Influencer Marketing အမှားများ
လုပ်ငန်းရှင်တော်တော် များများဟာ Influencer Marketing လုပ်တော့မယ်ဆိုရင် Marketing အမြင်တစ်ခုထဲနဲ့ ကြည့်မိလို့ အမှားအယွင်းတွေ များစွာနဲ့ လုပ်ငန်းရော၊ Influencer တွက်ပါ အကျိုးမရှိပဲ ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ Influencer Marketing လုပ်တဲ့ အခါမှာ မှားယွင်းတတ်တဲ့ အကြီးမားဆုံး အချက် အချို့ကို ဖော်ပြလိုက်ပါတယ်။
သင့်တော်သော Influencer ကိုရွေးခြယ်ပါ
အရေးကြီးဆုံး အချက်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ လုပ်ငန်း၊ သင့်ရဲ့ ထုတ်ကုန်နဲ့ အမှန်တကယ် လိုက်ဖက်ပြီး သင့်တော်တဲ့ Influencer ကိုရေးခြယ်ဖို့ လိုအပ်ပါတယ်။ Beauty blogger တစ်ယောက်ကို သင့်ရဲ့ ခရီးသွား လုပ်ငန်းတွက် မရွေးခြယ်သင့်ဘူးဆိုတာ သင်လဲ သိပြီးသားပါ။ ဒီအပြင် သင့်ရဲ့ ဖောက်သည်တွေ အများဆုံးရှိတဲ့ channel ပေါ်မှာ ရှိနေတဲ့ Influencer ဖြစ်ဖို့လဲ လိုပါသေးတယ်။ သင့်ရဲ့ ဖောက်သည် အများစုဟာ Facebook ပေါ်မှာ ရှိနေပေမယ့် သင်ရွေးခြယ်တဲ့ Influencer ဟာ Youtube ပေါ်မှာ ရှိနေတဲ့ Influencer ဆိုလဲ အဆင်မပြေနိုင်ပါဘူး။
Follower များတိုင်း အဆင်ပြေမှာ မဟုတ်ပါဘူး
Follower များတဲ့ Influencer ဆိုတာ အကြမ်းဖျင်းအားဖြင့် ကြော်ငြာတွက် ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် content idea ကောင်းကောင်းမရှိတာ၊ သူ့ရဲ့ follower တွေတွက် တန်ဖိုးရှိတာတွေ မပေးနိုင်တာ ဒါမှမဟုတ် follower တွေဟာ မျိုးစုံရှိနေတယ်ဆိုရင်တော့ အရမ်း အဆင်ပြေမှာ မဟုတ်ပါဘူး။ Influencer ရဲ့ image ကြောင့်သင့်ရဲ့ လုပ်ငန်း၊ သင့်ရဲ့ ထုတ်ကုန် ကိုလဲ လာရောက် ထိခိုက်နိုင်ပါတယ်။
မျှတတဲ့ goal တွေနဲ့ နှစ်ဖက်လုံး အလုပ်လုပ်ပါ
သင်လိုချင်တဲ့ goal တွေ KPI တွေကိုပဲ Influencer ကိုသွားပေးလို့ မရပါဘူး။ Influencer တွေဟာ သူတို့ရဲ့ audience အကြောင်းကို သင်တို့ထက် ပိုသိပါတယ်။ နှစ်ဦး နှစ်ဖက်မျှတတဲ့ goal တွေ သက်မှတ်ပြီး နှစ်ဦး နှစ်ဖက် အကျိုးရှိမယ့် Win Win marketing ပုံစံ ပိုဖြစ်သင့်ပါတယ်။
Influencer ကို လွတ်လပ်ခွင့်ပေးပါ
ဘယ်လို ပုံစံမျိုးလိုချင်တယ်ဆိုတာ Influencer ကို သင်ညွှန်ကြားလို့ရပါတယ်။ ဘယ်လို ပုံစံမျိုး ရေးသားရမယ် ဆိုတာမျိုး၊ ဘယ်လို ပုံလေးတွေ တင်သင့်တယ် ဆိုတာမျိုး သင်ညွှန်ကြားဖို့ မလိုအပ်ပါဘူး။ Influencer ဟာသူ့ရဲ့ audience ကိုသင့်ထက် ပိုပြီး နားလည်ပါတယ်။ Influencer ကို စိတ်ကြိုက် လုပ်ခွင့်ပေးတာမျိုးလဲ မဟုတ်ပါဘူး။ သင့်လုပ်ငန်းရဲ့ ဦးတည်ချက်နဲ့ audience နားလည်မှု မလွဲသွားအောင်တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ လုပ်ငန်းအကြောင်းကို အကြိမ်အရည်အတွက် များများ ပြောခိုင်းတာမျိုး၊ သင့်ရဲ့ ဆိုင်မှာ check-in ခဏခဏ လုပ်ခိုင်းတာမျိုးကို ရှောင်ဖို့တော့ အထူးလိုအပ်ပါတယ်။
လူကြီးမင်းအနေနဲ့ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံး Influencer Marketing Agency ကို ရှာနေရင်တော့ www.influenstars.net ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။