောအားဖြင့် “ Programming သင်ဖို့  အိုနေပြီ ထင်တယ် ” ဆိုပြီး မဝံမရဲ့  ပုံစံနဲ့  လာလေ့ရှိပြီး အဲဒီလို email ပို့  တာဟာ ၆၅ နှစ်အရွယ် သာမက မြီးကောင်ပေါက်မလေးတွေ ဆီကလည်း ဖြစ်ချင် ဖြစ်နေတက်ပါတယ်။

အဲဒါကို တုန့် ပြန်ဖို့ အတွက် ကျွန်မ အနေနဲ့  ကိုယ့်အသက်အရွယ်နဲ့ Code သင်မသင် စဉ်းစားနိုင်တဲ့ နည်းလမ်း တစ်ခုကို ဝေမျှလိုက်ပါတယ်။ အောက်က အချက်တွေကို ကြည့်ပါ။

၁ ။ သင် အသက်ရှုနိုင်သေးပါသလား ? “အင်း ဟုတ်ကဲ့” ဆိုပါက ဒုတိယ မေးခွန်းကို ဖတ်ပါ။ ဒါမှမဟုတ်ရင် တော့ ဟုတ်ပါတယ်။ သင်ဟာ သိပ်အိုနေပါပြီ။

၂။ စာရိုက်နိုင်ပါသလား ? ဒါကိုလည်း “အင်း ဟုတ်” ဆိုရင်တော့ တတိယ မေးခွန်းကို ကျော်သွားပါ။ ဟင့်အင်း ဆိုရင်လည်း ရပါသေးတယ် တတိယ မေးခွန်းကို ဖတ်ကြည့်ပါ။

၃။ Web နဲ့  နောက်ဆုံးပေါ် နည်းပညာတွေ ကြားသိနေရတာတွေ အပေါ် စိတ်ဝင်စားပါသလား။ “ဟုတ်ကဲ့” ဆိုရင်တော့ ဂုဏ်ယူပါတယ်။ သင် မအို သေးပါဘူး။ ဟင့်အင်း ဆိုရင်တော့ သင့်အနေနဲ့  တကယ်အိုတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် Code ရေးဖို့  အတင်းအကျပ် မတိုက်တွန်းလိုပါဘူး။

အတိုချုပ် : ပညာလို အိုသည် မရှိ။

စပိန် စကား သင်ခဲ့သော ကျွန်မ အဖေ

ကျွန်မ ဆယ်ကျော်သက် ဘဝတုံးက အဖေကတော့ လေးဆယ်ကျော်ပေါ့။ အဖေက မက်ဒရစ်မှာ ရှိတဲ့ ပညာရေး အစီအစဉ်တစ်ခုရဲ့  ဒါရိုက်တာ ဖြစ်ချင်တယ်။ အဲဒီအတွက် အဖေဟာ စပိန်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတက်ဖို့  လိုတယ်။ လနဲ့ ချီပြီးတော့ အဖေဟာ မက်ဆီကန် စားသောက်ဆိုင်တွေမှာ စပိန်စားသောက်ဆိုင်တွေ သွားခဲ့တယ်။ စပိန်လို မှာကြည့်တာပေါ့။ အဖေအတွေ့ အကြုံအရ ဆိုရင်တော့ မက်ဆီကန်တွေဟာ “သူတို့ ကို စပိန်စကားနဲ့ ပြောတာကို သဘောကျကျတယ်” လို့ ပြောပါတယ်။ ဒါပေမယ့် ဆယ်ငါးနှစ် သမီးတစ်ယောက် အနေနဲ့  အဖေရဲ့  အလွဲလွဲအမှားမှား စပိန်စကားပြောပြီး မှာတဲ့ အခါ ရှက်ပြီး Menu စာရွက်နဲ့  မျက်နာကို ကာမိတာတော့ အမှန်ပဲ။

တဖြည်းဖြည်းနဲ့  အဖေရဲ့  အခြေအနေဟာ ပြောင်းလဲလာတယ်။ အရှက်ကွဲမယ့် အသံထွက်တွေ နေရာမှာ တဖြည်းဖြည်း အစားဝင်လာတာကတော့ သူရဲ့  ကျွမ်းကျင်လာတဲ့ စပိန်ဘာသာ စကားပါပဲ။

တနေ့ တော့ သူ ကျွန်မ ဆီလာပြီး ကယ်လီဖိုးနီးယားမှာ စပိန်လို လွင့်တဲ့ ရေဒီယို လိုင်းတွေ ရှိလား လို့ မေးပါတယ်။ သူနားထောင်ကြည့်ပြီး အံသြတကြီး “မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ” လို့ ပြောပါတယ်။ ငါတို့  ဒီမှာ နေတာကြာပြီ ဒီ ရေဒီယို အစီအစဉ်တွေ ဒီလောက် နာမည်ကြီးတာ မသိခဲ့ဘူး။ တကယ်ကို လောကသစ် ပဲ” လို့ ပြောပါတယ်။

သင်ရော လောက အသစ်ကို မရှာချင်ဘူးလား ?

Code ရေးဖို့  သိပ်အိုနေပြီဆိုတာ ???

ကျွန်မ တို့  တစ်ခုခုကို သင်ယူဖို့ သိပ်အိုနေပြီ ဆိုတာ ဒီလိုရှိပါတယ်။အသက် အရွယ် အလိုက် သင်ယူခြင်း ဆိုတာ ရှိသလို အဲဒါပေါ်မှာ အဓိက မကျတဲ့ သင်ယူမှုတွေလည်း ရှိပါတယ်။ ဘယ်သူမှကတော့ အခါလည်သားလေးကို “ဒီကလေး လမ်းလည်း မလျှောက်တက်ဘူး” လို့ ဘယ်သူမှ မပြောပါဘူး။ ဒီကလေးဟာ တဖြည်းဖြည်းနဲ့  လမ်းလျှောက်တက်တဲ့ ကမ္ဘာကို လျှောက်လှမ်းလာလို့ ပါ။

ဒါပေမယ့် ကလေးလေး တစ်ယောက် အတွက် စိတ်လှုပ်ရှားစရာ ဟာ လူကြီးတစ်ယောက် အတွက် ကြောက်စရာ ဖြစ်လာတာပါပဲ။ ကျွန်မတို့  ဘဝ ပတ်ဝန်းကျင်မှာ နေသားကျလှရင်းနဲ့  တခုခုကို အစပျိုးရမယ့်ဆိုရင် ကြောက်ရွံလာတာ အထိပါပဲ။

အသက်အရွယ်အလိုက် သင်ယူရတဲ့ လမ်းလျှောက်ခြင်း လိုဟာမျိုးနဲ့ စာရင် ကွာတာကတော့ Code ကို သင်ယူဖို့  အချိန်ကောင်းဆိုတာကတော့ ကိုယ့်ဟာကိုယ် ရွေးချယ်နိုင်တာ မို့ လို့  တွန့် ဆွတ်မိနေကြတာလည်း ပါပါတယ်။

Coding ကို အသက်နဲ့ သတ်မှတ်တဲ့ အယူအဆအမှား

၁၉၉၄ ခုနှစ်ကမှ Web ဟာ ရေရေရာရာ ပေါ်လာတာပါ။ သင့်အနေနဲ့  ကလေးဘဝထဲက Code ကို သင်ချင်ရင်တော့ သင်ဟာ အဲဒီတုံးက ရှစ်နှစ်သား ၊ ၁၉၈၆ ခုနှစ်လောက်မှ မွေးရမှာပေါ့။ ဒါဆိုရင် နည်းပညာလောက ထဲမှာ အသက် ၂၆ နှစ်ထဲ ကြီးတဲ့သူ ကို ရှိမှာ မဟုတ်တော့ဘူး။

ကျွန်မတောင် သင်ခဲ့သေးတာပဲ ရှင်လည်း ရတာပေါ့

ကျွန်မ အသက် ၂၄ ကြမှ Code ရေးဖို့  အသည်းအသန် ခဲမှန် စသင်ခဲ့တာပါ။ အဲဒီတုံးက ရှင်လောက် အသက်ကြီးပေမှ ကြီးမယ်။ ဒါပေမယ့် ကလေး လည်း မဟုတ် ဆယ်ကျော်လည်း မက နဲ့  ကောလိပ်ကျောင်းသူလည်း မကျခဲ့တာ သေချာတယ်။ ပြီးတော့ ကျွန်မ ဟာ နာမည်ကြီး ထူထောင်ခါစ ကုမ္ပဏီလေးမှာ နည်းပညာဆိုင်ရာ အရာရှိချုပ် အနေနဲ့ လည်း အလုပ်လုပ်ရတာလည်း မဟုတ်ရပါရှင်။ ဒါပေမယ့် ကျွန်မရဲ့ နည်းပညာ အရည်အသွေးကိုသုံးပြီး အခြား လူတွေ၊ ကုမ္ပဏီတွေဆီက ပိုက်ဆံရှာနိုင်ခဲ့တယ်။

Code ရေးဖို့ သင်ရင်းနဲ့  ကျွန်မ အလုပ်ရဲ့ ပြင်ပမှ ပိုက်ဆံ ဘယ်လိုရှာရသလဲ ဆိုတာ သိလာခဲ့တယ်။ ကျွန်မဟာ ကုမ္ပဏီကြီးတွေက ပေးတဲ့ ကျွန်မရဲ့ လစာကို မမှီခိုပါဘူး။ ကျွန်မမှာ အရည်အသွေး တစ်ခုရှိတယ်။ အဲဒါကတော့ အချိန်နဲ့ အမျှ တန်ဖိုး တက်လာပြီး ကမ္ဘာကြီးကိုပါ ခါးစောင်းတင် နိုင်သေးတယ်လို့  ခပ်ကြွားကြွား ပြောချင်ပါတယ်။

Code ရေးတက်ပြီး နောက်ပိုင်းမှာ ပိုပြီး လွတ်လပ်လာတယ်။ ရွေးစရာလည်း ပိုရှိလာတယ်။ ပြီးတော့ တခြားလူတွေနဲ့ စာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရောပေါ့။

ရှင်ရော သိပ်အိုနေပြီလား ???

--

--