လူငယ်များအတွက် Android productivity applications

Thetsu Htet
Jul 29, 2017 · 1 min read

မင်္ဂလာပါ MYEOers! သူငယ်ချင်းတို့ကို မေးခွန်းတစ်ခုမေးချင်ပါတယ်…. တစ်နေ့တစ်နေ့ သင်တို့ရဲ့ smartphone တွေကို အလုပ်အကိုင်နှင့် ပတ်သတ်လာရင် ဘယ်လိုအသုံးပြုပါသလဲ? ပြက္ခဒိန် application နှင့်တကွ သင့်ရဲ့တစ်နေ့တာ ချိန်းဆိုချက်များအား မှတ်ထားပါသလား? သင်ရဲ့ smartphone ပေါ်က မှတ်စု application ကိုအသုံးပြုပြီး ဗဟုသုတ အချက်အလတ်များကို စုဆောင်းတတ်ပါသလား? ဒါမှမဟုတ်ရင် Gmail လိုမျိုးနာမည်ကြီးတဲ့ application သုံးပြီး အီးမေးလ် ရေး၊ပို့၊ဖတ်တာမျိုး လုပ်ပါသလား?

ဒါတောင်မှ smartphone ကိုအသုံးပြုပြီး အလုပ်ရုံးခန်းတွင်သာမက ကိုယ်ရေးကိုယ်တာကိစ္စများကိုပါ လွယ်လွယ်ကူကူ ကုန်ထုတ်စွမ်းအားကို ၁၀၀ ရာခိုင်နူန်းအထိ ရနိုင်အောင် ကူညီပေးမယ့် application တွေအများကြီးရှိပါသေးတယ်!

ဒီတစ်ခေါက်ဆောင်းပါး ထဲမှတော့ မြန်မာလူငယ်များအတွက် Android productivity applications ငါးခုအကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။ ကိုယ့်အတွက် အသုံးဝင်မယ်လို့ထင်ရင် ချက်ချင်း download သွားဆွဲလို့ရပါတယ် အကုန်လုံးက free applications တွေပါ။

၁. Google Calendar

Google Calendar ကတော့ ကြားဖူးနေကျမှာပါ။ ကမ္ဘာတဝန်းလုံး နာမည်ကြီးပြီး လူများသန်းချီပြီးတော့ သုံးစွဲကြပါတယ် ၊ အဲ့လောက်တောင် ကောင်းတာပါ။ ရိုးရိုးပြက္ခဒိန်တစ်ခု မဟုတ်ပါ ၊ free လည်းဖြစ်ပြီး အသုံးဝင်မူများစွာထည့်သွင်းထားပါတယ်။ Goals ဆိုတဲ့ feature တစ်ခုဆိုလျှင် သင့်ချိန်းဆိုချက်များနှင့် မတိုက်သော အားလပ်ချိန်များ ရှာဖွေပြီး လေ့ကျင့်ခန်းလုပ်ခြင်း ၊ ဂစ်တာတီးကျင့်ခြင်း စသည့် အလုပ်အကိုင်များအတွက် အဆင်ပြေအောင် လုပ်ပေးပါတယ်။ ဒါတွင်မက user interface ဟာ သပ်သပ်ရပ်ရပ်လှလှပပ ရှိပြီး သင်သုံးရတဲ့အခါ လွယ်ကူချောမွတ်စေပတယ်။ Web version လည်းရှိပြီး ပြက္ခဒိန် ၂ခု ၃ခု ခွဲလို့လည်း အဆင်ပြေပါတယ်။

၂. Habitica

ဒီ application ကတော့ဂိမ်းဆော့တာနှစ်သက်သော်လည်း ကောင်းမွန်သော အလေ့အကျင့် habits များမလုပ်နိုင်သော လူများအတွက်ကွက်တိပါပဲ။ တစ်နေ့တစ်နေ့ habits များအားလုပ်နိုင်အောင် တွန်းအားပေးပြီး ကိုယ့်ရဲ့ဂိမ်းavatar ကနေအဆင့်တက်သွားမှာပါ။ သံချပ်ကာများ ၊ လက်နက်များ unlock ဖြစ်တဲ့ အမှတ်တွေရမှာပါ။ Habits မလုပ်ဖြစ်ရင် အမှတ်လျော့နည်းပြီး avatar ရှုံးနိမ့်သွားမှာပါ။ သူငယ်ချင်းများနှင့် အတူတူလုပ်လည်းရပါတယ်။

၃. Pocket

သင်ဟာ Facebook သို့မဟုတ် အင်တာနက် တစ်နေရာရာက ဆောင်းပါးတစ်ခုကို ဖတ်ပြီးအရမ်းကြိုက်သော်လည်း နောက်ပြန်ရှာတဲ့အခါပြန်မတွေ့တော့တာမျိုး ဖြစ်ခဲ့ဖူးပါသလား? Pocket ဟာဆောင်းပါးများကို download ဆွဲထားပြီး နောက်အချိန်မှ အေးအေးဆေးဆေး ဖတ်လို့ရအောင် offline mode နဲ့အပါအဝင်ဖြစ်သော အသုံးဝင်တဲ့ application တစ်ခုဖြစ်ပါတယ်။ ဒါတွင်မက ဆောင်းပါးများအား မျက်စိရှင်းရှင်းနှင့် ဖတ်နိုင်အောင် format လုပ်ပေးပြီး ဆောင်းပါး save ထားတာများလာလျှင် သင်ကြိုက်မယ်ထင်သော အပြင်က ဆောင်းပါးများအား application ကအကြံပြုထောက်ခံချက်ပေးပါတယ်။

၎. Inbox

Google မှဖန်တီးထားသော အီးမေးလ် application ဖြစ်ပါတယ်။ Inbox ဟာ အခြားအီးမေးလ် ဝန်ဆောင်မူတွေနဲ့ ရှဉ်ကြည့်လျှင် ထူးခြားသော feature များရှိပါတယ်။ ဥပမာ သင့် အီမေးလ်များအား bundle လို့ခေါ်ပြီး သက်ဆိုင်သော category ထဲထည့်ပေးပါတယ် ၊ မလိုအပ်ပဲနဲ့ မျက်စိမရူပ်တော့ပါဘူး။ မေ့တက်လျှင်လည်း အီမေးလ်ထဲမှာ reminder ထည့်လို့ရပါတယ်။

၅. LastPass

Password တွေအများကြီသုံးပြီး ခဏခဏ မေ့တတ်လိုရှိရင် LastPass ကသင့်အတွက်အသုံးဝင်မှာပါ။ သင့်ရဲ့ password တွေအကုန်လုံးကို မှတ်ထားပေးပြီး လုံးဝမှတ်ထားရန်မလိုအောင် လုပ်ပေးပါတယ်။ သင်ဟာ သင့်ရဲ့ master password တစ်ခုတည်းကိုသာ မှတ်ထားစရာလိုပါတယ်။

MYEO Hub

Educational Platform for inspirational articles

    Thetsu Htet

    Written by

    MYEO Hub

    Educational Platform for inspirational articles

    Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
    Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
    Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade