ECMAScript 6 အကြောင်းသိကောင်းစရာ

Kelvin Morris
In burmese
Published in
4 min readJan 14, 2015

The Next of Javascript

Javascript ဟာ Web Developer တိုင်း နီးပါး ငြင်းပယ်လို့မရတဲ့ language ပါ။ သင်သာ Fullstack developer တစ်ယောက်ဆိုရင် Backend ကို Ruby ဒါမှမဟုတ် Java လို language မျိုးသုံးရင် frontend က behaviour တွေကို ဖော်ပြဖို့ Javascript ကို အနည်းဆုံးတော့ အသုံးပြုရတာပါပဲ။ တကယ်လို့ ဒိတ်အောက် နေတဲ့ applet တွေ သုံးရင်တော့ တမျိုးပေါ့။ အဲဒီလို Javascript နဲ့ ထိတွေ့တဲ့ အခါတိုင်း အများစုရဲ့ တုံပြန်ချက်ကတော့ သိပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် မရှိကြပါဘူး။ Javascript ရဲ့ functional ဆန်တဲ့ အရေးအသားတွေကို OOP paradigm ကလာတဲ့ လူတွေ အနေနဲ့ လေ့လာရတဲ့ အခက်အခဲက အနည်းနဲ့အများပါပဲ။ ကျွန်တော်ဆိုရင်လည်း PHP ကနေ Javascript ကို ကူးတော့ မတူတဲ့ Pattern တွေ၊ Jargon တွေ လုပ်ထုံးလုပ်နည်းတွေက တကယ်ကို မျက်လုံးကျယ်စရာပါပဲ။ တကယ်တမ်း hand on ရေးနိုင်ဖို့က ခြောက်လ လောက် အချိန်ပေးခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ Javascript ဟာ တကယ်ကို သဘောကျစရာ ကောင်းတဲ့ language တစ်ခုလိုပဲ မြင်မိပါတယ်။ အခု များမကြာမီ ၂၀၁၅ အတွင်းမှာလည်း Javascript ရဲ့ နောက်ထပ်မျိုးဆက်ဖြစ်တဲ့ ES6 ကိုလည်း အတည်ပြုတော့မှာဖြစ်ပါတယ်။ Javascript လိုသာ ကျွန်တော်တို့က အလွယ်ခေါ်ကြပေမယ့် သူရဲ့ နာမည်အရင်းကတော့ ECMAscript ပါ။ အခုလက်ရှိအသုံးပြုနေတဲ့ browser တွေမှာ ES 5.1 ကို အသုံးပြုကြပြီး အဟောင်းတွေမှာတော့ သူထက်နိမ့်တဲ့ version ကို အသုံးပြုကြပါတယ်။ ECMAscript တွေရဲ့ version တွေထုတ်လုပ်ခဲ့တာ ခုနှစ် အလိုက်ဖော်ပြရရင်တော့

၁၉၉၉ ခုနှစ်တွင် ECMAScript 3
၂၀၀၅ ခုနှစ်တွင် ECMAScript 4
၂၀၀၉ ခုနှစ်တွင် ECMAScript 5
၂၀၁၁ ခုနှစ်တွင် ECMSScript 5.1

တို့ကို အသီးသီး အတည်ပြုခဲ့ပါတယ်။ အခုထွက်လာမယ့် ECMAscript version 6 မှာ feature တွေ အများကြီး ပါလာ ပါလိမ့်မယ်။ တချို့ feature တွေက တခြား language တွေမှာ ပါပြီးသား တွေကို အခုမှ အတည်ပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် တခြားဘက်က ကူးလာတဲ့ developer တွေလည်း ပို အဆင်ပြေမှာ ဖြစ်သလို Javascript developer တွေ အနေနဲ့ ပိုပြီး productive ဖြစ်ဖြစ် လုပ်နိုင်ပါလိမယ်။ အခုလက်ရှိ လောလောဆယ်မှာတော့ တချို့ application တွေကို ES6 ကနေ ES5 ကို ပြောင်းပေးတဲ့ third party convertor တွေကိုသုံးပြီး ရေးနေတဲ့သူတွေ ရေးနေကြပါပြီ။ ဥပမာ ES6ify ၊ traceur ဒါအပြင် node မှာဆိုရင်လည်း version 0.1.x version တွေကစပြီး harmony mode ကိုအသုံးပြုပြီး ES6 feature တွေကို ရေးလို့ရနေပါပြီ။ express ကိုရေးတဲ့သူကပဲ Koa ဆိုတဲ့ ES6 အခြေပြု framework တစ်ခုကို ရေးခဲ့ပါသေးတယ်။ ဒီနေ့ ကြားရတဲ့ သတင်းအရ Node.js ရဲ့ fork ဖြစ်တဲ့ io.js မှာဆိုရင် ES6 ရဲ့ feature တချို့ကို default အနေနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ io.js ဟာ node ရဲ့ government model fork ဖြစ်ပြီး တချိန်ကြရင် ပြန်ပြီး merge ဖို့ အလားအလာရှိပါတယ်။ ဒါကြောင့် ES6 ဟာ အနှေးနဲ့ အမြန် ကျွန်တော်တို့ ကြည့်ထားဖို့ လိုပါလိမ့်မယ်။ အခုမဟုတ်ရင်တောင် ကျွန်တော်တို့ တချိန်မှာ အသုံးဝင်လာပါလိမ့်မယ်။

Block Scope

Javascript ဟာ တကယ်တော့ ပြီးပြည့်စုံတဲ့ language တဲ့တစ်ခု မဟုတ်ပါဘူး။ ပြောသာ ပြောတာ ပြီးပြည့်စုံတဲ့ language ဆိုတာ အပြင် မှာ မရှိပါဘူး။ အဲဒီ အပြစ်အနာအဆာတွေထဲက တစ်ခုကတော့ Javascript ရဲ့ scope ပါပဲ။ Javascript ရဲ့ scope အားနည်းချက်တွေကြောင့် Javascript ဟာ Global variable pollution ဖြစ်တဲ့လို့ နာမည်ကြီးပါတယ်။ အဲဒီ အချက်တွေကို ဒီ ES6 မှပဲ ပြင်နိုင်တာပါ။ ES5 မှာ အထိ Javascript ရဲ့ scope ဟာ block scope မဟုတ်ပါဘူး ၊ function scope ပါ။ ကျန်တဲ့ language အတော်များများဟာ တကယ်တမ်း ပို အဆင်ပြေတဲ့ block scope ကို အသုံးပြုပါတယ်။ Javascript မှာတော့ ယခုလက်ရှိ ES6 မှသာ Block scope ကို support ပေးတာဖြစ်ပါတယ်။ ပိုရှင်းသွားအောင် အောက်က ဥပမာကို ကြည့်ပါ။

အပေါ်က ဥပမာဟာ ကျွန်တော် list ဆိုတဲ့ object array တစ်ခုယူပြီး အကုန်လုံးမှာ name နဲ့ email ဆိုတဲ့ attribute တွေကို ဖြည့်လိုက်တာပါ။ အပြင်မှာ ကျွန်တော် j ဆိုတဲ့ object ကို အလုပ်လုပ်သေးလားဆိုတာ စမ်းပြီး log ထုတ်ကြည့်တာပါ။ String value ဖြစ်တဲ့ “Okkar” ဆိုတဲ့ နာမည်က ရမှာပါ။ တကယ်ဆိုရင် j ဆိုတဲ့ value က သုံးပြီးသွားပြီ ဖြစ်လို့ မလိုတော့ပါဘူး။ ES5 မှာဆိုရင် အဲဒါကို ရှင်းဖို့အတွက် j ကို null ဒါမှမဟုတ် undefined ပြန်ထည့်ပေးသင့်ပါတယ်။ မထည့်လည်း ဘာမှတော့ မဖြစ်ပါဘူးသို့ memory မှာ allocate လုပ်ထားတာဖြစ်လို့ မလိုတာတွေ မလုပ်တာဟာ အကောင်းဆုံးပါပဲ။ တချို့ကလည်း empty value တစ်ခုခုကို assign မလုပ်ပဲနဲ့

delete j;

ဆိုပြီး လုပ်တက်ကြပါတယ်။ သုံးလို့တော့မရတော့ပေမယ့်ကောင်းတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ delete keyword ဟာ နာမည်နဲ့လိုက်အောင် တကယ်ဖျက်လိုက်တာ မဟုတ်ပါဘူး။ reference လုပ်ထားတာကိုပဲ ပယ်ဖျက်လိုက်တာပါ။ တကယ်လို့ j ကို delete လုပ်လိုက်ရင်တော့ j ကိုခေါ်ရင်တော့ empty ဖြစ်နေမှာ ဖြစ်ပေမယ့် တကယ်တမ်း memory ရဲ့ တနေရာမှာ name နဲ့ address ဟာ ရှိနေတုံး ဖြစ်ပါတယ်။

Let

အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ES6 မှာ let ဆိုတဲ့ keyword ကို အသုံးပြုနိုင်ပါတယ်။ let ဟာ var နဲ့မတူတာက function scope မဟုတ်ပဲ block scope ဖြစ်ပါတယ်။ let ဟာ သူနဲ့အနီးဆုံးရှိတဲ့ {} နှစ်ခုကြားထဲမှာ အလုပ်လုပ်တာ ဖြစ်ပြီး var ကတော့ အနီးဆုံး function ရဲ့ scope မှာ အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အပေါ်ကလိုမျိုး အခြေအနေမျိုးမှာ let ကို အသုံးပြုတာဟာ အတော်လေးကို သက်တောင့်သက်သာ ဖြစ်ပြီး အဆင်လည်း ပြေပါတယ်။

အပေါ်က code မှာဆိုရင် log ထဲမှာက undefined ပဲပေါ်မှာပါ။ block scope အတွင်းကဟာကို run ပြီးတာနဲ့ let ကို destroy လုပ်လိုက်ပါတယ်။ မလိုအပ်ပဲ memory မှာ allocate မလုပ်ထားတဲ့ အတွက် performance အတွက် ပိုပြီး ကောင်းလာမှာပါ။ ဒါအပြင် မလိုအပ်ပဲ variable pollute ဖြစ်တာကနေ တားဆီးနိုင်ပါတယ်။

Default Parameter

default parameter ဟာ တခြား language တွေမှာ အသုံးပြုနိုင်ပေမယ့် Javascript မှာ အသုံးမပြုနိုင်သေးတဲ့ feature ပါ။ javascript မှာ default parameter မပါတဲ့အတွက် assign value တွေ သတ်မှတ်တဲ့ အခါက အောက်က အတိုင်း လုပ်ရပါတယ်။

ဒါမှမဟုတ် ပိုပြီးတိုသွားအောင် developer အတော်များများက အောက်ကအတိုင်းရေးကြပါတယ်။

သို့သော် ဘယ်လိုပဲလုပ်လုပ် native support လုပ်ရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ ES6 မှာတော့ အောက်ကအတိုင်း အသုံးပြုလို့ရတော့မှာပါ။

Rest Parameter

Rest Parameter လိုသဘောတရားမျိုးဟာ Java လို Language မျိုးမှာ ပါတာကြာလှပါပြီ။ သင့်အနေနဲ့ number တွေထည့်သလောက်ပေါင်းထည့် သွားမယ့် function တစ်ခု ရေးမယ်ဆိုပါစို့။ အရင်ဆုံး ဂဏန်း နှစ်လုံးအတွက်ဆို အောက်က အတိုင်း ရေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အပေါ်က code ဟာ ဂဏန်းနှစ်လုံးအတွက်ပဲ မှန်မှာ ဖြစ်ပါတယ်။ ဂဏန်းသုံးလုံးအတွက်ဆိုရင် parameter သုံးခု သုံးရမှာဖြစ်ပြီး လေးခုဆိုရင် လေးခုပေါ့။ ဘယ်နှစ်လုံးပါမလဲ မသိတဲ့ အနေအထားမှာဆိုရင် မသေချာပါဘူး။ အဲဒီလို အခြေအနေမျိုးအတွက် အောက်ကလို ရေးနိင်ပါတယ်။

အပေါ်က ဥပမာ မှာ array ကိုအသုံးပြုပြီး loop ပတ်ကာ result အနေနဲ့ ပြန်ထုတ်ပေးလိုက်ပါတယ်။ နောက် တစ်မျိုး ဒီလို ထပ်ရေးလို့ရပါသေးတယ်။

Javascript မှာ function တစ်ခုခေါ်လိုက်တိုင်း this နဲ့ arguments တို့ကို အသုံးပြုလို့ရပါတယ်။ this က object ရဲ့ member variable တွေ function တွေကို ခေါ်တဲ့နေရာအမှာ အသုံးပြုနိုင်ပါတယ်။ Javascript မှာ function တိုင်းဟာ object ဖြစ်တဲ့ object behaviour တွေပါဝင်ပါတယ်။ arguments ကတော့ တကယ်တမ်း function ကို pass လုပ်လိုက်တဲ့ argument တွေကို array အနေနဲ့ဝင်လာတာပါ။ ပုံမှန်အခြေအနေမှာ အတော် အသုံးဝင်ပေမယ့် ရှုပ်ထွေးလာတဲ့ အချိန်မှာတော့ အဆင်မပြေတော့ပါဘူး။

အပေါ်က functionမှာဆိုရင် error တက်မှာဖြစ်ပါတယ်။ arguments function ရဲ့ နောက်ဆုံး parameter ဟာ number type မဟုတ်တဲ့အတွက်ပါ။ အဲဒီလို ပြဿနာမျိုးကို ဖြေရှင်းလို့ရပေမယ့် parameter များလာတဲ့အမျှ ပိုရှုပ်ထွေးလာပါတယ်။ အဲဒါအပြင် code ရဲ့ readability လည်းကျပါတယ်။ တကယ်လို့ ES6 မှာဆိုရင် အောက်က အတိုင်းလုပ်လို့ရပါတယ်။

Spread

…variable ဟာ argument တွေ passing လုပ်တဲ့နေရာသာမက ကျန်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ဥပမာ သင့် အနေနဲ့ array နှစ်ခုကို ပေါင်းချင်တယ်ဆိုပါစို့။

…variable ကိုကြားကနေ assign လုပ်ပြီး ပေါင်းလို့ရပါတယ်။

For…of

Javascript မှာ key value တွေအတွက် သာမန် for loop တွေသာမက for…in လိုမျိုး loop တွေရှိပါတယ်။

သာမန် for loop တွေနဲ့ ရေးရတာ ရှင်းပြီး powerful လည်းဖြစ်ပါတယ်။ ဒါပေမယ့် key ကိုလိုချင်ရင် တန်းရပေမယ့် value ကိုလိုချင်တဲ့ အခါ အပေါ်ကလိုမျိုး ပြန်ထောက်ရပါတယ်။ လွယ်ကူတဲ့ array တွေမှာ မသိသာပေမယ့် nested array တွေမှာဆိုရင် memory ကိုမလိုအပ်ပဲ သုံးရပါတယ်။ အဲဒီဟာကို ဖြေရှင်းဖို့အတွက် for…of loop ကိုသုံးနိုင်ပါတယ်။

key ကိုလိုချင်ရင် for…in ၊ value ကိုလိုချင်ရင် for…of ကိုသုံးရုံပါပဲ။

ES6 မှာ feature တွေက ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ အများကြီး ကျန်ပါသေးတယ်။ တချို့ concept တွေကတော့ code sample ကြည့်တာနဲ့သဘောပေါက်နိုင်ပြီး တစ်ချို့ဟာတွေကတော့ စာပြန်ဖတ်ယူရပါတယ်။ အပေါ်က feature တွေနဲ့ ပတ်သတ်ပြီး အရင်နှစ်ပတ်လောက်က Phandeeyar မှာ ကျွန်တော် Introduction to ES6 ဆိုပြီး ပြောတဲ့ထဲက ဟာတွေပါပဲ။ ပြန်ရှင်းဖို့လိုလောက်တာတွေကို article အနေနဲ့ရေးလိုက်ပါတယ်။ ကျန်တဲ့ code ကြည့်တာနဲ့ နားလည်လောက်တာတွေကိုတော့ ကျွန်တော် slide ကိုပဲကြည့်စေချင်ပါတယ်။နောက်တစ်ပိုင်းမှာတော့ ကျွန်တော် Phandeeyar မှာ မပြောဖြစ်ခဲ့တဲ့ အပိုင်းတွေကို ရေးဖို့ကြိုးစားပါ့မယ်။ ကျေးဇူးတင်ပါတယ်။

--

--