Myo Thida
Letters to My Younger Self
Jul 21, 2024

--

တံဆိပ်

တံဆိပ်တွေ အမျိုးမျိုး ကပ်ကြတယ်။
ကာယကံရှင်က သိသည်လဲ ရှိ မသိသည်လဲ ရှိပေါ့။
ငယ်ငယ်ကစာတော်တယ်ဆိုတဲ့တံဆိပ်ရဲ့ အောက်မှာကလေး တော် တော်များများလိုပဲ လူငယ် ဘဝ ပျောက်ဆုံးဖူးတယ်။ သိတတ် တယ် ဆိုတဲ့ တံဆိပ် အောက်မှာ အသက် ရူကြပ်ခဲ့ဖူးတယ်။

အသက်ရလာတော့ ကိုယ်နားမလည်ပဲ အကပ်ခံရတဲ့ တံဆိပ် အောက်မှာ အလူးအလိမ့် နာကျင် ရှက် ရွံ့ခဲ့ဖူးတယ်!

red..

ဟော.,ကပ်ကြပြန်ပြီ..သူက ဘယ်လိုလို့ ကိုယ်တောင် မသိပဲ ကပ်လိုက်ကြတဲ့ တံဆိပ်တွေ..သိလို့ ခွာဖို့ကြိုးစားတဲ့အခါ..တံဆိပ်တွေက အသား ထဲတောင် ရောက် နေပြီ။

ကိုယ်တိုင်လဲ ကိုယ့်စိတ်ကို နားလည်ဖို့ကြိုးစားနေရဆဲ အချိန်မှာ တချို့တံဆိပ်တွေကို ဂရုလဲမစိုက်ဖြစ် ခွာဖို့လဲ မလုပ် ဖြစ်ပါဘူး။

ကိုယ့်ကို သိသယောင်နဲ့ ကပ်ကြတဲ့ တံဆိပ်တွေ အတွက်တော့ တခါတခါ ရီမောမိတယ်.. တခါတခါ စိတ်ပျက်မိတယ်.. ဒီလောက်ပါပဲ..

နေရတဲ့ ဘဝ တိုတိုလေးမှာ ဘယ်သူကမှ ဘယ်သူ့ အတွက် တာဝန် မရှိပါဘူး..
ကိုယ်ပျော် သလောက် လုပ်မယ်.. ကိုယ့်ကို မလိုလားတဲ့ စိတ်မချမ်းသာစေတဲ့ ပတ်ဝန်းကျင်ထက်စာရင် ကိုယ့်ကို ပျော်ရွင်စေမဲ့ အသိုင်းအဝန်း မှာ တံဆိပ်တွေကို ဂရု မစိုက်ပဲ ပျော်မယ်..

တခါတလေလဲ ကိုယ့်ကို လာကပ်တဲ့ ကိုယ်မသိတဲ့ တံဆိပ်တွေကို ဟားတိုက်ရီမောရင်းပေါ့..

အဲလို နေတတ်ဖို့ ကိုယ့်အတွက် နှစ်ပေါင်းများစွာကြာခဲ့တယ်..ခုလဲကြိုးစားနေဆဲ..

--

--

Myo Thida
Letters to My Younger Self

From a computer vision researcher to academia to an education institute founder to a MD of consulting firm and back to academia.