Influencers Marketing

Zaw Min Tin
influenstars
Published in
1 min readNov 25, 2018

MEGA INFLUENCER

Mega Influencers ဆိုတာ နာမည်ကြီး အနုပညာရှင်လို လူမျိုးတွေကို ရည်ညွှန်းတာပါ။ Social media တွေပေါ်မှာ follower 10,000,000 ကျော်ရှိကြသူတွေပါ။ Mega influencers marketing လုပ်မယ်ဆိုရင်တော့ နာမည်ကြီးတွေကို အသုံးပြုတာဖြစ်တဲ့အတွက် သင့်လုပ်ငန်းအတွက် အသုံးပြုလိုက်တဲ့ Influencer ကို အားကျ အတုယူနေတဲ့ လူတွေရဲ့ ယုံကြည်မှုကိုပါ သင့်လုပ်ငန်းက ရရှိလာနိုင်ပါတယ်။

MACRO INFLUENCER

ဒုတိယ တစ်ခုကတော့ Macro Influencers တွေဖြစ်ပါတယ်။ Social media တွေပေါ်မှာ follower 100,000 ကနေ 10,000,000 ရှိကြသူတွေပါ။ သူတို့ဟာ နယ်ပါယ်တစ်ခုမှာ လူသိများ နာမည်ကြီးကြသူတွေပါ။ သင့်ရဲ့ ကုန်ပစ္စည်း အသစ်တစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှု တစ်ခုကို ကြော်ငြာဖို့ အတွက် အကောင်းဆုံး Influencer တွေပါ။

MICRO INFLUENCER

Micro Influencer ဆိုတာ social media တွေပေါ်မှာ follower 5,000 ကနေ 100,000 ကြားရှိကြသူတွေပါ။ ဒါကြောင့် သူတို့ဟာ MEGA နဲ့ MACRO တို့ထက် သူတို့ရဲ့ follower တွေ အကြောင်းကို ပိုသိပါတယ်။ Content marketing လိုမျိုး campaign တွေနဲ့ တွဲဖက် အသုံးပြုရင် အကောင်းဆုံး ဖြစ်ပြီး B2B Marketing တွေအတွက် ဆိုလဲ အဆင်ပြေတဲ့ Influencer တွေပါ။

EVERYDAY INFLUENCER

Everyday Influencer ဆိုတာ social media အသုံးပြုသူအားလုံးနည်းပါး ကိုသတ်မှတ်လို့ရပါတယ်။ သူတို့ရဲ့ follower အများစုဟာလဲ social media ပေါ်က သူငယ်ချင်း အဆင့်မဟုတ်ပဲ အပြင်မှာပါ ခင်ကြ သိကြတဲ့ လူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပင်ကိုယ် စရိုက်ပေါ် မူတည်ပြီး content marketing တို့ review ရေးခိုင်းတာတို့ အတွက် အဆင်ပြေတဲ့ Influencer တွေပါ။

Influenstars ဆိုတာ မြန်မာနိုင်ငံနဲ့ အလိုက်ဖက်ဆုံး influencer marketing agency တစ်ခုဖြစ်ပါတယ်။ Blogger တွေ Vlogger တွေနဲ့ Influencer တွေနဲ့ သင့်ရဲ့ လုပ်ငန်းအကြောင်း သတင်းစကား ပါးနိုင်ဖို့ အကောင်းဆုံး နေရာဆိုတာ Influenstars ပါ။

--

--

Zaw Min Tin
influenstars

Entrepreneurs. Founder of Pixellion 360. @skipsoft