Influencer Marketing Agency အသုံးပြုခြင်းရဲ့ ကောင်းကျိုး
Brand အသစ်တစ်ခုအတွက် Influencer Marketing စတင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူဘဲ
ဆုံးရှုံးမှုတွေ၊ ရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။ ဒါတွေကို ကျော်လွှားပြီး ချောချောမွေ့မွေ့နဲ့ ကိုယ့်ရဲ့ Brand ကို ဖောက်သည်တွေဆီ အရောက်သယ်ဆောင်နိုင်ဖို့ အကောင်းဆုံးအဖြေကတော့
စိတ်ချယုံကြည်ရမယ့် Influencer Marketing Agency တစ်ခုရွေးချယ်ခြင်းပါ။
(၁) အချိန်ကုန်၊ ငွေကုန်သက်သာခြင်း
လူတွေစတင်သတိမထားမိသေးတဲ့ ကုမ္ပဏီတစ်ခုအတွက် Influencer Marketing စဖို့ဆိုတာ
စဉ်းစားချိန်အတော်ယူရပါတယ်။ တကယ်လို့ Influencer နဲ့တွဲခဲ့သည်ရှိသော်လည်း In-house ပဲလုပ်ဦးမယ်ဆိုရင် Copywriter, Photographers, Designer နဲ့ အခြား Specialists တွေ စတဲ့ ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ ထည့်သွင်းစဉ်းစားရပါတော့မယ်။ Influencer Marketing Agency ဟာ Influencers တွေနဲ့ကောင်းမွန်စွာ ဆက်ဆံနိုင်ပြီး Specialist တွေများစွာရှိတဲ့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာစေချင်သူတွေရွေးချယ်သင့်တာပေါ့။
(၂) Influencer Marketing Expert တွေနဲ့အတူအလုပ်လုပ်ရခြင်း
Influencer Marketing ဆိုတာ ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေအတွက် စာမျက်နှာသစ်တစ်ခုပါ။ အရင်တုန်းကမရှိခဲ့ဘူး ဆိုလိုတာမဟုတ်ဘဲ Digital ခေတ်ရောက်မှ ပိုမိုကျယ်ပြန့်လာတဲ့သဘောပါ။ သင့်တော်တဲ့ Influencer တွေနဲ့ ဘယ်လိုပူးပေါင်းဆက်သွယ်မလဲ၊ ရင်းနှီမှုဘယ်လိုစတင်မလဲ မသိသူတွေအတွက် Influencer Marketing Agency က Specialist တွေနဲ့ စတင်တာအကောင်းဆုံးပါ။ ဘယ်လိုထိရောက်တဲ့ Campaign တွေ၊ နောက်ဆုံး Trend တွေပါကောင်းကောင်းသိတဲ့သူတွေဖြစ်တဲ့ အပြင် Follower အတုယောင်တွေကြောင့် အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်တွေနဲ့ နာမည်ရနေတဲ့ Influencer တွေကိုပါကောင်းစွာခွဲခြားနိုင်တာကြောင့် သင့်လုပ်ငန်းအတွက် အကျိုးယုတ်စေမှာမဟုတ်ပါဘူး။
(၃) Marketing Campaign တွေမှာ ဆက်လက်အသာစီးရခြင်း
Influencer Marketing Agency တစ်ခုကိုရွေးချယ်ပြီး Influencer Campaign တွေပြုလုပ်ခြင်းဟာ
ခိုင်မာတဲ့ ဖောက်သည်တွေရရှိမယ့် အတွေ့အကြုံတစ်ခုပါ။ သင့်ရဲ့ Brand Audience နဲ့ ဘယ်သူက
အလုပ်လုပ်လို့ ကောင်းမလဲဆိုတာ ကောင်းစွာသိသူတွေဖြစ်ပါတယ်။
(၄) Personal Relationship တည်ဆောက်နိုင်ခြင်း
Influencer Marketing Agency တွေနဲ့ ရေရှည်ဆက်ဆံရေးတစ်ခုတည်ဆောက်ခြင်းရဲ့အားသာချက်ကတော့ Influencer တွေကတစ်ဆင့် သင့်ရဲ့ ထုတ်ကုန်အကြောင်းပြောရပိုလွယ်သွားပါတယ်။ Influencer Agency ဟာ သင့် Brand ရဲ့ ပန်းတိုင်၊ ပေးချင်တဲ့ Message တွေကို နက်နက်နဲနဲ သိသူတွေဖြစ်လို့ ဖောက်သည်တွေနဲ့ အောင်မြင်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်မှာပါ။ သူတို့ကိုတိုင်ကလည်း Influencer တွေအကြောင်းကောင်းစွာသိပြီး သင့်ကုမ္ပဏီ Culture နဲ့လိုက်ဖက်ညီတဲ့ သူရှာနိုင်တာကြောင့် Campaign တိုင်းက အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။
(၅) အမြဲဆန်းသစ်နေတဲ့ အရည်အသွေးမြှင့် Content များရရှိနိုင်ခြင်း
မျက်စိပသာဒဖြစ်စေမယ့် ဒီဇိုင်းတွေနဲ့အတူ ဖတ်ချင်စရာကောင်းတဲ့ Content၊ စိတ်ဝင်စားမှုတွေယူဆောင်ပေးမယ့် Video တွေထုတ်လုပ်ပေးနိုင်တာ Influencer Marketing Agency တွေရဲ့ တီထွင်ကြံဆစွမ်းရည်တွေပါ။ Influencer တွေက ဘာတွေထုတ်လုပ်ပေးနိုင်လည်းဆိုတာ အကဲဖြတ်ပြီး ထပ်ဆင့် Creative Idea တွေဖန်တီးပေးနိုင်တာကြောင့် Double Creation တွေဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါတွေကတော့ Influencer Marketing Agency နဲ့အလုပ်အတူတူတွဲလုပ်မယ်ဆိုရင် ခံစားရမယ့် အကျိုးကျေးဇူးတွေပါ။ လူကြီးမင်းအနေနဲ့ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံး Influencer Marketing Agency ကို ရှာနေရင်တော့ www.influenstars.net ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။