Important things in Life

Myo Thida
Resilient Journey Through the Ups and Downs
1 min readJul 30, 2024

--

၁) မိတ်ဆွေကောင်း..

ကိုယ်မှာ မိတ်ဆွေတွေ အများကြီးမရှိဘူး။အလုပ်သဘောအရ လူတွေ အများကြီးနဲ့ ပတ်သတ်ပြီး hang out လုပ်ချင်လုပ်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ life stage တစ်ခုချင်း မှာ ရင်ထဲထိ ရောက်တဲ့ မိတ်ဆွေကောင်းကတော့ ၃/၄ ဦးပဲ။ ဥပမာ — ပထမဆုံး အလုပ်ခွင်က BFF ၂ ဦး/၃ ဦးရတယ်။ အဲလိုပဲ .. နောက်အလုပ်ခွင်တွေမှာလဲ. ၂ ဦး/ ၃ဦးတော့ရှိတယ်။ လုပ်ယူဖန်တီးတဲ့ ခင်မင်မှု မဟုတ်ဘဲ ရင်ထဲက ပေါင်းကြတာဆိုတော့ အချိန်ကြာလို့ network တွေ မတူတော့တာတောင် သိပ်အဆက်အသွယ် မပြတ်ကြဘူး။ပြီးတော့ မတူတဲ့ အကြောင်းအရာကို မတူတဲ့လူတွေ နဲ့ ဆွေးနွေးနိုင်တော့ တစ်ယောက်ထဲလို့ မခံစားရဘူး။ ပထမဆုံး အလုပ်ခွင်က တစ်ယောက်အကြာင်းတောင် ဟိုတလောက ရေးဖြစ်ပါသေးတယ်။

၂) ဝါသနာ.

ကိုယ်ကစာရေး စာဖတ်ရတာကို ဝါသနာပါတယ်။ စာဖတ်သူ မရှိလဲ ရေးကို ရေးနေချင်တာမျိုးဆိုတော့ ခံစားချက်က ဒီထဲမှာ မျောသွားတော့ စိတ်လေတာမျိုး မရှိဘူး။စာဖတ်တာကတော့ တွေ့သမျှ စာကို ဖတ်တာ.. အခုနောက်ပိုင်း audio နဲ့ဖတ်ပြတာလေးတွေလဲ နားထောင်ဖြစ်လာတယ်။

၃) Basic survival skill..

တစ်ယောက်ထဲ ရှင်သန်ဖို့အတွက် အရေးကြီးတဲ့ အခြေခံ အချက်အပြုတ် ကို ကျွမ်းကျင် အဆင့်မဟုတ်ပေမဲ့ ချက်တတ်တယ်။ သွားရေးလာရေးအတွက် စက်ဘီးစီးတာ၊ ကားမောင်းတာ တတ်ထားတယ်။ အိမ်မှာ ပြင်စရာရှိတာ လုပ်စရာရှိတာ လုပ်တတ်တယ်။ ငယ်ငယ်ကထဲ ဒီလို ကြီးပြင်းလာစေတဲ့မိဘတွေကို ကျေးဇူးတင်ပါတယ်။

ဒီ skill တွေကလဲ အရေးကြီးပါတယ်နော်။ ကိုယ်က နေ့စဥ် ချက်ရမှာ ပျင်းတော့ တပတ်စာ စုချက်လိုက်တာ များတယ်။ တခါ တလေတော့လဲ YouTube vidoe လေးတွေ ကြည့်ပြီး moti ယူတယ်။

--

--

Myo Thida
Resilient Journey Through the Ups and Downs

From a computer vision researcher to academia to an education institute founder to a MD of consulting firm and back to academia.