ခေါနုသုမ်​ ရဲ့ နှစ်​သစ်​ ဒိုင်​ယာရီ အပိုင်း(၂) (unicode)

Min San
Myanmar Global Expedition Club
7 min readJan 16, 2017

ကျွန်​​တော်​ ဗညား လူ​ပေါင်းမှား

written by ရဲမင်းဦး

! Please go to the following link if you can’t see the font correctly

https://goo.gl/3XaDLd

ကျွန်တော့် နာမည် ဗညား လို့ခေါ်တယ်ဗျ ။ ကျွန်တော် ဘယ်လို တောင်စတက်ဖြစ်လဲဆိုတော့ …….. ဒီလိုဗျ ၂၀၁၆ ဧပြီ လတုန်းက ဆေးတက္ကသိုလ် တောင်တက်အသင်းရဲ့ ဖုန်ကန် တောင်တက်ခရီးစဉ်အကြောင်း ရိုက်ထားတဲ့ ကိုရဲခိုင်ကျော် ရဲ့ Documentry လေးကြည့်မိပြီး ပိုးစဝင်တော့တာပဲ ။ ကျွန်တော့်ရဲ့ နံရိုးကတော့ အဲ့ဒီ့မတိုင်ခင်ကတည်းက MGEC နဲ့ အတူ ခရီးစဉ်တွဲ လိုက်ပါဖူးနေပြီ ။(သူကလဲ စည်းရုံးတယ်ပေါ့ဗျာ)ကျွန်တော်ကတော့ အခုခရီးစဉ်မတိုင်ခင်​ MGECရဲ့ ၂၀၁၆ ခုနှစ် ဂျူလိုင် မိုးရာသီ ရှမ်းရိုးမ တောင်တက်လေ့ကျင့်ရေး ခရီးစဉ်မှ စပြီး လိုက်ဖြစ်ခဲ့တာဗျ ။ နောက်ပိုင်းMGEC ရဲ႕ခရီး စဉ်တွေ လိုက်ရုံ တင်မကဘူး ထွိန်နင်တောင် မဆင်းရရင် တစ်ခုခု လိုနေသလိုရယ် ၊ နောက်ပြီး ခုဆို MGE FC ရဲ့ ပလေယာ တစ်ယောက် ပါဖြစ်နေပြီ ။ ကျွန်တော် က စာကလွဲရင် အကုန် စိတ်ဝင်စားတယ်လေ ။

…… ထားပါဗျာ အဲ့တာတွေ အခု ဒီ မနက် တော့ အတော်မိုက်တယ်ဗျ ရာသီ ဥတုကလဲ အေးစိမ့်စိမ့် လေးဆိုတော့ ဘောသမားအကြိုက်ပဲ ။မနက်စာစားပြီး လမ်းပြစောင့်နေ ရတာနဲ့ ထွက်ချိန်နောက်ကျ ၊ အခု လမ်းနည်းနည်း လေး လျောက်လိုက်တာနဲ့ ဗိုက်ပြန်ချောင်ပြီး ဗိုက်ဆောင်ဆာလာပြီ ။

လမ်းလျောက်ရလို့ မောသလားတော့ မမေးနဲ့ ဟိုသီချင်းလိုပဲ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး ။ ဘယ်မောမလဲဗျ ဒီခရီးစဉ်မှာ ကျုပ်က ကံအထူးဆုံးကောင် လေ။ ဒီ ခရီးစဉ်မှာ ကျုပ်က တစ်ဦးတည်းသော ကိုယ့်နံရိုး နဲ့ကိုယ် တောင်တက်ရတဲ့ ကံထူးရှင်(ဟို ကွီးတွေ ဘာမှ မနာလိုလာမဖြစ်ကြနဲ့) ၊အဲ့တာနဲ့ပဲ နံရိုးလေး နဲ့ အတူပျော်ပြီး ရှေ့ က လမ်းပြနဲ့ အတူ ဟို ချီချောင်း ဆိုလား ရှီချောင်း ဆိုလား အဲ့ ဒီ့ ချောင်းကို အစောဆုံးအဖွဲ့နဲ့အတူ ရောက် လာတာပဲ ။ နောက်က အဖွဲ့တွေလဲ သိပ်မကြာကြပါဘူး နည်းနည်းချင်းနဲ့ တစ်ဖွဲဖွဲ တော့ ရောက်လာကြတာပဲ ။ ကျုပ်လဲ သူတို့ အကုန်မစောင့်နိုင်တော့ဘူးဗျ ဗိုက်က ဆာနေပြီလေ ။ဒီတော့ ဟန်းကောထဲက ထမင်းထုပ် ထုတ်ပြီး ဝိုက်တော့တာပေါ့။ သိပ်မကြာပါဘူး နောက်ဆုံး က ထော့နဲ့ ထော့နဲ့ လူတစ်စု ဖြည်းဖြည်းချင်း ရောက်လာကြတာပဲ။

ဘက်ကီ ခေါ် (လူနာတင်ကား) မောင်းနှင်သူ ကီ်ွးရဲ ရဲ့ မျက်နှာ အခြေအနေကတော့ သိပ်မသာယာလှဘူး မနက်က ထွက်တာ နောက်ကျကတည်းက လမ်း ပြကို ကွိုင်ရှာနေတာ ခုလဲ ထောနဲ့ တစ်စု မောင်းလာပြီးဘာတွေ အလိုမကျလဲမသိဘူး။ ပြီးတော့ သူက ရောက်ရောက်ခြင်းအိတ်ချပြီး အားလုံးကို လိုက်ပြီးလှည့်ပတ် ကြည့်လိုက်သေးတယ် (ဟင်းတောင်းစားမလို့ထင်ပါတယ် )ဒါနဲ့ပဲ နေ့လည်စာကို ချီချောင်းဘေး မှာပဲ စားကြပြီး ချောင်းရေ နဲ့ပဲ ဟန်းကောတွေ ဇွန်းတွေဆေး ပြီးတော့ အဲ့ဒီ့ချောင်းရေကိုပဲ သောက်ကြတယ်ပေါ့လေ ။အဲ့ ကြက်ဥ ကြော်တဲ့ နေရာကိုတော့ ချောင်း နဲ့ခပ်လှမ်းလှမ်း အကွယ်ကို သွားဖို့ သတ်မှတ် ပေးထားတယ်ဗျ ။ ဒါနဲ့ တောင်တက် သွားနေရင် အပေါ့၊အလေးသွားတာကို ကြက်ဥကြော် တာနဲ့ ဗုံးကြဲတယ်လို့ ပြောကြတယ်ဗျ (စကားဝှက်သဘောပေါ့လေ) စားလို့သောက်လို့ပြီးကြတော့ ဂရုဖိုတို တွေ ရိုက်ပြီး အေးစခန်း ကို တက်ကြဖို့ပြင်ဆင်ကြတယ် ။ အေးစခန်းဆိုတာက မနေ့က မင်းတပ် ကနေ လှမ်းတောင်မြင်နေရတဲ့ရွာလေး အခု ချီချောင်း ကိုဆင်းတာ နှစ်နာရီလောက်ပဲ ကြာတာကို အတက်က အလွန်ဆုံး မှ လေးနာရီပေါ့ ။ ဒီလောက်ဘအီးဇီးဂိုးရင်း ကို ဒီလူကြီးတွေ ဘာလို့ အာ့လောက်လောနေကြလဲ နားမလည်နိုင်ဘူး။ အကုန် စထွက်ကြမယ်လဲဆိုရော
ဗညား …… ကွီးရဲ အသံ လှည့်ကြည့်ပြီး ပြန်ထူးလိုက်တယ် ……..ဟုတ်ကဲ့ ကွီး
ညီ့ဆီမှာ ဒီညနေ ချက်မယ့် ရိက္ခာ တွေလား.?…. မဟုတ်ဘူး ကွီး (ဟုတ်တယ် လို့မဖြေခဲ့တာ အရမ်းနောင်တရတာပဲ) အေးအဲ့ တာဆို အစ်ကိုတို့နဲ့ ဘက်ကီနေခဲ့ကွာ ဟိုကောင် တွေ စစ်နိုင်နဲ့ ကရင်လေးက ဒီညနေချက်မယ့် ရိက္ခာတွေ သယ်ထားလို့တဲ့ (အာ့နှစ်ကောင် စွန်းဉာဏ်ကောင်းခဲ့တာ) ဒီမှာ စံကြီး နဲ့ အောင်အောင်ကျော်က လဲ ဘောကန်တုန်းက ဒါဏ်ဖြစ်ထားတော့ ဒူးနာနေတယ်ဆိုတော့ သူတို့နဲ့လအတူ နောက်ဆုံးက ဖြည်းဖြည်းပဲ လျောက်ကြတာပေါ့ ။……
ဒါပေါ့အစ်ကို MGE FC အသင်းသား တွေချည်းကျန်တာပေါ့။(စိတ်ထဲမှာတော့ တွေးမိသား န့ရိုးရေ တာ့တာ)..

အာ့တာ က မစသေးဘူး စတာက ထမင်းထုပ် တွေကို မီးရှို့ဖို့ မီးမွှေးလို့မရတာပဲ ချောင်းဘေးမှာ အပြင် လေကလဲ မတရားကိုတိုက်နေတော့တာ တောက်လာလိုက် ပြန်ငြိမ်းသွားလိုက်နဲ့ နောက်ဆုံး မိနစ်နှစ်ဆယ်လောက်ကြာမှ မီးတောက်ပြီး ရှို့လို့ ရသွားတယ်။အဲ့ဒီမှာ စတာပဲ တစ်ချို့ အဖွဲ့ သားတွေ ကထမင်းထုပ်တွေကို ထမင်းသက်သက် အိတ် သက်သက် မသွန်သွားတာပဲ။ အဲ့မှာ ကွီးရဲနဲ့ ကွီးအောင်အောင်ကျော် ဒေါသတွေထွက်တော့တာပဲ။
ဟုတ်လဲ ဟုတ်တယ်ဗျ ကျွန်တော်တို့ လေးယောက် အပြင် လမ်းပြကြီးရဲ့ သား လမ်းပြေ လး နိုင်ထမ်း ပါ ဝိုင်းရှင်းပြီး မီးရှို့တာတောင် ဟင်းအဆီတွေပေပွပြီး တစ်နာရီကျော်လောက် ကိုရှိုယူရတယ်။
… ကွီးရဲ ထားခဲ့ လိုက်ပေါ့လို့ ပြောတော့….. ထမင်းဟင်းအကျန်တွေကို ထား ခဲ့တာ ပြဿ နာ မဟုတ်ဘူး အချိန်တန် ခွေးတွေ ငှက်တွေ စားရင်စားမစားလဲ ဆွေးသွားမှာ မဆွေးတာက ဒီ ပလက်စတစ် အိတ်ခွံတွေ ဒါတွေကိုတော့မီးရှို့ မှရမယ် ၊ တောင်တက်သမားဆိုတာ ခြေရာ ကလွဲလို့ ဘာမှ မချန်ခဲ့ ရသလို ၊ အမှတ်တရ တွေ ဓာတ်ပုံ တွေကလွဲပီး လဲဘာမှ ပြန်မယူသွား ရဘူးတဲ့ ။ အဲ့ဒါ နဲ့ပဲ မီးရှို့ပြီး ရှေ့ ကအဖွဲ့နောက် လိုက်တက်ခဲ့ကြတာပေါ့ဗျာ ရှေ့က အဖွဲ့ကလဲ မြန်တယ်ဗျ ကျွန်တော်တို့ ကားလမ်းအတိုင်း တစ်နိုင်ရီလောက်အရှိန်မြှင့်ပြီး လိုက်တာတောင် မမြင်ရသေးဘူး။ ဒူနာနေတဲ့ နှစ်ယောက်တော့မသိဘူး ကိုယ်တောင် လျှာထွက်ချင်လာပြီ ၊ စဉ်းစားကြည့်လေ ပေါင် သုံးဆယ် လောက်ရှိတဲ့ဘအိတ်ကိုလဲ လွယ်ထားသေး ရှေ့က အဖွဲ့ ကိုမှီအောင်လဲ ကားလမ်းအတိုင်း ဒုန်းတင်ပြီးတက်လာတာ ပြန်တောင် ဗိုက်ဆာချင်လာသလို ပဲ၊ အဲ့ဒီ့မှာ ပဲ အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်းမြတ်စံ က သူယူလာသမျှ မုန့်တွေ ထုတ်ကျွေး တော့တာပဲ လမ်းကတွေ့သမျှ ကလေးတွေလဲ အကုန်ပေးပေါ့။ ကောင်းမြတ်စံ ဆိုတာ အခု ကျွန်တော်တို့ အဖွဲ့မှာပါသမျှယောကျၤား လေးတွေထဲမှာ အသက် အငယ်ဆုံး ဒါပေမယ့် အကောင်အကြီးဆုံးဗျ ။ဘယ်လောက်ကြီးလဲဆိုရင် ကျွန်တော်တို့နဲ့ ပါလာသမျှလူတွေထဲမှာရော လမ်းတစ်လျောက်လုံး တွေ့ သမျှထဲမှာရော သူ့ထက်ကြီးတာ နွားနောက်ပဲ ရှိတယ် ။
လူတွေတော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ ….
ဘာလို့လဲ ကွီးရဲ ……
ဒီမှာလေ ကားလမ်းတွေ ကို အကျယ်ကြီးတွေချဲ့ပစ်တာ တို့ ဟိုအရင်တုန်း က သွားနေကျ လူသွား တောလမ်းတွေ အကုန်ပျောက်ကုန်ပြီ။ ….
ကားလမ်းဖောက်တော့ ပိုမကောင်းဘူးလား..?
ပိုတော့ ကောင်းတာပေါကွာ နိုင်ငံခြားခရီးသွားတွေ ပိုလာမယ် ပြည်တွင်းခရီးသွားတွေလဲ ပို လာမယ် အဲ့ဒီထဲမှာ ထိန်းသိမ်းတဲ့ သူက လူနည်းစုပဲ အများစု က မထန်းသိမ်းကြဘူး သဘာဝအရသာကို ခံစားဖို့ထက် အလှဓာတ်ပုံရိုက်ဖို့ လာကြတဲ့သူတွေများတယ် ။ ထိန်းသိမ်းရကောင်းမှန်းမသိကြဘူး။ သူ့ပါ့သူ နေတုန်းက ဘာမှ မဖြစ်ဘူးလူတွေလုပ်မှ တောတွေတောင်တွေ ရဲ့ Eco System ပျက်ဆီးပြီး တို့နောက်မျိုးဆက်တွေ တက်စရာတောင်မရှိပဲ ဖြစ်နေကြလိမ့်မယ်။တို့ဖြတ်လာတဲ့ ကားလမ်းဘေးက နေရာတွေ ကိုကြည့်လေ တောင်ယာ ရိှို့ ပါများတော့ မြေဆီတွေခန်းပြီး တောင်ကတုံးတွေဖြစ်နေပြီ ။
ဟုတ်တယ်နော် ……

တကယ်တော့ ဒီလိုနေရာမျိုးက အရမ်းတန်ဖိုးရှိတာ ၊သူများနိုင်ငံမှာ ဆို ဝင်ကြေးအများကြီးယူပြီး ပြစားကြတာ တကယ်တမ်းက ကိုယ့်ဆီက လောက်တောင် မလှတဲ့နေရာတွေကို သေချာထိန်းသိမ်းပြီး နိုင်ငံခြား ဝင်ငွေရှာတာ ။ အခုတို့ဆီ ကတော့ အရင်ပုံမှန်လာနေကျ ဖြတ်လမ်း တွေ တောလမ်းတွေ အကုန်ပိတ် နေပြီ။ ကားလမ်းအတိုင်း လျောက်နေရမှတော့ ဘာလုပ်မှာလဲ ကားနဲ့ပဲ တက်သွားမှာပေါ့ တောတိုးချင်လို့ လာတာ ခုထိ လမ်းပေါ်လျောက်နေရတုန်း။……
စကားပြောလျောက်လာရင်း ဖြတ်လမ်းတစ်ခုတွေ့တော့ ဟေ့ရောင်တွေ လာဟ ဒီမှာတောလမ်း …
ဆိုပြီးဝမ်းသာအားရ လှမ်းအော် ခေါ်ပြီး လမ်းပြကောင်လေး ကိုလဲ… ညီလေး ဒီ လမ်းကသွားလဲ ရောက်တယ်မလား အစ်ကိုသွားဖူးတယ် …
အစ်ကို ကဘယ်လိုသိလဲ …. သွားလို့ကရတယ် တောတိုးရမယ် နည်းနည်းညအတက်မတ်တယ်နော်
ဘာဖြစ်သေးလဲ တောတိုးချင်လို့ လာတာကွ မင်းက ရန်ကုန်သားကို ငပျော့ တွေမှတ်နေလား ….
ရတယ်လေ အစ်ကိုသွားချင်တယ်ဆို သွားကြတာပေါ့ကျွန်တော်က ပိုတောင်သဘောကျသေးတယ်.. ဒါ ဆိုလဲ ချ အစ်ကို (စံကြီး) ကိုအောင်ကျော်က ပြုံးစိစိ နဲ့
ကိုယ်လဲ ဘယ်အညံ့ ခံပါ့မလဲ တီးဗျာ ကွီးရဲ တောလမ်းသာပြောတယ် စကတည်းက မတ်မတ်ကြီး တွယ်တက်လိုက်ရတယ် .ဒါနဲ့ပဲ စကားပြောလိုက် မုန့်စားလိုက်နဲ့ မတ်တစ်လှည့် ပြေတစ်လှည့် လမ်းကို မိနစ် သုံးဆယ် ကျော်ကျော်လောက် တက်အပြီး ကားလမ်းပြန်ရောက်လာတယ် ၊ အမြန် နှုန်း နဲ့တက်လာတော့ ကိုယ်တောင်ကြွက်တက်ချင်သလို ဖြစ်လာတယ်။ ငါးမိနစ်လောက် ကားလမ်းအတိုင်း လျောက်လာတုန်း … ဒီမှာ နောက်ထပ်ဖြတ်လမ်းတစ်ခုဟေ့ ….
ကွန်တော် ခေါင်းမော့ကြည့်လိုက်တယ် ….
အားလားလား ခုနထက်တောင်မတ်သေးတဲ့ဘကုန်းတက်ကြီး မျက်စိဆုံးတဲ့လအထိ တောက်လျောက် ပြေမယ့် လမ်းမတွေ့ဘူး ။
တို့တက်ကြမလား….?
(ကွီး ရယ် အေးဆေး သူများတွေ တက်သွား သလို ကားလမ်းကအေးဆေး တက်ကြတာပေါ့လို့ ပြောဖို့ ကြံစည်တုန်း:)
.. ချ ! ………..(ဝမ်းခေါင်း သံ အသံ နက်ကြီးနဲ စံကြီး)
ကျွန်တော်လဲ အဲ့ဒီလို ကြမ်းမှကြိုက်တာ အစ်ကိုရ ..
ကျွန်တော် ဗညား အောင်အောင်ကျော့် ဆီစစ်ကူတောင်းဖို့ကြည့်လိုက်တယ် သူကလဲ ပြုံး စိစိ နဲ့…
(ဒင်း တို့ နှစ်ယောက်ကလဲ ဒူးသာနာနေကြတယ် သာဆိုတယ်)
နားလည် လိုက်ပြီ အံကိုကြိတ်ပြီး ချမယ်…..
စကားလေး တစ်ပြောပြော နဲ့ နောက်နာရီဝက်လောက် တောလမ်းအတိုင်းတက်လာပြီး တစ်နေရာရောက်တော့ ရုတ်တရက်ကြီး ငါတို့ ပေလေးထောင်ကျော် ရောက်လာပြီကွ …..
အန် ဘယ်လို သိလဲ ?
ဒီမှာလေကွာ ဖာထင်းရှုး တွေ …..
မြင့်မားလှတဲ့ ထင်းရှုး ပင်ကြီးတွေ သူပြောမှပဲ သေချာ ရပ်ကြည့်မိတော့တယ် လှလိုက်ကြတာ ….တောက်လျောက် ခေါင်းငုံ့ အံကြိတ်ပြီးလျောက်လာတာ ခုမှသတိထားမိတယ်။
သူကထင်းရှုးဆီထုတ်လို့ရတော့ လူတွေ က ခုတ်ပစ်ကြတယ် အသုံးဝင်တာကိုး ၊ သူ့ အရွက်ကိုတော့ သွားမစားမိစေနဲ့မောင် ဝမ်းလျောတတ်တယ် ပြောကြတယ်။
အစ်ကိုက အာ့ဒါတွေဘယ်လိုသိလဲ ? စကား အနည်းဆုံး အချေကောင်ကြီး အောင်အောင်ကျော်ရဲ့ မေးခွန်း….
ဒီလိုပဲ စီနီယာတွေ က Share. လုပ် သွားတာတွေ မှတ်ထား ကိုယ်တိုင်လဲလေ့ရတာပေါ့ ဟ၊
အခု ဒီ နတ်မတောင်တောင်မှ ဟိုးအရင် နှစ်တွေ သန်းချီတုန်းက မီးတောင်ဖြစ်ခဲ့ဖူးတယ်ပြောတယ်။ အခု တို့ဖြတ်လာတဲ့ ချီချောင်း ကလဲ မီးတောင်ပေါက်တုန်း က ပေါ်လာတဲ့ ပြတ်ရွေ့ ကြောလို့ ဘူမိဗေဒပါမောက္ခကြီး ဒေါက်တာ မောင်မောင် ပြောဖူးတယ်။
အာ့အချိန်မှာပဲ ကွီးတို့ ဆိုပြီး ဂျယ်လီ တွေ မုန့်တွေ ရေတွေ သယ်လာသမျှ စံကြီး ကထုတ်ကျွေးပြန်တယ်။
ရှူးတိုးတိုး ……စကားပြောသံတွေ ကြားရတယ် ရှေ့က အဖွဲ့ ကို မှီခါနီးပြီထင်တယ်.. ဟုတ်တယ်မလား နိုင်ထမ်း ..
ကိုးတန်း ကျောင်းသား အရွယ် နိုင်ထမ်း ကလေးပီပီ ဖင်ပေါ့သလို အရွယ်နဲ့မလိုက်အောင် တောတွင်း အတွေ့ အကြုံ ရှိတယ်ဗျ ။ မျက်နှာမှာလဲ အမာရွတ် ကြီးနဲ့ စိတ်လဲကြီးတဲ့ ခြေသွက်လက်သွက်လူငယ်တစ်ယောက်ဖြစ်ပုံပဲဗျ။
အင်း …. မှီတော့မယ် ထင်တယ် နော့
ဒါဆိုလဲ ခပ်သွက်သွက် လိုက်ရအောင်လေဆက်လက်ချီတက်ပြီး သိပ်မကြာခင်မှာပဲ ကျွန်တော့် ခြေသလုံးနှစ်ဖက်စလုံးက ကြွက်တက် လာတယ် ။ ရှေ့ကလျောက်သွားတဲ့ လမ်းပြကောင်လေးနဲ့ ကွီးရဲ ၊ကကောင်းမြတ်စံ တို့ကတော့ မြင်ကွင်းကပျောက်သွားပြီး ကျွန်တော်နဲ့ ကိုအောင်အောင်ကျော်(ဒေါသအိုး) နှစ်ယောက်ပဲ ကျန်ခဲ့တယ် ။ စကားတပြောပြောနဲ့ ကုန်းတက်တွေတစ်ခုပြီးတစ်ခု တက်လာပြီး ထင်းရှုးပင်တွေခုတ်ပြီး ပုံထားတဲ့ သစ်ခွဲစခန်းတစ်ခု နားရောက်တော့ သူတို့စောင့်နေကြတာတွေတယ် (ရှေ့ကအဖွဲ့ကတော့ အသံတွေပဲ ကြားပြီး ခုထိ မြင်ကွင်းထဲမရောက်လာကြသေးဘူး)
အောင်အောင်ကျော် ဘာဖြစ်တာလဲ ….. ?
ကျွန်တော် ဘာမှမဖြစ်ဘူး ဗညားကြွက်တက်နေလို့. ..
ပြောကာမှ ခြေထောက်နှစ်ဖက်လုံးပိုဆိုးလာလို့ မြေကြီးပေါ် ခြေပစ်လက်ပစ်ထိုင်နားပြီး ရေကိုဘအဝသောက်ပလိုက်တယ် ။ စိတ်ထဲမှာတော့ ကိုယ့်ဘာ့ကို ဒေါသထွက်နေတာပေါ့ ရှေ့ကသာဘိုက်သွားရင် ခုလောက်ဆို စခန်းမရောက်သေးရင်တောင် I’ll Follow you ပုံလေးတွေ အများကြီးရိုက်လို့ရမှာ

အခုတော့….
သက်သာလား ဗညား ….?
ကျွန်တော်အတွေး စ လေး ပြတ်သွားတယ် .
ရပါတယ် အစ်ကို ခဏနားလိုက်ရင် …
ဘယ်သူ့အိတ်ထဲမှာမှာဆားပါလဲ …?ပါရင် ထုတ်ပေးကြ. … တစ်ခြားလူတွေ ရဲ့ ရိက္ခာ အိတ်ထဲပါသွားတယ် ။
ကျွန်တော့်မှာ ဓာတ်ဆား ပါတယ် သောက်ရမလား။
ဓာတ်ဆားက စခန်းရောက်ပြီး နားမှသောက် ပိုတက်ဆီယမ် မညီမျှပဲနေမယ် အခုလိုတာ ဆိုဒီယမ် .. ဒီတော့………..အောင် အောင်ကျော် မင်းအိတ်ထဲ က နွားနောက်သားခြောက်ကြော် ထုတ်ကွာ …..
ကျွန်တော် မျက်လုံးတွေအရောင်တောက်သွားတယ် .. ဟုတ်တယ်လေ မနေ့က အဖွဲ့အတွက် ရိက္ခာဆိုပြီး နွားနောက် သားခြောက် တစ်ပိဿ ာဝယ်ပြီး ထမင်းဆိုင် ကို ကြော်ခိုင်းခဲ့တာ မနက်ကျတော့ ထမင်းဆိုင်က ဆားငန်ငန်လေး နဲ့ မွကြော်ထား ပေးလို့ အတော်လေး စားလို့ကောင်းတယ်ဗျ ၊ ဒါတောင် မနက်က ထမင်းဆိုင်ကို ကွီးရဲနဲ့ ကို ကြိုသွားပြီး တစ်ဖွဲ့လုံးအတွက်နေ့လည်စာ ကြိုထုပ်ထားရင်း မြည်းကြည့်ခဲ့တာ ၊အခု အဲ့ဒီနွားနောက်သား ကြော်ထုတ်ကို ကိုအောင်အောင်ကျော် သယ်လာတာ ဆိုတော့ ကွက်တိပဲလေ ။ ဒါနဲ့ပဲ ကျွန်တော်ကြွက်တက်တာ အကြောင်းပြပြီး အဲ့ဒီ့ နွားနောက်သား ဆားငန်ငန်ကို တစ်ဖွဲ့ လုံးထုတ်မြည်းစမ်းကြတယ်ပေါ့ဗျာ ။ကြွက်တက်ရင် ကုထုံးအသစ်ပေါ့ ကျွန်တော်တော့ ကြွက်တောင်ခဏခဏ တက်ချင်သွားရော။(ဒီနွားနောက်သား ကုထုံးကိစ္စ ကိုလေ ခရီးစဉ်တစ်လျောက်လုံး ဘယ်သူ့ကိုမှ ဖွင့်မပြောထားရသေးဘူးဗျ သိရင်သူတို့ ဘယ်ကျေနပ်ကြပါ့မလဲ နော့ဗျာ
နားလိုက်လို့လား ?
နွားနောက် သားခြောက်ကြော် ကြောင့်လားတော့မသိဘူး တော်တော်လေးတော့ ခြေထောက်တွေသက်သာသွားတယ်။ခပ်သွက်သွက်လေး လျောက်လိုက်တော့ သိပ်မကြာပါဘူး ရှေ့က အဖွဲ့ကိုမှီရော သူတို့ကလဲ သိပ်တော့ အင်အားမနည်းလှဘူးဗျ EC အဖွဲ့ ဝင် ကိုကျော်ကြား နဲ့ ကိုရဲခိုင်ကျော် တို့လဲပါတယ် ။ ယောကျာၤးလေး အချို့နဲ့ မိန်းကလေးအဖွဲ့ ဝင် တွေထဲကတော့ တစ်ဝက်လောက်ကို ကျန်ခဲ့တာ ။

ဒါနဲ့ပဲ ကွီးရဲတို့ ကိုကျော်ကြားတို့လဲ မိန်းကလေးတွေကို ဝိတ်လျော့ပေးရတာပေါ့ ။ ဝိတ်လျော့်တယ်ဆိုတာ သူတို့လျော့သွားပြီး ယောကျာၤးလေးတွေမှာတိုးလာတာဗျ ။ ကွီးရဲလဲ သားဗိုက်ကောင်ဖြစ် ကိုကြားလဲ ကြိုးတွေတို့လို့တွဲလောင်းနဲ့ ရမ်ဘိုကြီးကိုဖြစ်လို့ ကိုယ့် နဲ့ ကျန်တဲ့ ယောကျာၤးလေးတွေလဲ ကျောပိုးအိတ်ကြီးတွေပိုဖောင်းသွားတယ် ။

အဲ့ဒီ့ အချိန်မှာတင်ပဲ အတော်လေး အပူချိန်ကျသွားတာ သတိထားမိတယ်။ မြူတွေလဲ စပြီးဆိုင်းလာတယ်။ ကွီးရဲ ကတော့ … ကဲ မိန်းကလေးတွေ ကျွံန်တော်တို့ ဝိတ်လျော့သင့်သလောက်လဲ လျော့ပေးပြီးပြီ ရှေ့လျောက်နှေးနေသေးရင်တော့ ကျွန်တော်တို့ ဆက်ပြီး စောင့်လျောက်ပေးမှာ မဟုတ်ဘးူ ထားခဲ့တော့မယ် ၊ ဒီတော့ တောထဲမှာ မှောင်မဲကြီးထဲ တစ်ယောက်ထဲ မလျောက်ချင်ရင်တော့ ရှေ့ကလူတွေမှီအောင်လိုက်လျှောက် ဆိုပြီး သူဦးဆောင်ပြီးတက်သွားတယ် ။ ကျန်တဲ့ သူတွေလဲ ခပ်သွက်သွက် လိုက်လျောက်ကြတာပေါ့ ။မိန်းကလေးတွေကတော့ပေါ့သွားပြီး ကျွန်တော်တို့ကတော့ ပိုလေးလာတာပေါ့ ၊ ပုခုံးတွေဆိုတာ ပြုတ်ထွက်ကုန်ပြီလားတောင်အောက်မေ့ရတယ် ။ သူတို့ကိုလဲ ကိုယ်ချင်းတော့စာသားဗျ ဒါသူတို့ ဘဝမှာ ပထမဦးဆုံး ပင်ပင်ပန်းပန်းလုပ်ဖူးတာဖြစ်မယ် ။စဉ်းစားကြည့်လေ ပေ သုံးထောင်ကျော် မတ်မတ်ကြီးဆင်း ပြီးတော့ ပေငါးထောင်လောက် တောလမ်းအတိုင်းမတ်မတ်ကြီး ပြန်တက် မိန်းကလေးတွေမပြောနဲ့ ယောကျာၤးလေးတွေတောင် လျှာ တစ်စောင်းကိုက်တယ်။ ဒါတောင်ထွိန်နင် ကို ရှယ်ဆင်းထားကြတာ။ အုပ်စုလိုက်ကြီး မြူထဲမှာ လျောက်လိုက် စောင့်လိုက် နားလိုက်ကြနဲ့ ညနေ ငါးနာရီ လေးဆယ့် ငါးလောက်မှာ ကျွန်တော်တို့ ညအိပ်စခန်းချမယ့် အေးစခန်း ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းကို ရောက်ရှိလာတော့တာပဲ။မြူတွေ ကျလျက်ကတော့ ရှေ့ငါးပေလောက်အထိတောင် ကောင်းကောင်းမမြင် ရလောက်အောင်ပဲ။ ရောက်တာနဲ့ မနားကြပဲ အရင်ရောက်နှင့်နေကြတဲ့သူတွေနဲ့အတူ အဖွဲ့လိုက် ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်ကြတယ်။ အဖွဲ့က တော့ လူလေးဆယ်ကို အဖွဲ့ A,B,C ရယ်ဆိုပြီး သုံးဖွဲ့ ခွဲတာပေါ့ဗျာ ။ ။ကျွန်တော် ကတော့ အဖွဲ့ Aအဖွဲ့ ဝင်တစ်ယောက်ပေါ့ ။အဖွဲ့ တစ်ဖွဲ့ မှာ အဖွဲ့ ခေါင်းဆောင် တစ်ယောက် ဒုအဖွဲ့ခေါင်းဆောင် တစ်ယောက်ရှိတယ်ဗျ ။

ဒီမှာတော့ ခေါင်းဆောင် နေရာကို အသက်အရွယ် ပညာအရည်အချင်းတွေ နဲ့ မဆုံးဖြတ်တဲ့ တစ်ခုတည်းသောနေရာပဲ ၊တောင်တက် အတွေ့အကြုံ နဲ့ပါ ဆုံးဖြတ်တယ် ။ ကျွန်တော်တို့ အဖွဲ့ A အဖွဲ့ခေါင်းဆောင်တာဝန်ယူထားတာက ကိုကျော်ကြား ၊ အဖွဲ့ B ကို တာဝန်ယူ ဦးဆောင်တာက ကိုရဲမင်းဦး(ကွီးရဲ) ၊ အဖွဲ့ C ကို တာဝန်ယူ ဦးဆောင်တာ ကို အောင်အောင်ကျော်။ ဒီအေးစခန်းရောက်မှ အနောက်က ဆိုင်ကယ်နဲ့ လိုက်မှီတာက ကျွန်တော်တို့ရဲ့ ဆေးမှုးကြီး ဒေါက်တာရန် (သူကတော့ မင်းတပ်ကို ထွက်မလာခင်ညအထိ စာမေးပွဲနဲ့ နပမ်းလုံးနေရတုန်း)နောက်ထပ်တစ်ယောက်ကတော့ ကျွန်တော်တို့ အဖွဲ့ရဲ့ မှတ်တမ်း တင်တာဝန်ယူထားတဲ့ ကိုရဲခိုင်ကျော် သူကတော့ ကြိုပြီး မင်းတပ်ကိုရောင်နှင့်နေသူ။ သူတို့အားလုံး ကတော့ အခုခရီးစဉ်ကို ဦးဆောင်စီစဉ်ကြတဲ့ သူတွေပေါ့ဗျာ။(MGEC ရဲ့ဖိုက်တာကြီးတွေ)


ညစာကိုတော့ Head light မီးရောင်တွေနဲ့ တစ်ပျော်တစ်ပါးကြီးစားကြတယ် ၊တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဟင်းတွေလဲစားလိုက်ကြ စကြနောက်ကြ ဝိုင်းကူလုပ်ကြရင်းနဲ့ ပျော်စရာကြီးဗျ ။ဒီအထိ ရောက်အောင်တက်လာရတာတောင် ပြန်မေ့သွားတယ်။ ဒီနေ့ ညစာရဲ့ အဖွဲ့ အကုန်လုံးမှာပါတဲ့ ထူးခြားတဲ့ ဟင်းက တော့ ကြက်ဥကြော်ပဲ (တကယ့် ကြက်ဥကြော်ကို ပြောတာဗျ၊ ဟို စကားဝှက် မဟုတ်ဘူး) ။ ဒီနေရာမှာ ကြက်ဥကြော် စားရဖို့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး ။ချင်းပြည်မှာက ကြက်ကရှားတယ် ။ထမင်းဆိုင်တွေမှာ ကြက်ဥတို့ ကြက်သားဟင်းတိုနဲ့စားရင် ပိုဈေး ကြီးတယ်။ ဒီလို တောင်တက်ရင်း ကြက်ဥကို သယ်လာဖို့ဆိုတာလဲ လွယ်လှတာတော့မဟုတ်ဘူး။ ညီငယ် ကောင်းမြတ်စံ က တစ်ဖွဲ့လုံးစားဖို့ ဆိုပြီး ကြက်ဥ အလုံးသုံးဆယ်လောက်ကို ကတ်နဲ့ အထပ်ထပ်ထုတ်ပိုးပြီး မကွဲအောင် အပင်ပန်းခံသယ်လာပေးလို့ ။ကျေးဇူးတင်ပါတယ်ညီလေးရေ ။

ညစာစား လုပ်စရာရှိတာတွေ ဝိုင်းကူလုပ် ပြီးတော့ စောစောစီးစီးပဲ အိပ်ယာဝင်လိုက်တယ် ဒီနေ့က အတော်လေး ပြိုင်းသွားတာကိုး ။ဟိုလူကြီးတွေကတော့ အပြင်မှာ အမှိုက်တွေ မီးရှို့နေကြတုန်း ဒီလောက်ချမ်းချမ်းအေးအေးကြီးမှာ။ နံရိုးလေးနဲ့ အိပ်မက်ထဲမှာပဲ Follow လိုက်တော့မယ် ။ ဂွတ်နိုက်ဗျာ …….
ဆက်ရန်………….

Photos credit to Ray Khine Kyaw and others

ဦးမြဦးသား အကြီးကောင်

--

--