Process Killing in Mac

Kelvin Morris
In burmese
Published in
1 min readJul 4, 2015

World of tank က XVM သွင်းပြီး နောက်ပိုင်း ခဏခဏ crush တယ်။ Native app မဟုတ်ပဲနဲ့  Wine လိုမျိုး VM wrapper တစ်ခုခု သုံးတာကြောင့်လည်း ဖြစ်လိမ့်မယ်။ crush ပြီးထွက်သွားတဲ့အခါတိုင်း ပြန်ဝင်ရင် application is running ဆိုပြီးပြတယ်။ အဲဒါကို ရှင်းဖို့ရာ computer ကို restart ချပြီးမှ ဝင်ချင်ရင်ဝင် ဒါမှမဟုတ် အဲဒီ process တွေ kill ပြီး ဝင်မှရမယ်။ process တွေ kill ဖို့ ရာလည်း window လိုမျိုး task manager process တွေ run တာကို ကြည့်တဲ့ tab ကို မတွေ့ မိဘူး။ အဲဒါနဲ့  terminal မှာ

ps aux | grep world

ဆိုပြီး ကြည့်လိုက်တော့ run ထားတဲ့ process က လေးငါးခြောက်ခုလောက် ရှိတယ်။ အဲဒါနဲ့  ထိုင်ပြီး kill လိုက်တော့ အဆင်ပြေတဲ့ အခါလည်း ရှိတယ်။ ဒါပေမယ့် process တစ်ခုက သေသွားပေမယ့် master process က မသေတဲ့အခါ respawn လုပ်လိုက်တာနဲ့ ကို ဘယ်တော့မှ မပြီးပြတ်တော့ဘူး။ zombie တွေကို shotgun နဲ့  ပစ်ရသလိုပါပဲ။ အဲဒီတော့ GUI နဲ့  Process Manager နဲ့ ဆိုရင်လည်း kill ဖို့ ရာ အခက်အခဲ ရှိလိမ့်မယ်။ အဲဒါနဲ့ ပဲ grep ကပြတဲ့ process ကို သူဟာသူ တန်း kill လို့ ရအောင် script လေးဘာလေး ရေးဖို့ စဉ်းစားမိတယ်။ stackoverflow မှာလည်းရှာရော ဒီလိုလေးလုပ်လိုက်တယ်။

ps aux | grep world | $(awk ‘{print “kill -9” $2}’)

အဲဒီ file ကို save ထားတာပေါ့။ ဥပမာ aa.txt ပေါ့။ ပြီးမှ သုံးချင်ရင် . ~/aa.txt ဆိုပြီးလှမ်းခေါ်ပေါ့။ ဒါပေမယ့် မလှဘူး စဉ်းစားပြီး alias လုပ်လိုက်တယ်။ အောက်ကလို

alias killpro = “. ~/aa.txt”

ဒါဆို killpro လို့  terminal မှာရိုက်လိုက်ရုံပဲ။ ခက်တာက အဲဒီလိုလုပ်တာက အမြဲမရဘူး။ terminal ကိုပိတ်လိုက်ပြီး နောက်တစ်ခေါက်ထပ်သုံးရင် မမှတ်မိတော့ဘူး။ အမြဲရချင်ရင် အတွက် အမြဲ register လုပ်ပေးမယ့် .bash script တွေထဲမှာ သွားပြီး ကြေညာ ပေးရတယ်။ ဒီနေရာမှာ ကျွန်တော်ကတော့ .bash_profile လို့ပဲ သုံးလိုက်တယ်။

vi ~/.bash_profile

ပြီးရင် အထဲမှာ အပေါ်ကဟာကို ရိုက်ပြီး save လိုက်ရင် ရပြီ။ ရေးနေရင်း စဉ်းစား မိတာက World of Tank တစ်ခုထဲအတွက်မဟုတ်ပဲ ကျန်တဲ့ application တွေ kill လုပ်ဖို့ လည်း သုံးလို့ ရအောင် hardcode လုပ်တဲ့အပိုင်းလေးကို နည်းနည်းပြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အောက်ကအတိုင်းပေါ့။

ps aux | grep $1 | $(awk ‘{print “kill -9” $2}’)

ဒါဆိုရင်တော့ killpro [kill ချင်တဲ့ process] ဆိုပြီး လုပ်ရင်ရပါပြီ။

--

--