Data Binding
Ye Min Ko
Learn Ng
Published in
3 min readApr 27, 2021
Photo by Khara Woods on Unsplash
What is Databinding?
Template (HTML) နဲ့ Business Logic (TypeScript Code) တို့အကြား အပြန်အလှန် ဆက်သွယ်နိုင်တဲ့ နည်းလမ်းဖြစ်တယ်။
Databinding လေးမျိုး
String Interpolation
String Interpolation ဆိုတာ output ထုတ်ပြချင်တဲ့ data ကို string အဖြစ်သို့ convert လုပ်လိုက်ပြီး HTML မှာပြသနိုင်အောင် လုပ်ဆောင်ပေးတာပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် TypeScript က data ကို HTML မှာ ထုတ်ပြချင်ရင် သုံးတယ်။
TypeScript
name: string = "Mg Mg";
HTML
{{name}}
{{'Hello ' + name}}
ဒီလိုမျိုး variable တွေကို ထုတ်ပြနိုင်ရုံသာမက expression တွေ method call တွေပါရေးနိုင်ပါတယ်။ ဥပမာ ternary expression နဲ့အခုလို ရေးနိုင်တယ်။
TypeScript
status: string = "Online";
show: boolean = true;
HTML
{{show ? status : ''}}
Method call လုပ်ပြီး return ပြန်ပေးတဲ့ data ကိုပြချင်ရင် ဒီလိုရေးနိုင်တယ်။
TypeScript
greet(): string {
return "Welcome";
HTML
{{greet()}}
Property Binding
TypeScript က data ကို HTML attribute မှာ bind လုပ်ချင်ရင် သုံးတယ်။ data တွေကို dynamic reload လုပ်ပေးနိုင်တယ်။ HTML attribute တွေအပြင် directive တွေ၊ custom component တွေကို data bind လုပ်တဲ့နေရာမှာလည်း အသုံးပြုပါတယ်။
TypeScript
name: string = "Mg Mg";
HTML
ဥပမာစမ်းသပ်ဖို့ servers.component.html မှာအခုလိုရေးပါ။
<app-server></app-server>
<app-server></app-server>
disabledဆိုတာ HTML attribute တစ်ခုပါ။ ဒီ attribute ကို data bind လုပ်ဖို့ [ ] ထဲထည့်လိုက်ပြီး ညာဘက်ခြမ်းမှာ variable ကို ထည့်လိုက်တာ ဖြစ်ပါတယ်။
servers.component.ts ထဲမှာတော့အခုလိုရေးပါ။
allowNewServer: boolean = false;
constructor() {
setTimeout(() => {
this.allowNewServer = true;
}, 3000);
allowNewServer ဆိုတဲ့ boolean တစ်ခုကိုကြေငြာပြီး falseထည့်ထားပါတယ်။ constructor ထဲမှာ setTimeout()နဲ့ ၃စက္ကန့်ကြာရင် boolean ထဲကို true ထည့်ပေးဖို့ရေးထားပါတယ်။ run ကြည့်လိုက်ရင်တော့ button သည် run ပြီး ၃စက္ကန့်ကြာမှ နှိပ်လို့ရသွားမှာကို တွေ့ရမှာပါ။
dynamic updating template
အကယ်၍ variable ကို bind လုပ်ချင်တာမဟုတ်ပဲ ရိုးရိုး string ကိုသာ bind လုပ်ချင်ရင် [] မလိုအပ်ပါ။ ဥပမာ —
HTML
ဒီနည်းနဲ့ TypeScript ကနေ template က data တွေကို လွယ်ကူစွာ manipulate လုပ်နိုင်မှာဖြစ်ပါတယ်။
Event Binding
HTML က user event တွေကို TypeScript ကကိုင်တွယ်ဖို့အတွက်သုံးတယ်။
HTML
TypeScript
alert() {
စမ်းသပ်ဖို့အတွက် servers.component.html မှာအခုလိုရေးပါ။
Add Server
{{ serverCreationStatus }}
<app-server></app-server>
<app-server></app-server>
Add Server button ကိုနိုပ်ရင် onCreateServer() method ကို ခေါ်ပေးစေဖို့အတွက် (click) ဆိုတဲ့ event binding ကိုသုံးပြီး ရေးထားတာကို တွေ့ရမှာပါ။
ထဲမှာ serverCreationStatusvariable ကို string interpolation သုံးပြီး ထုတ်ထားပါတယ်။ ပြီးရင်တော့ servers.component.ts မှာအခုလိုရေးလိုက်ပါ။
serverCreationStatus: string = 'No server was created!';onCreateServer() {
this.serverCreationStatus = 'Server was created!';
serverCreationStatusvariable ကိုကြေငြာပြီး onCreateSever()method ကိုခေါ်တဲ့ အခါ variable ထဲက တန်ဖိုးကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ပြီးရင်တော့ run ကြည့်လိုက်ပါ။ button enable ဖြစ်သွားလို့ click နိုပ်လိုက်တဲ့အခါ
မှာထုတ်ထားတဲ့ စာက ပြောင်းလဲသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။
Event Binding
Two-way Databinding
TypeScript နဲ့ HTML နှစ်ဘက်လုံးစလုံး data အပြန်အလှန် ချိတ်ဆက် လုပ်ဆောင်ဖို့အတွက် သုံးတယ်။ အသုံးပြုဖို့အတွက် FormModulesကို app.module.ts မှာ import လုပ်ပေးထားဖို့လိုတယ်။
@NgModule({
imports: [FormModules],
import လုပ်ပြီးရင် အခုလို ရေးပြီးစမ်းပါ။
HTML
TypeScript
name: string = "Mg Mg";
name variable ကို HTML ဘက်ကပြင်လိုက်ရင် TypeScript ဘက်မှာ update လုပ်ပေးသလိုပဲ TypeScript ဘက်ကပြင်လိုက်ရင်လည်း HTML ဘက်မှာ update လုပ်ပေးမှာဖြစ်ပါတယ်။
Practice
• Server Name ကို input box နဲ့တောင်းယူပြီး variable တစ်ခုထဲမှာသိမ်းထားပါ။
• Add Server ကိုနှိပ်လိုက်ရင် server create လုပ်ပြီးကြောင်း server name နဲ့တကွဖော်ပြပါ။
Assignment
• Username ကိုတောင်းယူပြီး output ပြန်ထုတ်ပြပါ။
• reset button တစ်ခုကို ထည့်ပါ။ button ကို input box ထဲမှာ data ရှိမှ နှိပ်လို့ရအောင်လုပ်ပါ။
• button ကိုနှိပ်ရင် username ကို reset လုပ်လိုက်ပါ။
Ye Min Ko
Learn Ng
🌐 Web Developer | 👀 Self-Learner | 👨‍💻 An Introvert