ခုထိ Product Focused ကုမ္ပဏီမဖြစ်သေးဘူးလား

Lin Lae Naing Myint
ProductBaze
Published in
3 min readAug 11, 2020

အရင်ကတော့ Company တွေက ကိုယ့် Business မှာ သုံးမယ့် Website, Mobile App စတာတွေနဲ့ပတ်သက်ရင် Software Development ကိုပဲ အာရုံစိုက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Development နဲ့တင် မလုံလောက်ဘဲ Product ဘက်ကိုပါ အာရုံစိုက်သင့်တယ်ဆိုတာ သိလာကြပါတယ်။ Product ဘက်ကိုပါ အာရုံစိုက်မှသာ ကိုယ့် Product / Service က Customer ဆီကို ထိထိရောက်ရောက် ပိုမိုရောက်ရှိနိုင်မှာ ဖြစ်လို့ပါ။ ဒါကြောင့် ကိုယ်ပိုင် Product ထုတ်လုပ်တဲ့ Company တွေအနေနဲ့ “ကိုယ်က Product ကို အာရုံစိုက်တဲ့ Company လား”၊ တစ်နည်း “Product Focused Organization ဖြစ်ရဲ့လား” ဆိုတာကို အဖြေရှာကြည့်သင့်ပါတယ်။ ဒီဆောင်းပါးကတော့ အဲဒီမေးခွန်းကို အဖြေရှာဖို့နဲ့၊ ကိုယ့် Company ကို Product Focused Company ဖြစ်လာစေဖို့မှာ အထောက်အကူဖြစ်ပါလိမ့်မယ်။

အရင်ဆုံး Product Focused ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို အရင်ပြောပြပါမယ်။

Product Focused ဆိုတာ ဘာလဲ?
Product Focused ဆိုတာ ကိုယ့်ရဲ့ Product ကို ဘယ်လိုပုံစံထုတ်လုပ်ပြီး Market ထဲထည့်မှာလဲဆိုတာကို အဓိကအာရုံစိုက်တာဖြစ်ပါတယ်။ Market Trend တွေနောက်ကိုလိုက်ပြီး ကိုယ့်ရဲ့ Product က အမျိုးမျိုး ပြောင်းလဲနေတာမျိုးမဟုတ်ဘဲ… Product ရဲ့ Vision တွေ၊ Strategy တွေကို သေချာချမှတ်၊ Product Roadmap တွေဆွဲပြီး Product ကို အကောင်အထည်ဖော်တာမျိုးကို Product Focused လို့ သတ်မှတ်ပါတယ်။ Customer တွေရဲ့ ပြဿနာတွေကို လေ့လာပြီး ပိုကောင်းမယ့် (Customer တွေ / Competitor တွေ မမြင်သေးတဲ့) Innovative Product တွေ ထုတ်ဖို့ အာရုံစိုက်တာမျိုး ဖြစ်ပါတယ်။

Product Focused ဖြစ်ခြင်းက ဘာတွေကောင်းကျိုး ရှိနိုင်လဲ?
Tech Startup တွေမှာ များသောအားဖြင့် နည်းပညာနဲ့ Development ကိုပဲ အာရုံစိုက်နေပြီး Product ကိုဘယ်လိုပုံစံနဲ့ရှေ့ဆက်မလဲ အာရုံမစိုက်မိဖြစ်တတ်ပါတယ်။ အချို့ Company တွေကလည်း ကိုယ့် Competitor တွေ ဘာလုပ်နေလဲကိုပဲ အာရုံစိုက်ပြီး ကိုယ့် Customer ဘာတွေလိုနေလဲကို အာရုံမစိုက်မိဖြစ်တတ်ပါတယ်။ Market Trend နောက်လိုက်တာများပြီး ကိုယ့် Product က ဘယ် User ကို Target ထားမှန်းမသိတဲ့ အစုံသုပ် Product ဖြစ်လာတာမျိုး၊ မလိုဘဲ ဖောင်းပွလာတာမျိုးလဲ ကြုံတွေ့တတ်ကြပါတယ်။ Product Focused ဖြစ်ခြင်းက Product Vision ကို မပျောက်သွားစေဘဲ၊ ကိုယ့် Product ရဲ့ တကယ့် User တွေလိုအပ်ချက်နဲ့ ကိုက်ညီတဲ့၊ User တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ User Centric Product တွေကို ထုတ်လုပ်နိုင်စေပါတယ်။

Product Focused Company ရဲ့ ဥပမာကောင်းကတော့ Apple ပါ။ Apple က Customer တွေကိုယ်တိုင် သူတို့ရဲ့ နေ့စဥ်ဘဝမှာ ဒီလောက်အသုံးဝင်လိမ့်မယ်လို့ မသိခဲ့တဲ့ Product တွေကို ဖန်တီးခဲ့ပါတယ်။ Customer တွေကို ဘာလိုချင်လဲ မမေးဘဲ၊ Customer တွေအတွက် တကယ်လိုအပ်မယ့်​ Product ကို ထုတ်လုပ်ဖို့ Innovative ဖြစ်တဲ့ Product Vision တွေချပြီး အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် Ipod လို, Ipad လို Customers တွေ မမျှော်မှန်းထားခဲ့တဲ့ Product တွေ ထွက်ပေါ်ခဲတာပါ။ ဒါကြောင့် Product Focused ဆိုရင် Apple ကို ပြေးမြင်ကြတာပဲ ဖြစ်ပါတယ်။

Product Focused ရဲ့ ကောင်းကျိုးတွေပြီးတော့ Product Focused Company ဖြစ်ဖို့ ဘာတွေ လုပ်ဆောင်သင့်လဲဆိုတဲ့ အချက်အချို့ကိုလည်း ဝေမျှချင်ပါတယ်။

(1) Product Vision, Strategy and Roadmap
သေချာချမှတ်ထားတဲ့ Innovative ဖြစ်တဲ့ Product Vision, ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမယ်ဆိုတဲ့ Product Strategy, အဲဒါတွေကို ကောင်းကောင်းအထောက်အပံ့ပေးတဲ့ Product Roadmap… စတာတွေက Product Focus ဖြစ်စေဖို့ လိုအပ်တဲ့ အရာတွေပါ။ Product Roadmap က Product Focused Company အတွက် North Star (လမ်းပြကြယ်) လို့တောင် တင်စားကြပါတယ်။ Product Roadmap က လိုအပ်တဲ့ အပြောင်းအလဲတွေကို Flexible ဖြစ်သင့်သော်လည်း၊ ချမှတ်ထားတဲ့ Product Vision တွေ, Strategy တွေနဲ့ လမ်းလွဲသွားမယ့် အပြောင်းအလဲတွေကိုတော့ Company နဲ့ Product Team က သေချာ စဥ်းစားဖို့ လိုအပ်ပါတယ်။

(2) Research and Data Analysis
Customer Research, Market Research တွေလုပ်တာ၊ Customer Feedback တွေရယူတာ၊ Product Metrics တွေ ပုံမှန် တိုင်းတာတာ စတဲ့အချက်တွေကလည်း Product Focused ဖြစ်ဖို့ အရေးပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ Product Focused ဖြစ်တာကြောင့် Customer တောင်းဆိုတဲ့အတိုင်း၊ Feedback တွေအတိုင်း၊ Market Trend တွေအတိုင်း မကြာခဏ ပြင်ဆင်တာမျိုးတွေထပ်… Research တွေ၊ Data Analysis တွေကနေရတဲ့ Insight ကို သုံးပြီး ကိုယ့် Product Vision နဲ့ Roadmap ကို ပိုကောင်းအောင် ပြုလုပ်ဖို့ဖြစ်ပါတယ်။

(3) Communicate Transparently
Product ရဲ့ Vision က Product နဲ့သက်ဆိုက်တဲ့ Team အားလုံးက လက်ခံထားတဲ့ Shared Vision ဖြစ်ဖို့လိုပြီး… Team တွေကြားမှာ ပွင့်လင်းတဲ့ Communication ရှိဖို့လိုပါတယ်။ ဒါမှသာ Product က ရှေ့ဆက် ဘယ်လိုပုံစံနဲ့ သွားမှာလဲ၊ ဘယ်လို ပြင်ဆင်မှုတွေ ရှိဖို့လိုမလဲ စသဖြင့် သိနိုင်မှပါ။

(4) Invest on Product Management
မိမိကိုယ်ပိုင် Digital Product ကို ထုတ်လုပ်တဲ့ Company တွေအနေနဲ့ Software Company အများနည်းတူ Engineering Management ကိုပဲ အာရုံစိုက်ပြီး၊ Product Management ကို အာရုံမစိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက နည်းပညာနဲ့ Development ကိုပဲ အာရုံစိုက်နေပြီး Product ကို အာရုံမစိုက်တာနဲ့ အတူတူပါပဲ။ Product Focused Company အနေနဲ့… Engineering Team ကောင်းတစ်ခု တည်ဆောက်ဖို့ အရေးကြီးသလို၊ မိမိ Engineering Team က Product ကို တန်ဖိုးထားတဲ့ Cross-Functional Product Team (Developers, UX, Quality Assurance, Business Analyst,…) အဖြစ် ပျိုးထောင်ဖို့၊ Product Management Function ကို အလေးထားဖို့လည်း လိုအပ်ပါတယ်။

Product Focused နဲ့ ပတ်သက်ပြီးကတော့ ဒီလောက်ပါပဲ။ ကိုယ့် Company က Product Focused ဖြစ်ချင်တယ်ဆိုရင် Product Vision နဲ့ Roadmap ကနေစပြီး နည်းနည်းစီ Improve လုပ်ကြည့်သင့်ပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

--

--