Route တွေခွဲပြီး pages သတ်မှတ်နိုင်ပြီဆိုရင် route ကနေ data တွေသယ်ယူပုံကိုလေ့လာရမှာ ဖြစ်ပါတယ်။
Passing Parameters
AppModule
မှာ route အသစ်တစ်ခု ထပ်ထည့်ပါမယ်။
const appRoutes: Routes = [
path: 'users/:id',
component: UserComponent,
:id
ဆိုတာ data လက်ခံဖို့ variable ကြေငြာလိုက်တာပါ။ id
နေရာမှာကြိုက်တဲ့နာမည် ပြောင်းရေးလို့ရတယ်။ အလုပ်လုပ်ပုံကတော့ —
localhost:4200/users/something
ဆိုရင် something ကို id
variable ထဲထည့်ပေးမှာပါ။
localhost:4200/users/1
ဆိုရင် 1 ကို ရရှိမှာပါ။
ဒီ route ကိုခေါ်ရင် UserComponent
ကိုပြပေးဖို့ ရေးထားပါတယ်။ Browser URL မှာ localhost:4200/users/1
လို့ရေးရင် အခုလို တွေ့ရမှာပါ။
Fetching Parameters
Route မှာထည့်ပေးလိုက်တဲ့ parameter ကို ရယူဖို့အတွက် UserComponent
မှာ အခုလိုရေးပါ။
HTML
User id is: {{ user.id }}
User Name is: {{ user.name }}
TypeScript
user: User = {
id: -1,
name: '',
constructor(private route: ActivatedRoute) {}ngOnInit() {
this.user = {
id: this.route.snapshot.params['id'],
name: this.route.snapshot.params['name'],
ActivateRoute
ရဲ့ snapshot
ကတစ်ဆင့် param ထုတ်ယူထားတာ တွေ့ရမှာပါ။
ဒီနေရာမှာ name ကိုပါ ထုတ်ယူထားတာမလို့ AppModule
မှာအခုလို ပြင်ရေးပါ။
const appRoutes: Routes = [
path: 'users/:id/:name',
component: UserComponent,
ပြီးရင်တော့ browser မှာ localhost:4200/users/1/Maung
လို့ခေါ်ရင် အခုလိုပြပေးမှာပါ။
ဒီနည်းနဲ့ parameter တွေကို ရယူနိုင်မှာဖြစ်ပါတယ်။
Fetching Parameters Reactively
လက်တွေ့သိရှိနိုင်ဖို့ UserComponent
မှာ အခုလိုရေးပါ။
routerLink
ကို property binding ပုံစံရေးလိုက်တာကြောင့် path ကို control လုပ်လို့ရသွားပါတယ်။ အခုလိုရေးလိုက်ရင် localhost:4200/users/2/Anna
ကိုခေါ်ပေးမှာဖြစ်ပါတယ်။
Load Anna ကိုနှိပ်ရင်အခုလို URL ပြောင်းသွားတာတွေ့ရမှာပါ။
URL ပြောင်းသွားပေမဲ့ user id နဲ့ name မပြောင်းသွားပါ။ ဘာလို့လဲဆိုတော့ Angular က route အတွက် သတ်မှတ်ထားတဲ့ component ကို load လုပ်ပြီးသွားရင် ထပ်ပြီး မလုပ်ပေးတော့ပါ။
အခုဖြစ်စဥ်မှာ parameter ပြောင်းသွားပေမဲ့ route ကအတူတူမလို့ component ကို load ထပ်မလုပ်ပေးတာကြောင့် user id နဲ့ name က မပြောင်းသွားတာ ဖြစ်ပါတယ်။
အခုလိုမျိုး တစ်ချိန်ချိန်မှာ parameter ပြောင်းလဲသွားတာကို လက်ခံချင်ရင် ServerComponent
မှာ အခုလိုရေးပါ။
ngOnInit() {
...this.route.params.subscribe((params: Params) => {
this.user.id = params['id'];
this.user.name = params['name'];
ActivateRoute
မှာ snapshot
အပြင် params
ဆိုတဲ့ Observable ရှိပါတယ်။ဒါကြောင့် parameter ပြောင်းရင် အသိပေးဖို့ subscribe လုပ်လိုက်တာ ဖြစ်ပါတယ်။
Observable ဆိုတာ async task တွေလုပ်ဖို့ Angular ကအသုံးပြုထားတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် subscribe လုပ်ပေးရပြီး data ရလာရင် subscribe ရဲ့ callback function ကိုခေါ်ပေးပါတယ်။
ပြန်စမ်းကြည့်ရင်တော့ အခုလိုရလဒ်ကို တွေ့ရမှာပါ။
အခုအသုံးပြုခဲ့တဲ့
ActivatedRoute
ရဲ့params
သည်မကြာခင်မှာ deprecated ဖြစ်တော့မှာမလို့paramMap
ကိုပြောင်းသုံးပေးပါ။ အသေးစိတ်ကို ဒီမှာ လေ့လာပါ။
Passing Query Parameters and Fragments
Route မှာ parameters တွေထည့်နိုင်သလိုပဲ query parameters နဲ့ fragments တွေကိုလည်း ထည့်နိုင်ပါတယ်။
AppModule
မှာ route အသစ်တစ်ခုထပ်ထည့်ပါ။
const appRoutes: Routes = [
path: 'servers/:id/edit',
component: ServerEditComponent,
ServersComponent
မှာ အခုလိုရေးပါ။
{{ server.name }}
queryParams
သည် Object တစ်ခုကိုလက်ခံပါတယ်။ fragment
ကတော့ string တစ်ခုကို လက်ခံပါတယ်။ ဒီ နှစ်ခုလုံးက routerLink
ရဲ့ property တွေဖြစ်ပါတယ်။
ပြီးရင်တော့ localhost:4200/servers
ကိုသွားပြီး server တစ်ခုကို နှိပ်ကြည့်လိုက်ပါ။
query param နဲ့ fragment တွေ ထည့်ပေးလိုက်တာ တွေ့နိုင်ပါတယ်။
ဒီလိုမျိုး routerLink
ကနေတစ်ဆင့်ထည့်နိုင်သလို navigate
ကနေလည်း လုပ်နိုင်ပါတယ်။ HomeComponent
မှာ အခုလိုပြင်လိုက်ပါ။
HTML
onLoadServer(id: number) {
this.router.navigate(['servers', id, 'edit'], {
queryParams: { allowEdit: '1' },
fragment: 'loading',
navigate
ရဲ့ second parameter မှာ queryParams
နဲ့ fragment
တွေကိုထည့်ပေးလိုက်တာဖြစ်ပါတယ်။ နှိပ်ကြည့်ရင်တော့ အခုလိုတွေ့ရမှာပါ။
Fetching Query Parameters and Fragments
Parameter ကို fetch လုပ်ယူသလိုပဲ snapshot နဲ့ရယူနိုင်သလို၊ subscribe လုပ်ပြီးတော့လည်း ရယူနိုင်ပါတယ်။
ServerEditComponent
မှာအခုလိုရေးပါ။ ပြီးရင် log မှာလေ့လာကြည့်ပါ။
ngOnInit() {
console.log(this.route.snapshot.queryParams);
console.log(this.route.snapshot.fragment); this.route.queryParams.subscribe((params: Params) =>
console.log(params));
this.route.fragment.subscribe((value) => console.log(value));
queryParams
သည်မကြာခင်မှာ deprecated ဖြစ်တော့မှာမလို့queryParamMap
ကိုပြောင်းသုံးပေးပါ။ အသေးစိတ်ကို ဒီမှာ လေ့လာပါ။
Upgrading Our App
တခြားသော လုပ်ဆောင်ချက်တွေ ဆက်မလေ့လာခင်မှာ အရင်ဆုံး code တစ်ချို့ကို ရေးကြပါမယ်။
UsersComponent
မှာ အခုလိုထပ်ရေးပါ။
UserComponent
မှာ အခုလိုပြင်ပါ။
User id is: {{ user.id }}
User Name is: {{ user.name }}
ServersComponent
မှာ အခုလိုပြင်လိုက်ပါ။ Reload Servers button ကိုဖြုတ်ပါ။ route မှာ “edit”
ကိုဖြုတ်လိုက်ပါ။<app-server>
နဲ့ <app-server-edit>
တို့ကို comment ပိတ်လိုက်ပါ။
// remove "Reload Servers" button
AppModule
မှာ route အသစ်တစ်ခု ထပ်ထည့်ပါ။
const appRoutes: Routes = [
path: 'servers/:id',
component: ServerComponent,
ServerComponent
မှာအခုလိုရေးပါ။
HTML
Server id is : {{ server.id }}
Server name is : {{ server.name }}
Server status is : {{ server.status }}
TypeScript
constructor(
private route: ActivatedRoute,
private serverService: ServerService
) {}ngOnInit() {
this.route.params.subscribe((params: Params) => {
this.server = this.serverService.getServer(+params['id']);
ServerService
မှာ ဒီလိုထပ်ရေးပါ။
getServer(id: number): Server {
return this.servers.find((server) => server.id === id)!;
အားလုံးပြီးရင် app ကိုပြန်စမ်းကြည့်ပါ error မရှိဘူးဆိုရင် ရှေ့ဆက်လို့ရပြီဖြစ်ပါတယ်။
Previous: Navigating routes programmatically
Next: Nested Routes