နောင်တ ထဲမှာ နစ်မနေဖို့
၂၀၀၅ ဝန်းကျင် လောက်ကထဲက ကိုယ့် အိမ်မှာ ချိတ်ထားတဲ့ စာလေး.. ဆရာမ ဝင်းဝင်းလတ် ဝတ္ထု (အချစ်၏ နောက်ဆက်တွဲများ) ထဲက စာပိုဒ်လေး..
၂၀၁၉ ထိလဲ အိမ်က ရေခဲသေတ္တာ တံခါးမှာ ရှိနေခဲ့တာ။ အခုတော့ ကိုယ်လဲ နေရာ အရွှေ့အပြောင်းတွေနဲ့ အရာရာ မမြဲတော့ မရှိတော့ပေမဲ့ ရင်ထဲမှာ ရှိနေဆဲ..
ကိုယ်က လူထဲက လူတဦးမို့ ဆုံးရှုံးမှု တွေ ကြုံဖူးသလို အမှားတွေကိုလဲ ကြုံဖူး လုပ်ဖူးပါတယ်။ အဲ့အတွက် ကိုယ့်ခံယူ ချက်က ဒီစာသားလေးအတိုင်းပါပဲ။
အမြဲပြန်သုံးသပ်နေချိန်မှာ မှားသွားတာကို သိပြီဆိုတာနဲ့ ကိုယ့်အမှားကို တာဝန်ယူဖို့ကြိုးစားတယ်။ စိတ်ရင်းကနေ တောင်းပန်သလို ပြင်စရာ ရှိတာလဲ ပြင်တယ်။
ဒါပေမဲ့.. တာဝန်၊ ဆန္ဒ၊ စံ၊ မှတ်ကျောက်.. ဒီ ၄ ခု ထဲကနေပဲ ဆက်လျောက်ရမှာကို လျှောက်တယ်။ အဲလိုဆိုတော့ နောင်တရ ကြေကွဲနေချိန် သိပ်မရှိတော့ဘူး။