Website တစ်ခုမလုပ်ခင်ကြိုတင်ပြင်ဆင်ပါ

Lwin Maung Maung
Lovely Family
Published in
1 min readJun 18, 2018

--

လူတိုင်းဆိုက်ထောင်ချင်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းဆိုက်ထောင်ချင်တာပေါ့။ ဒါပေမယ့်ဆိုက်တစ်ခုဆိုတာ ထောင်ချင်တိုင်း ထောင်ဖို့လွယ်သလား။ နောက်ပြီး ဘာလို့ ကျွန်တော်တို့က ဒါမျိုးတွေလိုတယ်လို့ပြောတလဲဆိုတာလေးကို တစ်စုတစ်စည်းထဲဖြစ်အောင်ရေးပေးထားပါမယ်။

ကြိုတင်ပြင်ဆင်ပါ

ဆိုက်တစ်ခုကိုထောင်တော့မယ်ဆိုရင် ပထမဆုံးပြင်ဆင်သင့်တာက အချက်အလက်တွေပါ။ ဝဘ်ဆိုက်ဆိုတာ ဒုတိယမျက်နှာလို့ ကျွန်တော်အရင်တုန်းကလည်းပြောခဲ့ပါတယ်။ အဲဒါကို သိထားဖို့လည်းလိုအပ်ပါတယ်။ ကိုယ်တိုင်ဆိုင်ဖွင့်တုန်းက ဒါတွေ ဒါတွေလိုပါတယ်ဆိုတာကို ကိုယ်တိုင်ဆိုင်ရောင်းတော့မှ စသိတာမဟုတ်လား။ အဲဒီလိုပဲ website တစ်ခုမှာလည်းအချက်အလက်က အက္ခရာကျပါတယ်လေ။

ဆိုက်ကို ဘာတွေတင်မယ် ဘာတွေမတင်ဘူးဆိုတာလိုအပ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ဒါတွေလိုပါတယ်။

  • ကိုယ့်လုပ်ငန်းက ဘာလုပ်တယ်
  • ဘယ်နေရာမှာရှိတယ်
  • ဘယ်အချိန်မှာ ဖွင့်တယ်။ ဘယ်နေ့တော့ ပိတ်တယ်။
  • လုပ်ငန်းသဘောသဘာဝကတော့ ဘယ်လို
  • ငွေကြေးသဘောတရား
  • နောက်ဆုံးရအချက်အလက်တွေ

အဲဒီလောက်တော့ အကြမ်းဖျဉ်းတည်ထားသင့်သလို ဆိုက်ရေးမယ့် Developer ကိုလည်း ပေးထားဖို့လိုပါတယ်။

အချက်အလက်တွေအကုန်ပေးပါ

ဆိုက်ရေးမယ့် Developer ဆိုတာ လူကြီးမင်းတို့ရဲ့ စီးပွားပြိုင်ဖက်မဟုတ်သလို.. လူကြီးမင်းရဲ့ အကြိုက်တွေအားလုံးကို သိနိုင်တဲ့ ပုဏ္ဏားလည်း ဗိုက်ထဲမှာရှိမနေပါဘူး။ ကျွန်တော်တို့ကို လူကြီးမင်းတို့ အချက်အလက်တွေအားလုံးပေးမှာ ကျွန်တော်တို့က အမြန်ဆုံးအလုပ်လုပ်နိုင်မှာလည်းဖြစ်ပါတယ်။ အဲဒီအချက်ကို အလေးထားသင့်ပါတယ်။

ကျွန်တော်တို့လုပ်ငန်းမှာ ထားတဲ့ form တွေရှိတယ်။ ဘယ်လောက်ပြည့်စုံပါတယ်ဆိုဆို လူတိုင်းအလိုကျကိုလည်းဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ အတော်နီးစပ်ဖို့ခဲယဉ်းပါတယ်။ အဲဒီအတွက်ကြောင့် လိုချင်တာတွေကို တစ်လုံးတဝတည်းပြောပြထားပေးတာကို ပိုပြီးကောင်းပါလိမ့်မယ်။

လိုအပ်တဲ့အချက်အလက်တွေအားလုံးကို မပေးရင်ဘာဖြစ်လည်းဆိုတော့ ဆိုက်မှာလိုအပ်တာကိုထည့်ပေးဖို့ဆိုတာ အခက်အခဲဖြစ်သွားပါလိမ့်မယ်။ အဲဒီအတွက်ကြောင့်အချက်အလက်တွေအားလုံး (ကိုယ်ပေးနိုင်တဲ့အချက်အလက်)တွေကို တစ်စုတစ်စည်းထဲပေးထားသင့်ပါတယ်။

ဆိုက်အကြမ်းထည်ကို ကိုယ်တိုင်ကြည့်ပါ

လူတိုင်းဆိုက်ကို အကြမ်းထည်ကိုကြည့်သင့်ပါတယ်။ ဆိုက်ကို ဟိုပြင်ဒီပြင်လုပ်သင့်တယ်လို့ မဆိုလိုပါ။ အချက်အလက်ပြည့်စုံလုံလောက်မှု ရှိမရှိကိုကြည့်သင့်ပါတယ်။ ဆိုက်က မကြည့်လိုက်တာနဲ့ မပြည့်စုံမှုဆိုတာ တမ်းခနဲဖြစ်သွားနိုင်ပါတယ်။ ဂရုပြုသင့်ပါတယ်။

ဆိုက်အကြမ်းကို ကျွန်တော်တို့လည်းပြပါတယ်။ အဲဒီအချိန်မှာ အတူတကွကြည့်လိုက်တာဟာ ပိုကောင်းပါတယ်။

ဆိုက်မစခင်မှာ အချက်အလက်တွေ စုံလင်အောင်စုထားပါ။ နောက်က လိုက်မစုပါနဲ့။

Developer ဆိုတာ customer ပေးတဲ့အချက်အလက်ပေါ်မှာ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် အားလုံးကို စဉ်းစားထားပြီးမှ ဘာလုပ်မယ်ဆိုတာကို ပြောသင့်ပါတယ်။ ဆိုက်ရေးနေတဲ့အချိန်မှာ ဟိုဟာထပ်ထည့်ချင်တယ်။ ဒါထပ်ထည့်မယ်ဆိုရင် ဆိုက်ဟာ အခမသင့်ရင် ရွဲသွားနိုင်ပါတယ်။ အဲဒီအချက်အလက်ကို အရမ်းကို ဂရုစိုက်သင့်ပါတယ်။

ဥပမာ — ဆိုက်ထဲမှာ အဝတ်အထည်ရောင်းတာကို ထည့်ထားတယ်ဆိုပါစို့။ အဲဒါကို developer ကိုလည်းပြောထားပြီ။ ဒါပေမယ့်ဆိုက်တစ်ဝက်လောက်ပြီးနေပြီ (ဝါ) ပြီးခါနီးမှာ ကားရောင်းမယ်ဆိုပြီး နောက်ထပ် ထပ်ရေးခိုင်းရင်တော့ အဲဒါမျိုးဟာ မထည့်သင့်ဘူးလို့ပဲပြောပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါဟာ Developer ရဲ့ ရှေ့က လုပ်ထားတဲ့အရာတွေကို ပျက်စီးသွားစေနိုင်သလို စည်းကမ်းချက်နဲ့လည်းမညီပါဘူး။

အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ဆိုက်မထောင်ခင် အချက်အလက်တွေကို တတ်နိုင်သလောက်စုထားပါ။ ဆိုက်တင်တော့မယ်ဆိုရင်လည်း Developer ကို သေချာပြောပြပါ။ ဆိုက်အကြမ်းထည်အချက်အလက်ကိုလည်းကြည့်ပါ။ တစ်ခါတည်းဖြည့်ပါ။ လိုအပ်တာကိုလည်း developer ကို ပြောဖို့လိုသလို ခဏခဏလည်းဆိုက်မှာ အသစ်တွေထပ်ထည့်တာမျိုးလည်း သိပ်မလုပ်ဖို့ သတိချပ်လိုက်ပါရစေ။

--

--