Cryptography Intro
မနှစ်လောက် က Khan Academy မှ Cryptography Course ကို ယူဖြစ်သည်။ Cryptography စာအုပ်များ ဖတ်ဖူးသော်လည်း Concept ပိုင်း ဆိုတော့ ကြာကြာ ဖတ်ရင် အိပ်ချင်သည်မှာ အမှန်။ သို့သော် ထို Course မိမိအတွက် အတော်လေး နားလည် ရလွယ်ပြီး စိတ်ဝင်စားစရာ လည်း အတော် ကောင်းသည်။ ဂျူးလီယက် ဆီဇာ ခေတ်မှ အစပြုခဲ့သော ဝှက်စာအကြောင်း ကို ရှင်းပြထားသည် မှာ အတော် လည်း နားလည်ရလွယ်သလို အားရစရာလည်း ကောင်းသည်။ ဝှက်စာဆိုသည်မှာ လည်း ကျွန်ုပ်တို့နှင့် စိမ်းလှသည့် ဘာသာရပ်မဟုတ်ပေ။ အတန်းထဲမှ ဆရာမ နဲ့ စာသင်နေချိန်တွင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လိုပါက ဝှက်စာများ သင်္ကေတများ အသုံးပြုခဲ့ကြသည်က ကလေးတိုင်းလိုလိုပင်။ ဂျုးလီယက်ဆီဇာ Cipher သည်လည်း မင်းသိင်္ခ ဝတ္ထုတွင် ခဏခဏပါလေ့ရှိသဖြင့် မိမိအနေဖြင့် ငယ်ငယ်ကပဲ မျက်မှန်းတန်းမိသည်ဟု ဆိုရပေမည်။
Caesar Cipher
Caesar cipher မှာ အင်္ဂလိပ် အက္ခရာ A မှ Z အထိစာလုံး 26 လုံးကို ဂဏန်း တစ်ခုခုဖြင့် shift လုပ်ခြင်းသာ ဖြစ်သည်။ ဥပမာ နံပါတ် တစ်နဲ့ shift လုပ်မည် ဆိုပါက A သည် B ၊ B သည် C ဟု တစ်လုံးချင်းစီတိုးသွားကာ Z မှာတော့ A ဖြစ်သွားမည် ဖြစ်သည်။ ထိုကြောင့် APPLE ဆိုသည့် စာလုံးတစ်လုံးမှာ BQQMF ဟု ဖြစ်သွားမည် ဖြစ်သည်။ ထိုနည်းအားဖြင့် Shift လုပ်တဲ့ Number ကို မသိမချင်း ဖော်လို့မရနိုင်ပေ။ နောက်ပိုင်း ပို့သူအချင်းချင်း Number မည်မျှ Shift ထားသည် ဆိုသည်ကို Protocol အနေနဲ့ပို့နိုင်သည်။
လုံခြုံလှသည်တော့ မဟုတ်သော်လည်း သူ့ခေတ်သူ့အခါကတော့ အတော်လေးကို လုံခြုံသည်ဟု ဆိုရမည်။ သို့သော် အဓိက အားနည်းချက် နှစ်ခုရှိသည်။ပထမ တစ်ခု မှာ သင်္ချာနည်းအရ စဉ်းစားပါက အင်္ဂလိပ် စကားလုံး ဖြစ်သဖြင့် အတွက် Shift လုပ်ရန် ၂၆ လုံးထက် ပိုမရှိ။ တစ်ခုချင်းစီ လှည့်ပတ်ထည့်ကြည့်မယ်ဆိုပါက ၂၆ လုံးသာ စမ်းရမည်။ ထို့အပြင် letter frequency အနေဖြင့် အင်္ဂလိပ်စာ ဖြစ်သောကြောင့် အချို့သော စကားလုံးများ ၊ ဥပမာ — E ကဲ့သို့သော စာလုံးမျိုး အကြိမ်အရေအတွက်မှာ X ကဲ့သို့သော letter များဖြင့် နှိုင်းစာလျှင် များနေသည်ကို တွေ့ရမည် ဖြစ်သည်။ စာအုပ်တစ်အုပ်၏ စာလုံး အရေအတွက်ကို Chart အနေနဲ့ ကြည့်ပါက E ကဲ့သို့သော စာလုံး အရေအတွက်မှာ သိသိသာသာ ထိပ်ကို ထွက် နေသည် ကို သတိထားမိပါမည်။ ထိုအတွက် အဆိုပါ Graph ကို အခြေခံပြီး Encrypted message ၏ letter frequency ဖြင် နှိုင်းယှဉ်ပြီး ထပ်ကြည့်ပါက shift မည်မျှ လုပ်သည်ကို အကြမ်းဖျင်းမှန်းနိုင်ပါသည်။ ထို့ကြောင့် ပို၍ secure ဖြစ်သော polyalphabetic cipher ကဲ့သို့ နည်းပညာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Vigenère cipher
Vigenère cipher မှာ ကိန်းဂဏန်းတစ်ခုဖြင့်သာ Shift ပြုလုပ်ခြင်း မဟုတ်ပဲ စကားလုံးကို အခြေပြုပြီး series အလိုက် shift လုပ်သွားခြင်း ဖြစ်သည်။ ထိုကြောင့် polyalphabetic cipher ဟုလည်း ခေါ်သည်။ ဥပမာ အနေ ဖြင့် lorem ipsum dollar sit ဆိုသည့် sentence တစ်ခုကို polyalphabetic cipher ကို အသုံးပြုပြီး encrypt လုပ်မည်ဆိုပါစို့။ ကနဦး LOREM ဆိုတဲ့ စာလုံးဟာ 12,15,18,5,13 ဆိုပြီး တွက်ထုတ်ကာ ၎င်း အစီအစဉ်အလိုက် shift လုပ်သွားမှာ ဖြစ်ပါသည်။
L O R E M, I P S U M , D O L L A R ,S I T
[12,15,18,5,13], [12,15,18,5,13], [12,15,18,5,13] ,[12,15,18]
( Shift လုပ့်မည့် အစီအစဉ်)
X D J J Z U, E K Z Z P, D D Q N D, H AY
Polyalphabetic Cipher ကိုအသုံးပြုမယ်ဆိုပါက Secret Word ရဲ့ စာလုံးနှင့် message ရဲ့ length ရှည်လာသည်နှင့် အမျှ ပိုမို secure ဖြစ်မှာ ဖြစ်ပါသည်။ အားနည်းချက်မှာ စကားလုံးထပ်ခြင်း ဖြစ်သည်။ အပေါ်က ဥပမာ ကို ကြည့်မယ်ဆိုပါက JJ ၊ ZZ နဲ့ DD ဆိုပြီး ထပ်နေတာကို သတိထားမိမှာပါ။ ထပ်နေသောကြောင့် Word Occurance Sequence မှ အစပြုပြီး ပြန်ဖော်ဖို့ ဖြစ်နိုင်ပါတယ်။ ပြဿနာမှာ Word ရဲ့ တသမတ်တည်း ရပ်တည်နေတဲ့ အနေအထားကြောင့်ပါ။ ထို့်ကြောင့် One time pod ဆိုတဲ့ Cipher technique တစ်ခုပေါ်လာပါတယ်။
One Time Pod
One time Pod တွင်မူ Series အလိုက် Shift လုပ်ခြင်း ဖြစ်သော်လည်း Shift လုပ်မည့် Number အရေအတွက်မှာ Polyalphabetic လိုမျိုး Word တစ်ခုကို မမှီခိုပဲ Crypt လုပ်မယ့် Sentence ထဲမှာ ရှိတဲ့ စာလုံးတစ်လုံးတိုင်းကို Random Shift လုပ်ပါတယ်။ ဥပမာ APPLE ဆိုတဲ့ စာလုံး တစ်ခုအတွက် ၂၆ မျက်နာပါသည့် အံစာတုံးကို 5 ခေါက် ခေါက်ပြီး ရလာတဲ့ နံပါတ်တွေအတိုင်း Shift လုပ်တယ်ပေါ့။ ပြီးသော် Shift လုပ်ထားသည့် Number Sequence နဲ့ Message ကို တဖက်သူထံ ပို့ပြီးမှ ရောက်ရှိသူမှ ထိုအတိုင်းပြန်၍ Decrypt လုပ်ရမည် ဖြစ်သည်။
The Enigma Machine
လက်တွေ့တွင် အမြဲတစေ စာလုံးအရေအတွက်ရှိသလောက် အန်စာခေါက်နေရန် မဖြစ်နိုင်သည့် အတွက် ကိန်းဂဏန်းများကို Random ထုတ်ပေးတဲ့ Machine များကို အသုံးပြုလာခဲ့ရပါသည်။ ထို စက်တွေ၏ တူညီသောပြဿနာတစ်ခုမှာ Random ဖြစ်သည့် sequence ကတူနေခြင်း ဖြစ်သည်။ ထို့ကြောင့် စက်တစ်လုံးကို ယူ၍ reverse engineer လုပ်မယ်ဆိုပါက ဖော်နိုင်သည့် အနေအထား ဖြစ်သည်။ ထိုအတွက် key setting ဆိုသည့် စက်ရဲ့ starting position ကို ခွဲခြား သတ်မှတ် ခဲ့ရပါသည်။ စက်တလုံးတွင် key setting အခုတစ်ရာ ရှိသည်ဆိုပါစို့။ setting ရဲ့ starting position ပေါ် မူတည်၍ ထွက်လာသော random sequence များမှာ မတူပါ။ ထို့ဖြစ်၍ ပေးပို့သူနှင့် လက်ခံသူ ကြားမှ အသုံးပြု မယ့် Key setting ကို သတ်မှတ်ပြီး ဝှက်စာတွေကို ပို့ခဲ့ရပါသည်။ ထိုခေတ်က ကွန်ပျုတာ နည်းပညာတွေ မပေါ်ပေါက်သေးသည့် အတွက် rotor machine တွေများ အသုံးပြုပြီး random number များအား generate လုပ်ခဲ့ရပါသည်။ rotor machine ဆိုသည်မှာ လူသားများ ရင်းနှီးနေသည့် ပုတီးစိပ်ရာမှာပဲ ဖြစ်ဖြစ် အရေအတွက် မှတ်ရာ မှာပဲ ဖြစ်ဖြစ် အသုံးပြုတဲ့ machine ဖြစ်ကာ odmeter ဟုလည်း ခေါ်ပါသည်။
စက်တစ်လုံး၏ Random Number generate လုပ်နိုင်စွမ်းမှာ Starting Point ဖြစ်တဲ့ Key Setting နှင့် Rotor မည်မျှ အလုံးအရေအတွက် သုံးနိုင်သည် ဆိုသည့် ပေါ်မှာ မူတည်ပါသည်။ အဆိုပါ Key Setting နဲ့ Rotor တို့၏ အသုံးပြုနိုင်စွမ်းအားတို့ရဲ့ အမြောက်ရလဒ်ကို key space လို့ခေါ်ပါသည်။ Rotor သုံးလုံး သုံးထားသည့် Encryption Machine တစ်ခုမှာ Key Space ပေါင်း တစ်သိန်းကျော်ရှိပါသည်။ သို့ဖြစ်ပါ၍ decrypt လုပ်သူအနေနဲ့ Key Setting ကို မသိပါက ဖြစ်နိုင်ချေ Key Space ပေါင်း တစ်သိန်းကို တစ်ခုချင်းစီ စမ်းရမည် ဖြစ်သည်။
နာမည်ကျော် ဂျာမန်ဘက်က အသုံးပြုတဲ့ Enigma Machine ကို ပထမကမ္ဘာစစ် အပြီးမှာ ဂျာမန်ပညာရှင်တွေက စတင်တီထွင်ခဲ့ပါသည်။ Enigma ဟာ Electronic နည်းပညာ ကို အသုံးပြုထားပြီး စာလုံးတစ်လုံးထုတ်ပြီးသည်နှင့် ၎င်း၏ လျှပ်စစ် လမ်းကြောင်း ကို ပြောင်းလဲလိုက်ခြင်းဖြင့် random number များကို generate ထုတ်ပေးပါသည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်နေစဉ် ကာလ အတွင်း ကြိမ်ဖန်များစွာ ပြင်ဆင်ခြင်း ဖြင့် Enigma ၏ နည်းပညာမှာ တဖြည်းဖြည်းတိုးတက်လာပါသည်။ Rotor ကို ၄ လုံးအဖြစ်ပြောင်းလဲ အသုံးပြုခဲ့ပြီး Key Space မှာလည်း ဒုတိယ ကမ္ဘာစစ် ပြီးခါနီးတွင် 150 million, million, million အထိ တိုးတက်ခဲ့ပါသည်။ ထိုကြောင့် လူအင်အား အများအပြားကို key space ပေါင်း ထောင်ပေါင်းများစွာနှင့် အစီအစဉ်အတိုင်း စမ်းသပ်မည် ဆိုရင်ပင် Enigma ကို break လုပ်ရန် နှစ်သန်းပေါင်း နှစ်ထောင် ကြာမြင့် နိုင်ပါတယ်။
Genius Mathematician
ဒုတိယ ကမ္ဘာစစ် အတွင်း Engima သည် အရေးပါလှသည့် အခန်းကဏ္ဌထဲတွင် ပါဝင်ပြီး Engima စက်ကို ရန်သူဘက်က ရရှိနိုင်သည့်တိုင်အောင် များပြားလှသည့် Key space များ၏ လုံခြုံမှုကြောင့် ဗြိတိသျှတို့ အနေဖြင့် ကြားဖြတ်နားထောင်၍ ရသည့် တိုင်အောင် ဝှက်စာကို ဖော်ဖို့ မဖြစ်နိုင်တဲ့ အတွက် ရန်သူတို့၏ သတင်းကို မသိရှိ နိုင်တော့သဖြင့် အထိအခိုက် အကျအဆုံးများလှပါသည်။ ထိုကြောင့် အင်္ဂလိပ် အစိုးရ အနေဖြင့် Engima ကို Crack လုပ်ရန် အသည်းအသန် ကြိုးစား ပါတော့သည်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီးကာလမှာ Engima ကို Reverse Engineer လုပ်ရန် Hut 8 ဆိုသည့် လျှိုဝှက်အဖွဲ့တစ်ခု ဖွဲစည်းခဲ့ပြီး သင်္ချာပညာရှင် တစ်ယောက် ပါလာပါသည်။ ၎င်းမှာ တချိန်တွင် ကွန်ပျုတာသိပ္ပံလောက ၏ ဖခင်ကြီးတစ်ယောက် ဖြစ်လာမည့် Alan Turing ဖြစ်သည်။ Alan Turing သည် Engima မှ keyspace များကို အလိုအလျောက် တိုက်စစ်နိုင်တဲ့ Machine တစ်ခုကို ဖန်တီးခဲ့သည်။
The Vulnerabilities of Enigma
ရှေးဦးစွာ Turing အနေနဲ့ သတိထားမိသည့် အချက်မှာ Engima ၏ Design error တစ်ခုပင် ဖြစ်သည်။ ၎င်းမှာ Engima ဟာ မူရင်းဝှက်စာအနေနဲ့ ထားခဲ့သည့် alphabet ကို မည်သည့်အခါမှ ပြန်မကျပါ။ ဥပမာ မူရင်းစာလုံး A ကို encrypt လုပ်သည် ဆိုပါစို့။ မူရင်းစာလုံး A မှ အပ အခြားသော ၂၅ လုံးသော စကာလုံးတွေ အနေနဲ့သာ ထွက်လာမှာ ဖြစ်ပါသည်။ Turing ရဲ့ အယူအဆအရ ထိုဝှက်စာများကို လူတွေအနေဖြင့် ပြန်ဖော်ရန် မဖြစ်နိုင်ဘူးလို့ ယုံကြည်ပါတယ်။
ထိုအပြင် German တွေအနေဖြင့် နှစ်ဆယ့်လေးနာရီ အတွင်း key တစ်ခု ပြောင်းလဲလေ့ရှိသည့် အတွက် အကုန်လုံးကို ၂၄ နာရီအတွင်း မဖော်နိုင်ပါက အလဟာဿ ဖြစ်မည်။ အဆိုပါ စက်ကို တည်ဆောက်ပြီးချင်းချင်း Machine အနေဖြင့် တွက်ချက်နိုင်စွမ်း နှေးသောကြောင့် ၂၄ နာရီအတွင်း အလျင်မှီအောင် ဖော်ထုတ်နိုင်စွမ်း မရှိသေး။ သို့သော် Turing အနေနဲ့ German တွေ၏ အမှားတစ်ခုကို သတိထားမိသွားပါသည်။ ၎င်းမှာ Decrypt လုပ်နေသော ကာလအတွင်း အချို့ သော စကားစုတွေမှာ repetitvie ဖြစ်နေသည်ကို သတိထားမိသည်။ ၎င်းမှာ German Radio Operator တွေ၏ key ကို များများစားစား မပေးပဲ၊ လွယ်လွယ်ကူကူ ပေးလေ့ရှိသည့် အလေ့အထ ကြောင့် အချို့သော message များမှာ ထပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် Turing ဟာ ထပ်နေတဲ့ message တွေကို ထပ်ခါထပ်ခါ decrypt မလုပ်တော့ပဲ ကနဦး ဖော် ထားသည့် ဝှက်စာအတိုင်းပဲ leave လုပ်ထားလိုက်တဲ့ အတွက် Processing Power ဟာ သိသိသာသာ တက်လာပြီး engima ရဲ့ key ပြောင်းတဲ့ အချိန်ကို အလျင်မှီ လာပြီး ဝှက်စာကို ဖော်ယူနိုင်ပါတော့သည်။ နောက်ပိုင်း Computer လောကတွင် ၎င်းကို caching ဟုခေါ်သည့် သဘောတရားနှင့် သရုပ်တူမည်ဟု ယူဆပါသည်။
စစ်ပြီးခေတ် Turing ၏ ဘဝနိဂုံး
Alan Turing ၏ Enigama ကို break လုပ်နိုင်ခြင်းသည် ဒုတိယကမ္ဘာစစ်၏ အနေအထားကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး၊ ကမ္ဘာသမိုင်းကို တမျိုးတဖုံ ပြောင်းလဲ သွားစေ ပါတယ်။ ဒုတိယကမ္ဘာစစ်အဆုံးမှာ Turing တို့ကြောင့် လူပေါင်း ၁၆ သန်း အသက်ချမ်းသာရာ ရခဲ့သည်ဟု သိရပါတယ်။ ထိုကြောင့် Cryptograph သည် ခေတ်သစ် အချက်အလက် စီးဆင်းမှုနှင့် ပတ်သတ်ရာမှန်သမျှတွင် အရေးပါ လှသည့် အခန်းကဏ္ဌ တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် Turing ၏ ဒုတိယကမ္ဘာစစ် နှောင်းပိုင်း ဖြတ်သန်းရသည့် ဘဝမှာမူ မကောင်းလှပေ။ Turing ဟာ သူ့ကိုယ်သူ လိင်တူစိတ်ဝင်စားတစ်ယောက်ဟု ကြေညာပြီးနောက်ပိုင်း အင်္ဂလိပ်အစိုးရ အနေနဲ့ ၎င်းကို အတင်းအကျပ် ဟော်မုန်းကုထုံးများ အသုံးပြုပြီး ပြင်းပြင်းထန်ထန် ကုသ စေပါသည်။ ထိုစဉ်အခါက အင်္ဂလိပ် လူအဖွဲ့အစည်းမှာ လိင်တူ စိတ်ဝင်စားသူ များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တဲ့ ကာလလည်း ဖြစ်ပါတယ်။ ထိုသို့ ဟော်မုန်း ကုထုံးနဲ့ ကုသနေစဉ် Turing ဟာ ဇွန် ၇ ရက်နေ့ ၁၉၅၄ မှာ ကိုယ့်ကိုယ်ကို သတ်သေသွားပါသည်။ အရေးမပါလှတဲ့ လူမူရေးယုံကြည်ချက်များကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်သည်။ Alan Turing ရဲ့ Machine များကို အခြေပြုပြီး ယနေ့ခေတ်မှာ Computer တွေပေါ်ပေါက်လာပါသည်။
Turing Award and Turing Test
၁၉၆၆ မှ စတင်၍ Alan Turing ကို ဂုဏ်ပြုပြီး Computer Science နှင့် သင်္ချာ ပညာရပ် တို့ တွင် ထူးချွန်တဲ့သူများကို Turing Award ကိုပေးလေ့ရှိပါသည်။ ကျွန်ပ်၏ ရောက်တက်ရာရာ post တွင် mention လုပ်ခဲ့သော Steve McCornell မှာလည်း ၁၉၈၀ ခုနှစ် Turing award ကို ရရှိသူဖြစ်ပါသည်။
Turing နှင့်ပတ်သတ်ပြီး အခြား Honorable Mention တစ်ခုမှာ ၁၉၅၀ ခုနှစ် တွင် Phd Degree အတွက် တင်ခဲ့တဲ့ Paper တစ်ခုဖြစ်တဲ့ Computing Machinery and Intelligence ဖြစ်သည်။ Turing အယူအဆဖြစ်သော “Machine တွေဟာ တွေးနိုင် သလား” ဆိုတဲ့ မေးခွန်းဖြင့် စဖွင့်ပြီး Artifical Intelligance ဘာသာရပ် အတွက် ရှေးဦးလမ်းပြ Paper တစ်ခုဟု ပြော၍ ရပေမည်။ Paper တွင် ပါဝင်သည့် နာမည်ကျော် စမ်းသပ်ချက် တစ်ခုမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။
အခန်းတစ်ခုထဲ လူသားတစ်ဦးကို Machine တစ်ခုမှ တစ်ဆင့် အခြားသော မည်သူမည်ဝါမှန်း မသိသော သူတစ်ဦးကို ဆက်သွယ်ခိုင်းကြည့်ပါ။ ထို ဆက်သွယ်ခိုင်းသော သူသည် လူသားတစ်ဦး ဖြစ်နေနိုင်သကဲ့သို့ Machine တစ်ခုလည်း ဖြစ်နိုင်ပေမည်။ အစမ်းသပ်ခံရသူ လူသားအနေနဲ့ဖြင့် အချင်းချင်း ဆက်သွယ်နေရင်းမှ မိမိနှင့်ဆက်သွယ်နေသူသည် Machine ဖြစ်သည်လော လူသားဖြစ်သည်လောကို ခွဲခြား သိရှိနိုင်ပါက ထို Machine ၏ Artifical Intelligance သည် လူသားဆန်မှု ရေချိန်မှာ လူသားတစ်ယောက်ကို မမှီနိုင်ပေ။ အဆိုပါ စမ်းသပ်ချက်ကို Turing Test ဟုခေါ်သည်။
ပုံမှန်အားဖြင့် Machine များသည် လူသားတို့ ခိုင်းစေသည့်အတိုင်းသာ ပြုလုပ်နိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများပင် ဖြစ်သည်။ သို့သော် ကွန်ပျုတာသိပ္ပံ ထွန်းကားလာသည့် နောက်ပိုင်း Machine များသည် မိမိတို့ဖာသာ ဝေဖန်ဆန်းစစ် သင်ယူလေ့လာနိုင်စွမ်းပါ ပါရှိလာပါသည်။ မကြာသေးမှီသော ကာလများတွင် Machine များက Turing Test ကို အောင်မြင်သွားသည်ဟု ကြားလိုက် ရသေးသည်။ တနည်းအားဖြင့် တဖက်ခန်းတွင် မိမိနဲ့ ဆက်သွယ်နေသူလည်း လူသားလား Computer လားဆိုသည်ကို ခွဲခြား၍ မရနိုင်တော့ပေ။