ခေါနုသုမ် ရဲ့ နှစ်သစ် ဒိုင်ယာရီ အပိုင်း (၁) (unicode)

ထင်းရှူ း ၊ချယ်ရီ ၊ တောင်ဇလပ် မြေ

Min San
Myanmar Global Expedition Club
4 min readJan 16, 2017

--

written by ရဲမင်းဦး

! Please go to the following link if you can’t see the font correctly

https://goo.gl/fFSxMY

လေးလံထိုင်းမှိုင်း နေတဲ့ အဂါၤ နေ့ ညနေခင်းတစ်ခုမှာ စိတ်ဖိစီးမှု ၊ ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့ ယာဉ်ကြောပိတ်ဆို့ မှုတွေ နဲ့ ဝေးရာမှာ ခဏ ကိုယ်ရောင်သွားဖျောက်ဖို့ ဦးတည်ပြီး အိမ်ကထွက်လာခဲ့တယ်။ ကားချိန်လည်း နည်းနည်းလိုသေးလို့ Taxi Driver ဦးလေးကြီးကို အေးဆေး ပဲ မောင်းဖို့ ပြောလိုက်ပြီး နားကြပ် လေး တပ်ပြီး နှပ်လာခဲ့လိုက်တယ် ။ John Denver ရဲ့ “Take Me Home, Country Roads” သီချင်း က ကျွန်တော့်အတွက်တော့ အတော်လေး ပနံရဲမင်းဦးသင့် လှတယ်။
ကားတုံ့ကနဲ ရပ်သွားလို့ မှေးကနဲ အိပ်ပျော်နေရာက နေလန့်နိုးလာတော့ ကားဂိတ် ဝင်ပေါက်နားရောက်လို့ ရပ်တန်းစီနေတာ ကိုယ်လဲ အလိုက်တသိ ပဲ နှစ်ရာတန်တစ်ရွက်ထုတ်ပြီး ဂိတ် ဝင်ကြေးပေးလိုက်တယ်။ ဂိတ်ပေါက်ကနေ ကားဂိတ်ဝင်း ရဲမင်းဦးအထိကို ဟွန်းသံတွေ ၊ကားအိတ်ဇော မီးခိုးတွေ နီယွန်မီးရောင်တွေကြားထဲမှာ နာရီဝက်ကျော်ကျော် အချိန်ပေးဖြတ်ကျော်လိုက်ရတယ်။
ကားဂိတ်ရောက်တော့ အတော်ကလေးတော့ လူစုံနေကြပြီ တစ်ချို့တွေကတော့ ကိုယ့်နည်းတူ ဖြတ်ကျော်နေကြတုန်း။ပါလာတဲ့ ပစ္စည်းတွေ ကို ယောက်ျားလေးတွေ အင်အားနဲ့ တက်ညီလက်ညီ ကားပေါ် ထိုးသိပ်တင်း ပြီး သိပ်မကြာမှာပဲ ကားထွက်ချိန်ရောက်လာခဲ့တယ် ။ ဒီ အချိန်အထိလမ်းမှာ ယာဉ်ကြောပိတ်ဆို့ပြီး ရောက်မလာသေးတဲ့ အဖွဲ့ ဝင်တွေ ရှိ နေသေးတော့ စပြီး စိုးရိမ်စိတ်တော့ ဝင်လာမိတယ်။
ကျွန်တော်တို့ #MGEC ရဲ့ ပထမဆုံး စီစဉ်တဲ့ Camping Expedition ဆိုတော့ အမှားအယွင်း မရှိစေချင်ဘူးလေ။ ဒါနဲ့ ပဲ ရောက်မလာသေးသူတွေ ကို အမျိုး မျိုး ဆက်သွယ်ပြီး နီးစပ်ရာလမ်းကနေပဲ အမြန်ဆုံးလိုက်လာကြဖို့ ဆက်သွယ်ရတော့တယ်။ နောက်ဆုံးတော့ အမှတ်သုံးလမ်းဆုံမှာ အဖွဲ့ဝင်အားလုံး စုံအောင် စုနိုင်ခဲ့တယ် ။ ဒီအချိန်အထိ ကို စိတ်ရှည်လက်ရှည် စောင့်ပေးတဲ့ ပုဂံမင်းသား ကားဂိတ်မှ အဖွဲ့ဝင်တွေကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ။

တစ်ညလုံး အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ မနက် အာရုဏ်ဦးမှာ ပဲ ပခုက္ကူ မြို့ကိုရောက်ခဲ့တယ် ။ရောက်တယ်ဆိုတာနဲ့ ပဲ ပစ္စည်းတွေချ စီစဉ်စရာရှိတာစီစဉ် ပြီး မျက်နှာသစ်တဲ့သူကသစ် ၊သန့်စင်ခန်းသုံးတဲ့သူက သုံးပြီး ပခုက္ကူ ယောထိပ်တန်း ကားဂိတ်ကို ထိုတစ်မနက်တော့ ကျွန်တော်တို့အဖွဲ့ သိမ်းပိုက်လိုက်တယ် ။ သဘောကောင်းတဲ့ ဂိတ်ပိုင်ရှင် အန်တီကလဲ လိုလေသေးမရှိအောင် စီစဉ်ပေးခဲ့တယ်လေ (ကျေးဇူးတင်ပါတယ်ဗျာ)။နှစ်ဖွဲ့ခွဲ တစ်ဖွဲ့စီ မနက်စာ ထွက်စားကြပြီး ချင်းပြည်နယ် တောင်ပိုင်း ရဲ့ တောင်ဇလပ် ပန်းတို့ ဖူးပွင့်ရာ မင်းတပ် မြို့ သို့ ဆက်လက်ခရီးဆက်ခဲ့ကြတယ် ။ ယခင် အကြိမ်ကြိမ်ရောက်ဖူးပေမယ့် မရောက်ဖြစ်တော့တဲ့ သုံးလေးနှစ်တာ အချိန်လေး အတွင်းမှာ ပခုက္ကူ ~မင်းတပ် လမ်းပိုင်း က အတော်လေးတိုးတက်ကောင်းမွန် နေတာတွေ့ရတယ် ။ယခင်က အချိန်ယူဖြတ်သန်းခဲ့ ရတဲ့ ရေကျော်ချောင်းတွေ က အခုဆိုရင် တံတား တွေ အသီသီးထိုးထားပြီး အတော်လေးလုံခြုံစွာ သွားနိုင်နေပြီ ။

​နေ့လည်စာစားချိန်ရောက်တော့ ခရီးတစ်ထောက်နားတဲ့ ဆောမြို့ က ထိပ်တန်း ယောဘူဖေး ထမင်းဆိုင်ကတော့ ကျွန်တော်တို့အဖွဲ့ ကြောင့် လက်မလည် နိုင်ဘူးဖြစ်သွားတယ် (နောက်တစ်ခေါက် ဆို ဈေးတက်ပြီထင်ပါတယ်)ဒါနဲ့ပဲ ကျောက်ထုမြို့ ၊အပြောအဆိုတောင် အမှားမခံဘူးဆိုတဲ့ (ရောမ ရောက်တော့ လဲ ရောမလိုကျင့် ပေါ့နော့) ရာဇဝင်ထဲက ပုံတောင်ပုံညာ တောင်တွေကို ကျော်ဖြတ်ပြီး နေ့လည် တစ်နာရီ ခွဲလောက်မှာပဲ မင်းတပ်မြို့ကို ရောက်ခဲ့တယ်။( ဒီမှာ ကြုံလို့ တစ်ခု ပြောရဦးမယ် အကယ်၍ များ အာ့ဒီ့ဘက်ကို ခရီးသွားဖြစ်ခဲ့ရင် ပုံတောင်ပုံညာ တောင်ကြော ပေါ်က စေတီလေးနဲ့ နတ်ကွန်းနားရောက်တိုင်း ကားသမားတွေ အရှိန်လျော့ ဟွန်းတီးပြီး အရိုအသေပေးကြရင် သွားမဝေဖန် ကြပါနဲ့ဗျ သူတို့ အရမ်းယုံကြည်ကြတယ်။) အရင် တစ်နေကုန် သွားရတဲ့ ခရီးကို အခု ငါးနာရီ ကျော်ကျော် လောက်နဲ့ ရောက်အောင်သွားနိုင်ခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး တာဝန်ရှိသူတွေကိုလဲ ကြံဖန်ပြီး ကျေးဇူးတော့တင်မိသားဗျ။ ရောက်ရောက်ချင်းပဲ ပစ္စည်းတွေလူတွေ ကို တည်းခိုရမယ့် မင်းတပ်မြို့ရှိ ဗုဒ္ဓဘာသာ သာသနာပြု ဘုန်းကြီးကျောင်း(ဗဟိုကျောင်း)မှာနေရာချ ပြီး အဖွဲ့ ဝင်တွေ ကို ညနေ သုံးနာရီအထိ မြို့ထဲ လည်ပတ်ခွင့်ပေး လိုက်တယ်။ တော်သေးတယ် အဖွဲ့ဝင် ညီတော် ရဲခိုင်ကျော် နဲ့ နောင်တော် စိမ်းခက်စိုး တို့ နှစ်ရက်ကြို လာပြီး စီစဉ်စရာရှိတာ စီစဉ်ထားပေလို့။(မဟုတ်ရင် လမ်းပြရှာ၊ညစာချက်၊ဘာရှာ ညာလုပ်နဲ့ ပြာယာခတ် နေမှာ)

အေးစိမ့်စိမ့် ရာသီဥတု နဲ့ မင်းတပ်မြို့ရဲ့ နေလည်ခင်း လေး ကိုတော့ အဖွဲ့ဝင်တွေ အတော်လေး သဘောကျနေလေရဲ့ ။ညနေ ၃ နာရီရောက်တော့ ယာယီစခန်းချထားတဲ့ ဘုန်းကြီးကျောင်းမှာပဲ လူပြန်စု အဖွဲ့လိုက် ရိက္ခာခွဲ ၊တဲတွေ မီးဖိုတွေနဲ့ အခြားလိုအပ်တဲ့ အရာ ကိုတော့ ဆိုင်ကယ်နဲ့ပဲ သယ်ရမှာမို့ တစ်ခါတည်း စနစ်တကျ စီစဉ်အပြီး ညနေ ၅း၃၀ မှာတော့ မင်းတပ်မြို့ရဲ့ နာမည်ကြီး မြို့မ ထမင်းဆိုင်မှာ ညနေစာ စားခဲ့ကြတယ်။(နွားနောက်သား ဟင်းကို အကြီးအကျယ် အားပေးခဲ့ကြတယ်ပေါ့ဗျာ)
အဲ့ဒီ့နောက်တော့ ဘုန်းကြီးကျောင်းပြန်ပြီးကျောင်းထိုင်ဆရာတော် ဘုရားရဲ့ ဆုံးမသြဝါဒ တရားကိုနာယူကြပြီး မနက်အတွက်မိမိကိုယ်ပိုင်အိတ်တွေ ကိုအသီးသီးပြင်ဆင်ကြပြီး ရင်ခုန်မှုအပြည့် နဲ့ အိပ်ယာဝင်ခဲ့ကြတယ်ပေါ့ဗျာ။(မင်းတပ်မြို့ အအေးဒါဏ်ကို အံတုပြီး စိန်ခေါ်ပြိုင်ပွဲဝင်ခဲ့ကြတဲ့ ပါဝါရိန်ဂျား ကြီးတွေအကြောင်းတော့ ထည့်မရေးတော့ပါဘူးဗျာ)

တောင်တက် ရင် မနက်နိုးတာနဲ့ ပထမဆုံးလုပ်ရတဲ့အလုပ် က အတော်လေး တော့ ချွေးထွက်တယ်ဗျ ။အဲ့ဒါကတော့ ကိုယ့် Sleeping bag သိမ်းရတာပဲ ။ကျွန်တော်ကတော့ စိန်ခေါ်ယှဉ်ပြိုင်သူ တစ်ယောက်ဆိုတော့ အေးအေးဆေးဆေး Sleeping Bag သိမ်းစရာမလိုပဲ Head Light ယူပြီး စောစောစီးစီး အိမ်သာ ဆီပြေးတာပေါ့ (နောက် လူများလာရင် မလွယ်ဘူးလေ) အဲ့ဗျာ ဟိုရောက်တော့ ကိုယ့်ထက် ဝီရိယ ကောင်းတဲ့ အဖွဲ့ဝင် မိန်းကလေးအချို့က တန်းစီနှင့်နေပြီ။ ကိစ္စရှင်းပြီးတာနဲ့ အဆောင်ပြန်ပြေးပြီး ပြင်စရာရှိတာလေး ပြေးပြီးပြင်ဆင်လိုက်တယ် ။(တောင်တက်ခရီးတွေ မှာတော့ ကြက်ဥကြော်တာတို့ ဗုံးကြဲတာတို့ လို စကားဝှက်တွေရှိတယ်ဗျ နောက်ပိုင်းကြ နားလည်လာလိမ့်မယ်)
မနက်ခင်း အေးအေးချမ်းချမ်း မှာဆူညံမှု သိပ်မပြုစေပဲ ကိုယ့်ပါ့ကိုယ် လမ်းစလျောက်ဖို့ရယ်ဒီလုပ်ကြပြီး အမှာစကားလေးတွေလဲ ပြောပေးခဲ့ရတယ် ။ အယောက်လေးဆယ် ထဲမှာ တစ်ဝက်လောက် က လူသစ်တွေကိုး။ဒီမှာထူးခြားတဲ့ အစီအစဉ်လေးက ထွိန်နင် အမှန်ဆုံးဆုကို ရတဲ့ ဆုဝေဖြိုးကို Surprise လုပ်ကြတာပဲ ။

(ကိုယ်ကပထမတော့ ငိုအောင်ပါလုပ်ဦးမလို့ ကိုကျော်ကြား တားထားလို့) မနက်စာစား ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး လမ်းပြမရောက်သေးတာနဲ့ စထွက်ဖို့ သတ်မှတ်ထားချိန်နဲ့ နောက်ကျပြီးမှ ထွက်ခဲ့ကြတယ်။ ပျင်းရိစရာမြို့ အထွက် လမ်းကို မိနစ်လေးဆယ်လောက်မနားတမ်းလျောက်ကြပြီး မှာ တောင်ကြောအတိုင်း အောက်လျှိုထဲရှိ ချီချောင်း ကိုဆက်လက် ချီတက်ခဲ့ကြပါတယ်။ ပြဿနာက အာ့မှာစတာ ကားလမ်းကလို မဟုတ်တော့တဲ့ ဆင်ခြေလျော မတ်မတ်ကြီးတွေ က အတွေ့အကြုံရှိတဲ့ အ ဖွဲ့ဝင်ဟောင်းတွေအတွက် သိပ်ပြဿနာမရှိပေမယ့် အဖွဲ့ဝင်သစ်တွေအတွက်ကတော့ အတော် ဒူးတုန်ပြီး အတော်ဆင်းရခက်တဲ့နေရာတွေပါ ။

ဒါပေမယ့် စီနီယာအဖွဲ့ဝင်တွေက တစ်ဦးနဲ့ တစ်ဦးဖေးမပြီး ကူညီ တွဲခေါ်ကြလို့ သိပ်တော့ အခက်အခဲမရှိခဲ့ပါဘူး။ သြော် ကျွန်တော်လား ? ကျွန်တော်က တော့ ထုံးစံအတိုင်း နောက်ဆုံးက လိုက်ရတဲ့ လူနာတင်ကား (ခေါ်) အမှိုက်သိမ်း (ခေါ်) တုတ်ထိုး လို့ ခေါ်ကြတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ရှင် နောက်ချန် ဘက်ကီ တာဝန်ကို ယူတဲ့ စိတ်အလွန်အင်မတန် ရှည်လျားသူကြီးပါ။

ဒီလိုနဲ့ပဲ နေ့လည် ၁၁ နာရီလောက်မှာ နာမည်ကြီး ချီချောင်း ကို ရောက်သွားကြတယ်ပေါ့ဗျာ ။ အဖွဲ့ဝင်တွေကိုတော့ ဘာလို့ချီချောင်းက နာမည်ကြီးလဲဆိုတာတော့ ရှင်းပြစရာမလိုအောင် ကိုယ်စီ လျှာထွက်ပြီးနားနေကြလေရဲ့။ ချီချောင်းမှာပဲ နေ့လည်စာစားကြပြီး အမိအရ လူစုပြီး Group Photo လေး ရိုက်ခဲ့ကြတယ်ပေါ့ဗျာ။ အဲ့ဒီ့ အထိကတော့ ပျော်စရာလေးတွေပါ။

ဆက်ရန်………..

Photos credit Ray Khine Kyaw, Yin Yin and Other
ဦးမြဦး သား အကြီးကောင်

--

--