ကမ္ဘာတလွှား အထိတ်တလန့် ဖြစ်နေရတဲ့ လူပြက် မျက်နှာဖုံးရှင်များ

Mie Maung
Moments of My Life
Published in
2 min readOct 7, 2016

၂၀၁၆ ဟောလိုဝင်း ပွဲတော် နီးလာချိန်မှာ ကမ္ဘာတလွှား လူအများဟာ လူပြက် မျက်နှာဖုံး ဝတ်ဆင်ထားသူတွေရဲ့ ခြိမ်းခြောက်မှုတွေကို ခံနေကြရပါတယ်။ အမေရိကန်မှာ စတင်ခဲ့တဲ့ ညဘက်တွေမှာ ကြောက်စရာ လူပြက် မျက်နှာဖုံး ဝတ်ဆင်ထားသူတွေရဲ့ ခြောက်လှန့် နှောက်ယှက်မှုတွေဟာ ခုဆိုရင် ယူကေနဲ့ ဩစတြေးလျလို တခြား နိုင်ငံတွေကိုပါ စတင် ကူးစက်လာနေပါပြီ။

ပြီးခဲ့တဲ့လက စလို့ အမေရိကန်နိုင်ငံ နေရာအတော်များများမှာ လူပြက် မျက်နှာဖုံး ဝတ်ဆင်ထားသူတွေရဲ့ ပြဿနာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ ဂရင်းဗီးမြို့က စတင်ခဲ့တယ်လို့ ယူဆရပြီး “မသင်္ကာဖွယ် လူပြက် မျက်နှာဖုံးရှင်များက ကလေးငယ်များအား သစ်တောဆီ ဖြားယောင် ခေါ်ဆောင်” ဆိုတဲ့ သတင်း စတင် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အလာဘာမား၊ ဂျော်ဂျီယာ၊ မေရီလန်း၊ မြောက်ကယ်ရိုလိုင်းနား၊ ပင်ဆယ်ဗေးနီးယားနဲ့ ကန်တက်ကီ စသဖြင့် တစ်နိုင်လုံး ဟိုမှာ ဒီမှာ လူပြက်မျက်နှာဖုံးရှင်တွေကို တွေ့လာရပြီး အလာဘာမားနဲ့ ကန်တက်ကီမှာတော့ ရဲက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း သူတို့ ဘယ်သူတွေလည်း၊ ဘာ အဓိပ္ပါယ်နဲ့ လုပ်ကြတာလဲ၊ အပြောင်အနောက် သက်သက် လုပ်တာလား၊ စုပေါင်း အနုပညာလှုပ်ရှားမှု တစ်ခုလား၊ ပုန်ကန် ဆန့်ကျင်မှု တစ်ခုလားဆိုတာ ခုချိန်ထိ ဘယ်သူမှ နားမလည်ကြသေးပါဘူး။

အခုဆိုရင် နဂိုက လူပြက် မျက်နှာဖုံး ကြောက်တတ်သူတွေသာ မဟုတ်တော့ဘဲ လူအတော်များများဟာ လူပြက် မျက်နှာဖုံး ဝတ်ဆင်ထားသူတွေကို သံသယနဲ့ ထိတ်လန့်လာနေကြပါပြီ။ ကလေးတွေကို ဖြားယောင်း ခိုးယူတယ် ဆိုတဲ့ ကောလဟာလတွေကလည်း ပျံ့နှံ့နေတော့ အမေရိကန် နိုင်ငံအတွင်းမှာ လူပြက် မျက်နှာဖုံးရှင် မုန်းတီးရေး စိတ်ဓာတ်တွေတောင် စတင် ပျံ့နှံ့လာနေပါပြီ။

Facebook မှာ ဟိုကို ဒီက တက်လာတဲ့ လူပြက် မျက်နှာဖုံးရှင်တွေရဲ့ ဓာတ်ပုံတွေက အထက်တန်း ကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနားမှာ ဖြစ်နေလေတဲ့ တကယ် ရှိ မရှိ မသေချာတဲ့ လူပြက် မျက်နှာဖုံးရှင်ကို ဖမ်းဖို့ ကောလိပ်ကျောင်းသားတွေ ရာနဲ့ ချီ စုဝေး ရှာဖွေမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

“…and no matter who you’re voting for we can all agree on one thing, f–k the clown.” pic.twitter.com/CaoJ20LJft

— The Daily Collegian (@DailyCollegian) October 4, 2016

အခြေအနေတွေ ဆိုးမလာမီမှာတင် ဒီအရူးထတဲ့ လုပ်ရပ်တွေကို တားဆီးဖို့ အမေရိကန် ကွန်ဂရက်က ဥပဒေသစ်တစ်ရပ်နဲ့ လူပြက် မျက်နှာဖုံးများ မဝတ်ဆင်ကြဖို့ တားမြစ်ခဲ့ပြီး အများပြည်သူရှေ့မှာ လူပြက် မျက်နှာဖုံး ဝတ်ဆင်ထားတာ တွေ့ခဲ့ရင် ဒဏ်ငွေ ဒေါ်လာ ၅၀၀၀၀ သို့မဟုတ် ထောင်ဒဏ် အများဆုံး ၁ နှစ်ထိ ချမှတ်ခံရမယ်လို့ ကြေငြာခဲ့ပါတယ်။ အာဏာပိုင်တွေကလည်း လူပြက် မျက်နှာဖုံး ဝတ်ဆင်ထားသူတွေကို “အကြမ်းဖက်သမားများ” အဖြစ် ခေါ်ဆို သုံးနှုန်းခဲ့ပါတယ်။

“ဒီလူတွေ ဘယ်က လာကြလဲ၊ ဘာလိုချင်တာလဲဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် ဒီလုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့ လိုပါပြီ။” လို့ သမ္မတ ဘားရက် အိုဘားမားကလည်း ပြောထားပါတယ်။

အမေရိကမှာ ဒီလို ပြဿနာတွေ ဖြစ်နေချိန်မှာပဲ လူပြက် မျက်နှာဖုံးရှင် ပြဿနာက ယူကေကို ကူးစက်လာခဲ့ပါတယ်။ မနက်ခင်း ကျောင်းသွားဖို့ ထွက်လာတဲ့ ကလေးတွေကို လူပြက် မျက်နှာဖုံးရှင်တွေက လိုက်လံ ခြောက်လှန့် နှောက်ယှက်တဲ့ သတင်းတွေ အင်္ဂလန်တလွှား ပျံ့နှံ့လာနေပါတယ်။ ညနေခင်း အချိန်တွေမှာ သွေးစွန်းနေတဲ့ အဝတ်အစားနဲ့ လူပြက် မျက်နှာဖုံးရှင်တွေ၊ ပုခုံးပေါ် ဂေါ်ပြားထမ်းပြီး လမ်းသလားနေတဲ့ လူပြက် မျက်နှာဖုံးရှင်တွေကို တွေ့ခဲ့တယ်လို့ ပြောလာသူတွေလည်း တစ်နေ့ထက် တစ်နေ့ များလာနေပါတယ်။

<iframe allowfullscreen frameborder=”0" width=”698" height=”573" scrolling=”no” id=”molvideoplayer” title=”MailOnline Embed Player” src=”http://www.dailymail.co.uk/embed/video/1337061.html"></iframe>

ဒါကြောင့် အင်္ဂလိပ် ရဲတွေလည်း ကျောင်းဆင်း ကျောင်းတက်ချိန်တွေမှာ လုံခြုံရေး တာဝန် ထမ်းဆောင် ပေးနေရပြီး လူပြက် မျက်နှာဖုံး ဝတ်ဆင်ထားသူ အချို့ကိုလည်း ဖမ်းဆီးပြီး ၁၉၈၄ အများပြည်သူ ငြိမ်ဝပ်ပိပြားရေး ဥပဒေနဲ့ တရားစွဲဆိုပြီး စတာလင်ပေါင် ၁၀၀၀ အထိ တပ်ရိုက် အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံး စက်ရပ် သတင်းအနေနဲ့ မနေ့တစ်နေ့ကပဲ ပါ့သ်မြို့နားမှာ စတင် တွေ့ရှိရာကနေ ဩစတြေးလျ နိုင်ငံကိုလည်း လူပြက် မျက်နှာဖုံးရှင် ပြဿနာ စတင် ကူးစက်လာနေပြီလို့ သိရပါတယ်။ ကလေးကစားကွင်းတွေနဲ့ ကျောင်းတွေနားမှာ လူပြက် မျက်နှာဖုံး ဝတ်ဆင်ထားသူတွေ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ လူမှု ကွန်ယက်တွေမှာ ထွက်ပေါ်လာပြီးနောက် ဩစတြေးလျ ရဲတွေလည်း လုံခြုံရေးအတွက် တပ်လှန့်ထားတယ်လို့ သိရပါတယ်။ ဒီကြားထဲမှာ လူပြက် မျက်နှာဖုံးရှင် ရှာဖွေဖော်ထုတ်ရေး အသင်းအဖွဲ့တွေ ဖွဲ့စည်းလာကြတာ တွေ့ရပြီး နောက်ပြောင်ဖို့ မျက်နှာဖုံး ဝတ်ဆင်မိသူတွေကို ဓားနဲ့ ထိုးမိတဲ့ သတင်းလိုမျိုးတွေလည်း တွေ့လာရပါတယ်။

နောက်ကွယ်က အရင်းအခံ အကြောင်းအရာကို မသိရပေမယ့်လည်း လူပြက် မျက်နှာဖုံး ဝတ်ဆင်သူတွေဟာ ကနေဒါ၊ နယူးဇီလန် စသဖြင့် တခြား နိုင်ငံတွေကိုပါ ပျံ့နှံ့စ ပြုလာနေပြီး ကမ္ဘာ့ နိုင်ငံ အတော်များများရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ထိပါး ခြိမ်းခြောက်လာနေခဲ့ပါပြီ။

Ref:

Domonoske, C. (2016) Coulrophobics beware: America’s creepy clown problem continues. Available at: http://www.npr.org/sections/thetwo-way/2016/10/06/496850197/coulrophobics-beware-americas-creepy-clown-problem-continues (Accessed: 7 October 2016).

May, A. (2016) Are creepy clowns really a threat? Available at: http://www.usatoday.com/story/news/nation-now/2016/10/05/creepy-clowns-really-threat/91613506/ (Accessed: 7 October 2016).

Dinham, P. (2016) Has the creepy clown craze reached the UK? Available at: http://www.dailymail.co.uk/news/article-3826660/Bizarre-clown-craze-terrified-reaches-UK-spate-spooky-sightings-including-one-wearing-poncho-covered-BLOOD.html (Accessed: 7 October 2016).

Michie, F. (2016) #ClownLivesMatter: Clown trend reaches Victoria. Available at: http://www.abc.net.au/news/2016-10-07/creepy-clown-trend-arrives-in-victoria-police-warn/7913106 (Accessed: 7 October 2016).

Originally published at www.miemaung.info on October 7, 2016.

--

--

Mie Maung
Moments of My Life

I’m a freelance translator, writer and photographer base in Yangon, Myanmar.