Domain တစ်ခုဘယ်လိုရွေးမလဲ

Lwin Maung Maung
Lovely Family
Published in
3 min readAug 3, 2018

လူ တိုင်း ဒို မိန်း ဝယ် ခါ နီး မှာ အ ကျပ် အ ရိုက် ဆုံး က တော့ ဒို မိန်း နာ မည် ရွေး နည်း ပါ။ ကိုယ် ပိုင် လုပ် ငန်းလုပ် မယ် ဆို တော့ လုပ် ငန်း နာ မည် ကို လည်း ရွေး တော့ ထား ပြီး သား အွန် လိုင်း မှာ လည်း ရှင်း တယ် ဆို တာ ကို တော့ သိ တယ်။ ဒါ ပေ မယ့် ဘယ် လို နာ မည် ပေး ရ ကောင်း မှန်း လည်း မ သိ ဘူး လို လည်း လို ချင်တယ် ဆို သူ များ အ တွက် ဒါ လေး က အ ဆင် ပြေ နိုင် လောက် မယ် ထင် ပါ တယ်။

လုပ်ငန်းနာမည်ကိုရွေးပါ

ကိုယ့် မှာ လုပ် ငန်း နာ မည် ရှိ ပြီး သား ဆို ရင် တော့ လုပ် ငန်း နာ မည် ကို ရွေး တာ အ ကောင်း ဆုံး ပါ ပဲ။ မ ဟုတ် ရင် ဆိုက် ၂ ခု စာ ထပ် ဝယ် နေ ရ မှာ ဖြစ် တဲ့ အ တွက် ကြောင့် ကျွန် တော် က တော့ ကိုယ် ပိုင် လုပ် ငန်းနာ မည် ကို ပဲ ရွေး ပါ တယ်။ ဥ ပ မာ — လုပ် ငန်း နာ မည် က example ဖြစ် ရင် example.com ကို ယူ တာက တော့ သက် သာ တာ ပေါ့။

ကိုယ့်ဒိုမိန်းက သူများယူထားပြီးသားဖြစ်နေတယ်။

များ သော အား ဖြင့် နောက် ပိုင်း မှာ အဲ ဒီ လို ဖြစ် လာ တာ များ ပါ တယ်။ လူ တိုင်း က ဒို မိန်း ကို ကိုယ့်စိတ် ကြိုက် ယူ လို့ ရ နေ တော့ တ ချို့ ဆို ရင် ဝယ် ရောင်း လုပ် ဖို့ အ တွက် စု ထား တာ တောင် တွေ့ ဘူး ပါ တယ်။ ဟိုး အ ရင် တုန်း က Aljazeera သ တင်း ဌာ န ရဲ့ website တောင် aljazeera.net ဆို ပြီး ဖြစ် ခဲ့ ပါ သေးတယ်။ နောက် ပိုင်း မှ ဝယ် လိုက် တယ် ထင် ပါ ရဲ့။ .com ဆို ပြီး ပြောင်း သွား တာ။ ကျွန် တော် က တော့ များသော အား ဖြင့် ပြန် လိုက် ဝယ် ရ တာ ကို မ ကြိုက် ပါ ဘူး လေ။

သူ များ က လည်း မ ရောင်း ဘူး။ လို က လည်း လို ချင် တယ် ဆို ရင် တော့ ဆင် တူ ရိုး မှား ကို လိုက် ရှာ လို့ ရ ပါတယ်။ ဥ ပ မာ — ဆင် တူ ရိုး မှား ဆို တာ မျိုး က example မ ရ ဘူး ဆို ရင် example-mm.com, examplemyanmar.com, example.asia ဆို တာ မျိုး တွေ ဟာ ဖြစ် နိုင် ချေ အ များ ဆုံး သော ဒို မိန်းလိပ် စာ တွေ ဖြစ် ပါ တယ်။

နာမည်ရှည်လုပ်ငန်းများ

တ ချို့ သော လုပ် ငန်း များ၊ အ ဖွဲ့ အ စည်း များ ဟာ အင် မ တန် ကို ရှည် လျား ထွေ ပြား တဲ့ နာ မည် ကြီး တွေနဲ့လာ ကြ ပါ တယ်။ ကု လ သ မ္မ ဂ္ဂ ဒု က္ခ သည် များ ဆိုင် ရာ မ ဟာ မင်း ကြီး ရုံး (United Nations High Commissioner for Refugees) လို မျိုး ဆို ရင် တော့ အ တို ကောက် ကို ယူ သင့် ပါ တယ်။ unhcr.org ဆိုတာ မျိုး ဟာ ဖတ် တဲ့ သူ အ တွက် ကို လုပ် ငန်း အ တွက် ပါ ပို ကောင်း တဲ့ ဆိုက် မျိုး ပါ။

ဒိုမိန်းနောက်ဆက် ရွေးချယ်ခြင်း

ဒို မိန်း တိုင်း မှာ TLD ဆို တာ ရှိ ပါ တယ်။ TLD ကို ရွေး ချယ် ထား ခြင်း အား ဖြင့် ကိုယ် လို ချင် တဲ့ ဒို မိန်း ဟာ ပို ပြီး တော့ လွယ် ကူ ပါ တယ်။ ဥ ပ မာ — .com က မ ရ နိုင် ပေ မယ့် ကိုယ် လို ချင် တာ က လည်း .construction ဖြစ် မယ် ကိုယ့် လုပ် ငန်း က လည်း ဆောက် လုပ် ရေး ဖြစ် မယ် ဆို ရင် .construction က ပို ကောင်း ပါ တယ်။

အ ချုပ် ဆို ရ မယ် ဆို ရင် တော့ ဒို မိန်း ဆို တာ က လိပ် စာ အ မျိုး အ စား တစ် ခု မျှ သာ ဖြစ် သော် လည်း သေ ချာ ဂ ရု ပြု ဝယ် ယူ သင့် တဲ့ အ ထဲ မှာ ပါ ပါ တယ်။ အ​ဲ ဒီ အ တွက် ကြောင့် အထက် ပါ လမ်း ညွှန် ချက် တွေ ကို ဂ ရု စိုက် ပြီး ဝယ် ကြ ပါ လို့။

--

--