အောင်ဆန်းစုကြည် (သို့) အာစီယံကလိုအပ်နေတဲ့ ခေါင်းဆောင် Aung San Suu Kyi: A Leader ASEAN Need

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်၏နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည်ဆိုတော့ ကျွန်ုပ်အတိုင်းမသိကျေနပ်မိ၏။ ကျွန်ုပ်စိတ်အစဉ်တွင် မြန်မာပြည်ကိုတော်တည့်ထက်မြက်သော နိုင်ငံခြားရေးဝန်ကြီးတဦး အမြဲရှိစေချင်ခဲ့သည်။ ကျွန်ုပ်တို့မြန်မာပြည်တစ်ခုထဲကသာ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုး၊ ခေါင်းဆောင်မျိုးကို ယခုလိုအချိန်တွင်လိုအပ်နေသည်သာမဟုတ် အာစီယံနိုင်ငံတွေသည်လည်း ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးကို အထူးလိုအပ်နေပေသည်။

အာစီယံနိုင်ငံများသည် ဒေသတွင်းကြုံတွေ့နေရသော အခက်အခဲ၊ အကြပ်အတည်းများကိုဖြေရှင်းနိုင်ခြင်းမရှိခဲ့ချေ။ ၎င်းတို့ကို စုစည်းညီညွှတ်လာအောင် ရှေ့ကဦးစီးမည့်ခေါင်းဆောင်ကောင်းလိုနေခြင်းကြောင့်ဖြစ်၏။ တောင်တရုပ်ပင်လယ်အရေးအခင်းလိုကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းရန်မှာ ခေါင်းဆောင်တစ်ဦးတစ်ယောက်၏ စကားကိုဖြစ်စေ ဦးဆောင်မှုကိုဖြစ်စေ ကျန်သည့်လူများက စည်းစည်းလုံးလုံးလိုက်နာနိုင်မှပင် ဖြစ်ပေလိမ့်မည်။ ထိုသို့သော အလုပ်ကိုလုပ်နိုင်မည့်သူ၊ အာစီယံခေါင်းဆောင်တွေကို ရှေ့ကဦးဆောင်မည့်သူမှာ ကျွန်ုပ်တို့ဒေသတွင်းတွင် အောင်ဆန်းစုကြည်တဦးကိုသာ မြင်မိပေသည်။

မြန်မာတွေသာပျော်သည်မဟုတ် အာစီယံသားတွေလည်း မျှော်ရသည့်ခေါင်းဆောင်မျိုးမှာ အောင်ဆန်းစုကြည်သာဖြစ်ပေလိမ့်မည် ဖြစ်သည်။ ။

--

--