၂၀၁၆ ဒီဇင်ဘာ ၂၀၁၇ ဇန်နဝါရီ ဝိတိုရိယ ဘုံတလာနှင့် ပုဂံ ခရီးစဉ်မှ ရဲဘော်ရဲဖက် ညီအကိုမောင်နှမများသို့ လွမ်းချင်း (unicode)

Min San
Myanmar Global Expedition Club
4 min readJan 16, 2017

written by Kyaw Kyar (Zeta)

! Please go to the following link if you can’t see the font correctly

https://goo.gl/2dPzX5

ခရီးတစ်ခုသွားပြီးတိုင်း ကျန်ခဲ့တာတွေက ဓာတ်ပုံအမှတ်တရတွေရယ် တိုးလာတဲ့ သံယောဇဉ် ခင်မင်မှုတွေရယ်နဲ့ ခပ်ပြပြအလွမ်းတွေပါပဲ…

ရက်အတိုင်းအတာတစ်ခုအထိ နာရီပေါင်းများစွာ တူတူသွားကြတယ်

တူတူစားကြတယ် တောင်တွေတူတူတက်ပြီး ရေတွေတူတူကူးကြတယ်…

ဓာတ်ပုံတွေတူတူရိုက်ခဲ့ကြသလို E bike တွေလည်း တူတူစီးခဲ့ကြတယ်လေ…

အသက်ရှူသံပြင်းပြင်းနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမပြီး ဝိတိုရိယတောင်ကြီးကို ဖဝါးအောက်မှာ နင်းနိုင်ခဲ့ကြတယ်… တက်ညီလက်ညီ ထမင်းတွေချက်ကြပြီး တက်ညီလက်ညီပဲ စားခဲ့ကြတယ်… နယူရီယားညဟာ မီးပုံပွဲကြောင့် အသက်ဝင်ခဲ့သလို ရင်ဖွင့်ခွင့်တွေရခဲ့ကြတဲ့ ညတစ်ညဖြစ်ခဲ့တယ်… လမ်းရဲ့အလျားပေါင်းများစွာကို သီချင်းတွေဆိုရင်း ဓာတ်ပုံတွေရိုက်ရင်း ဖြတ်သန်းခဲ့ကြတယ်… အောင်မြင်မှုဟာ ဝိတိုရိယဆို ကြည်နူးမှုဟာ ဘုံတလာဖြစ်ပြီး ပျော်ရွှင်မှုဟာ ပုဂံပဲဖြစ်မှာပါ…

ကိုယ့်စိတ်တိုင်းကျ ဝါသနာပါတာတွေလုပ်ပြီးလို့ အချိန်တန်ရင်အားလုံး အားလုံး ကိုယ်စီကိုယ်စီ အလုပ်ခွင်တွေ စာသင်ခန်းတွေကို ပြန်ဝင်ဖို့အတွက်တော့ ခွဲခွာကြရတာပဲ… အိပ်ယာထတဲ့အချိန်ကနေစပြီး နောက်တစ်နေ့ အိပ်ယာထတဲ့အချိန်အထိ တရုန်းရုန်းနဲ့ နေထိုင်အသားကျခဲ့ပြီးမှ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲပြန်ဝင်လာရတဲ့အခါမှာတော့ အကုန်လုံးကို လွမ်းတဲ့စိတ်နဲ့ ဖြန့်ကျဲချထားတဲ့ ခပ်ပျပျအလွမ်းတွေကို တစ်ခုချင်းစီ ပြန်ကောက်ပြီး လွမ်းကြည့်မိတော့တယ်…

ပထဆုံးတော့ အမှတ်တရ ရှိခဲ့တဲ့ နေရာတွေဆီကို အလွမ်းစိတ်ကူးနဲ့ရောက်သွားတဲ့အခါ ပုဂံမင်းသားကားကြီးကို စလွမ်းတာပဲ… ခရီးတစ်ခုသွားတိုင်း အမြဲကြိုရောက်နေတတ်တဲ့အကျင့်ကြောင့် လူမစုံတိုင်း စိတ်ပူနေရတာက အမြဲလိုဖြစ်နေပါပြီ… ကားကြီး အဝေးပြေးဝင်းကနေထွက်တဲ့အထိ လူတွေကို တစ်ယောက်ချင်း လိုက်ကောက်တင်နေရတာဟာ အဲ့ချိန်တုန်းကသာ စိုးရိမ်စိတ်ပူရပေမယ့် ခုပြန်စဉ်းစားတိုင်း လွမ်းရတဲ့ အမှတ်တရတစ်ခု ဖြစ်လာခဲ့တယ်…

ပုဂံမင်းသားကနေ ဆက်ပြီးလွမ်းရရင်တော့ ယောထိပ်တန်းနဲ့ ပခုက္ကူကားဝန်းထိပ်က လက်ဖက်ရည်ဆိုင်ပဲ… တလက်စတည်း လက်ဖက်ရည်ဆိုင်က အီကြာကွေးလေးပါလွမ်းမိတယ်… လွမ်းရတဲ့ နေရာတွေထဲမှာ ယောမြို့က အဝစားထမင်းဆိုင်လေးနဲ့ မင်းတပ်က မြို့မထမင်းဆိုင်ကိုတော့ ချန်ထားခဲ့လို့ကို မရဘူး… အစားအသောက်ဆို သိပ်မစားနိုင်ခဲ့ကြတဲ့ ညီအကိုမောင်နှမတွေကိုလည်း လွမ်းရင်း နွားနောက်သားကိုပါ လွမ်းမိတယ်…

ဗုဒ္ဓသာသနာပြု ဗဟိုကျောင်းကြီးကို တစ်ညအိပ်လွမ်းရင်း ချီချောင်းကိုလွမ်းတဲ့အခါမှာတော့ ဒူးတွေ တဆတ်ဆတ်တုန်ခြင်းနဲ့အတူ သာယာတဲ့ရေစီးသံနဲ့ အေးမြတဲ့ ချောင်းလေးနံဘေးက နေ့လည်စာ စားချိန်တွေကိုပါ မြင်ယောင်ပြီး လွမ်းလာမိတယ်… ဒီနောက်ပိုင်း ဆက်သွားရမယ့် အလွမ်းတွေမှာတော့ ဝင်သက်ထွက်သက် ပြင်းပြင်းနဲ့ အနည်းငယ် မောဟိုက်ခြင်းတွေ ပါလာခဲ့ပြီ… အေးစခန်းကိုရောက်အောင် ဘတ်ဂီလုပ်ရင်း ချော့မော့ပြီး တအိအိနဲ့ တွန်းတင်ခဲ့ရတဲ့ အချိန်တွေကိုလွမ်းရင်း အတူတကွချက်ပြီး စားခဲ့ကျတဲ့ ညစာစားချိန်တွေကိုပါ လွမ်းမိတယ်…

တောင်ထိပ်အတက်လမ်းဟာ ကားလမ်းမတွေပိုများလာပြီး ပိုပင်ပန်းခဲ့ရတာတွေဟာ တောင်ထိပ်ရောက်တဲ့ ခံစားချက်နဲ့ ယှဉ်လိုက်တော့ ပြန်ခေါ်ယူလို့မရတဲ့ ပင်ပန်းမှုအဖြစ်သာရှိနေခဲ့ပါတယ်… တောင်ထိပ်ရဲ့ သုညဒီဂရီနီးပါး အေးစက်တဲ့ အအေးဒဏ်ကို အန်တု တဖြည်းဖြည်းခြင်း အောက်လျောကျလာတဲ့အခါ ကျောပိုးအိတ်ကို ခြေကန်ပြီးအိပ်ခဲ့ရတဲ့ အိပ်စက်ခြင်းနဲ့အတူ နေထွက်ချိန်ရဲ့ Group Photo ရိုက်ခဲ့တာတွေဟာလည်း လွမ်းစရာတွေထဲက တစ်ခု ဖြစ်ခဲ့တာပါ…

နောက်ထပ်လွမ်းမိတာတွေကတော့ မင်းတပ် မတူပီလမ်းပေါ်က တိမ်ပင်လယ်တွေပါပဲ… အပြေးအလွှား ဓာတ်ပုံတွေဆင်းရိုက်ကြရင်း မင်းတပ်ထက်ပိုအေးလာတဲ့ ရာသီဥတုကိုလည်း သတိပြုမိလာကြတဲ့ အခိုက်အတန့်ပေါ့… မတူပီကိုရောက်တဲ့ သန်းခေါင်ယံ ခိုက်ခိုက်တုန်အောင် အေးနေတဲ့အချိန် ပစ္စည်းတွေ လက်ဆင့်ကမ်း သယ်ခဲ့ရတာတွေကလည်း ရန်ကုန်ရဲ့ဆောင်းမပီသမှုကြောင့် ပိုလွမ်းစရာကောင်းလာတယ်…

ဘုံတလာရဲ့ အိနြေ္ဒရှိရှိ လှပနေတဲ့ သဘာဝတရားရဲ့ ကြည်နူးမှုတွေနဲ့ ခြေတွေလက်တွေ ထုံကျင်အောင် ရေကူးခဲ့တဲ့ အချိန်တွေကတော့ အလွမ်းရဆုံးတွေထဲကတစ်ခုပဲ ဖြစ်လိမ့်မယ်… ဘုံတလာရဲ့ မီးပုံပွဲဟာ အေးစခန်းရဲ့ မီးပုံပွဲလို လူမစုံခဲ့ပေမယ့် ချင်းရိုးရာခေါင်ရည်ကြောင့် ပျော်ရွှင်စရာအမှတ်တရတွေ ဒုနဲ့ဒေးရရှိခဲ့ပြီး ကြည်နူးစရာလွမ်းမောခြင်းတွေကို ပိုင်ဆိုင်ခဲ့ရတယ်…

ဘုံတလာရဲ့ အိနြေ္ဒရှိရှိ လှပနေတဲ့ သဘာဝတရားရဲ့ ကြည်နူးမှုတွေနဲ့ ခြေတွေလက်တွေ ထုံကျင်အောင် ရေကူးခဲ့တဲ့ အချိန်တွေကတော့ အလွမ်းရဆုံးတွေထဲကတစ်ခုပဲ ဖြစ်လိမ့်မယ်… ဘုံတလာရဲ့ မီးပုံပွဲဟာ အေးစခန်းရဲ့ မီးပုံပွဲလို လူမစုံခဲ့ပေမယ့် ချင်းရိုးရာခေါင်ရည်ကြောင့် ပျော်ရွှင်စရာအမှတ်တရတွေ ဒုနဲ့ဒေးရရှိခဲ့ပြီး ကြည်နူးစရာလွမ်းမောခြင်းတွေကို ပိုင်ဆိုင်ခဲ့ရတယ်…

ပုဂံဆိုရင်တော့ သရပါ ၃ က ကြက်ကြော်နဲ့ ဧရာဝတီမြစ်ကမ်းဘေးကအချိန်တွေကို လွမ်းရမှာပဲ… ပထမဆုံးအတွေ့အကြုံ အဖြစ် အဖွဲ့လိုက် ပုဂံဘောင်းဘီတွေဝတ်ပြီး E Bike စီးခဲ့ရတဲ့အချိန်တွေကို လွမ်းရသလို အကုန်လုံးအတွက်တော့ ကိုယ့်ရဲ့ စတန့်တွေကို လွမ်းစရာတွေအဖြစ် ဖန်တီးပေးခဲ့တယ်… အပြန်ခရီး ပုဂံမင်းသားရဲ့ စေတနာနဲ့ VIP တစ်စီးလုံး ကိုယ့်အဖွဲ့ပဲ စီးခဲ့ရတဲ့အချိန်တွေနဲ့ ကားပေါ်မှာ ခွီခဲ့ရတဲ့အချိန်တွေကို လွမ်းရင်း ရန်ကုန်ပြန်ရောက်ခဲ့ပါပေါ့…

ခုတော့ အိမ်မှာ တစ်ယောက်တည်းရှိနေတဲ့အခါ

ယွန်းကိုလွမ်းတိုင်း ကြယ်တွေဆုံတဲ့ညနဲ့ တောင်းပန်ပါရစေကို သီချင်းနားထောင်ရင်း လူတွေကို ကျေးဇူးတင်မိသလို ဂျုတ်ကိုလွမ်းတိုင်း A B C D နဲ့ 1 2 3 4 ဆိုတာကို အစဉ်လိုက်ဆိုမိတယ်…

ဟန်နာကိုလွမ်းတိုင်း ယမကာတစ်ငုံသောက်ပြီး ထိုးအိပ်လိုက်သလို ဆုဆင့်ကိုလွမ်းတိုင်း အောက်ကို လျောအိပ်ဖြစ်တယ် …

နောင်နောင်ကိုလွမ်းရင် ဆေးလိပ်ဖက်ကြီးပဲကြားယောင်ရင်း ယဉ်ယဉ်ကို လွမ်းတဲ့အခါမှာတော့ ဖုန်းကို အပြေးအလွှားရှာမိတယ်…

ကရင်ကို့လွမ်းတိုင်း ထမင်းထစားဖြစ်သလို ရေနံလို့ကြားတိုင်း တင်ကျော်ကိုလွမ်းတယ်…

ဓာတ်ပုံတွေပြန်ကြည့်မိတိုင်း ရခီးကိုလွမ်းသလို ကိုယ့်ရဲ့မလှတဲ့ပုံကိုတွေ့တိုင်း ရန်လင်းအောင်ကိုလွမ်းတယ်…

ရဲမင်းဦးကိုလွမ်းရင် တွေ့တဲ့လူကို ပိတ်ဟောက်ပစ်ပြီး အောင်ကျော်လွမ်းရင်တော့ စိတ်တိုပစ်လိုက်တာပဲ…
စကားများတဲ့လူတွေ တွေ့တိုင်း စံကြီးနဲ့ ဟန်းကောကိုလွမ်းသလို ငိုသံတွေကြားတိုင်း ဆုဝေဖြိုးကို လွမ်းတယ်…

အောင်မျိုးထက်ကို လွမ်းတိုင်း ချီချောင်းကို နှစ်ခေါက်လုံး ကားနဲ့တက်တာကြီးပဲပေါ်လာသလို အောင်စစ်နိုင်ကိုလွမ်းတိုင်း နားထောင်မကောင်းတဲ့ သီချင်းတွေပဲ ကြားလာတယ်.

ကြွက်တက်တဲ့အချိန်တိုင်း ဗညားကိုလွမ်းသလို ဝတုတ်ကိုလွမ်းတိုင်း ဖဲထရိုက်ပလိုက်တယ်…

စိတ်ရှည်ရှည်နဲ့ စကားချိုချိုသာသာ ပြောတတ်တဲ့လူတွေကို တွေ့တိုင်း ကစိမ်းကိုလွမ်းသလို နေမကောင်းတဲ့လူတွေကိုတွေ့တိုင်း အောင်ပြည့်စုံကိုလွမ်းတယ်…

မင်းစံနဲ့ ကောင်းမင်းထက်ကိုလွမ်းတိုင်း စကားနည်းတာကိုသတိရမိသလို အသေးလေးကိုလွမ်းတိုင်း တောင်တက်ကအနားယူမှာကို နှမြောမိတယ်…

ထမင်းချက်တာပြန်စဉ်းစားတိုင်း အော်မွန်ကြေးနဲ့ လီလီကိုလွမ်းလာသလို စင်ကာပူလို့ကြားတိုင်း ညညနဲ့ မခင်ရိပ်မွန်ကိုလွမ်းတယ်…

ကိုသူ မနော် နဲ့ ထနူးတို့ကို လွမ်းတိုင်း ဘာအမျိုးမှ မတော်ပါဘူးလို့ ရှင်းပြတာကို သတိရမိသလို စိန်တူးကိုလွမ်းတိုင်း ကိုယ့်လစ်မစ်နဲ့ ကိုယ်သောက်ဖြစ်တယ်…

လှုပ်စိလှုပ်စိနဲ့ လမ်းလျှောက်နေတာမြင်တိုင်း ကောင်းမြတ်သူနဲ့ သင်းသူထိုက်ကို သတိရမိသလို သွားတစ်ခုခုခံစားရတိုင်း မဂျီးစိုးနဲ့ သဉ္ဇာဇော်ကို သတိရမိတယ်…
ဇေယျာဖြိုးနဲ့ နိုင်ဦးယံကိုလွမ်းတိုင်း ဘုံတလာမလိုက်ခဲ့တာကိုပဲ နှမြောမိတယ်…

ဒီလို အလွမ်းတွေပေါ် အလွမ်းဆင့်ရင်း အိပ်ရခက်တဲ့ညတစ်ညကို လွမ်းချင်းတစ်ပုဒ်နဲ့ ဖြတ်သန်းမိတယ်…

(၂၀၁၆ ဒီဇင်ဘာ ၂၀၁၇ ဇန်နဝါရီ ဝိတိုရိယ ဘုံတလာနှင့် ပုဂံ ခရီးစဉ်မှ ရဲဘော်ရဲဖက် ညီအကိုမောင်နှမများသို့ လွမ်းချင်း)

--

--