မြန်မာနိုင်ငံမှ Product Manager များ (Survey Result)

Lin Lae Naing Myint
ProductBaze
Published in
3 min readFeb 23, 2020

ProductBaze မှာ လာမေးကြတဲ့ မေးခွန်းတွေနဲ့ topic request တွေအရ Product Manager အလုပ်ကို ဝင်ရောက်ဖို့ တော်တော်များများက စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ တချိန်တည်းမှာ Company တွေကလည်း Business, Customer နဲ့ Technical ဒီ ၃ခုကြားက Communication Gap ကို ဖြည့်ပေးဖို့ Product Manager / Owner တွေကို ရှာဖွေလာကြပါတယ်။

ProductBaze ကပြုလုပ်ထားတဲ့ Product Management Career နဲ့ပတ်သက်တဲ့ research က Product Manager အလုပ်ကို စိတ်ဝင်စားသူတွေရော၊ Product Manager ရှာနေတဲ့ Company တွေအတွက်ပါ အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။ ဒီ research ကနေ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိ Product Management Field မှာ ဘယ်လို job background, education background ရှိတဲ့သူတွေ များလဲ (တစ်နည်း) Company တွေအနေနဲ့ ဘယ်လို background က လာသူတွေကို Product Manager အနေနဲ့ ပို demand ဖြစ်လဲဆိုတာကို သိနိုင်ဖို့ ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံမှာ professional profile အနေနဲ့ LinkedIn ကို တော်တော်များများ သုံးလာကြပါပြီ။ ဒီ research ကို LinkedIn မှာရှိတဲ့ မြန်မာပြည်တွင်းက Product Manager အယောက် 50 ကို sampling ယူပြီး တွက်ချက်ထားပါတယ်။ Data စ စုတုန်းက အယောက် 100 လို့ မှန်းထားပေမယ့် collect လုပ်လို့ရသလောက်က 50 ကျော်ကျော်ပဲမို့ အယောက် 50 နဲ့ analysis လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် (ဒါတောင် အိပ်ရေးပျက်ခံပြီး တော်တော် မွှေနှောက်ထားတာပါ)
ပြောချင်တာက မြန်မာပြည်တွင်း Product Management field မှာ ကျင်လည်နေတဲ့ professional အရေအတွက်က အကန့်အသတ်နဲ့ပဲ ရှိနေသေးတယ်ဆိုတဲ့အချက်ပါ။ Company တွေက experience ရှိပြီးသား Product Manager ရှာရ မလွယ်ဖူးလို့ ငြီးကြတာ ဘာလို့လဲဆိုတာ ပိုနားလည်သွားသလို၊ ကျွန်တော်တို့ဆီမှာ Product Management Field က အခုမှ အရှိန်ယူပြီး တိုးတက်စ ဆိုတာလည်း မြင်နိုင်ပါတယ်။

Product Manager အယောက် 50 ကို sampling ယူထားတဲ့ research က မြန်မာပြည်တွင်းမှာ Product Manager / Product Owner တွေ

  • ဘယ် Job background က လာတာများလဲ?
  • ဘယ်ဘွဲ့ရတဲ့သူတွေများလဲ (Education background)?
  • ဘယ် industry တွေက Product Manager role ကို အာရုံစိုက်လာကြလဲ?

ဆိုတာတွေကို အဓိက analysis လုပ်ထားပါတယ်။

ဒီ research မှာ မထင်ထားတဲ့ ရလဒ်တစ်ခုက Gender ratio ပါ။ Random data collect လုပ်ပြီးမှ တိုက်ဆိုင်တယ်ပြောရမလား male:female က 50% ဆီ အညီအမျှပါပဲ။ အမျိုးသားရော အမျိုးသမီးရော အားသာချက်ကိုယ်စီ ရှိကြတာမို့ Product Manager အလုပ်က နှစ်ယောက်လုံးနဲ့ ကိုက်ညီတဲ့ အလုပ်လို့ ပြောနိုင်ပါတယ်။

ဒီ research မှာ ပါဝင်တဲ့ PM တွေရဲ့ Experience Level ကတော့ Product Manager 80% နဲ့ Senior Product Manager (Head of Product, Director of Product စတာတွေ အပါအဝင်) 20% ပါ။ Product Management ကို Senior Management role အထိ ထားတဲ့ Company တွေလည်း နည်းသေးတယ်လို့ ပြောနိုင်ပါတယ်။

Job Background ရလဒ်ဆီ ဆက်ရအောင်ပါ။ Product Manager ဖြစ်ဖို့ ဘာတွေလိုအပ်လဲ ဆိုတဲ့ article မှာ Product Manager အလုပ်က ဘယ်လိုလူတွေနဲ့ သင့်တော်လဲဆိုတာ ရေးဖူးပါတယ်။ အဲ့တုန်းကလည်း ရေးခဲ့တာက Product Manager ဖြစ်ဖို့ Engineering Background မဖြစ်မနေမလိုဘူးဆိုတာပါပဲ။ နိုင်ငံတကာမှာလည်း Product Manager career က တကယ့်ကို မတူတဲ့ background အမျိုးမျိုးကလာကြပါတယ်။ အရမ်းကို diverse ဖြစ်ပါတယ်။ ဟုတ်ပြီ.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော…

တွေ့တဲ့အတိုင်းပါပဲ… Technical နဲ့ ပတ်သက်တဲ့ Digital product တွေ ဖြစ်တော့ Product Manager အလုပ်ကို Software Engineer (38%) နဲ့ IT Specialist (18%) တွေကနေ လာကြတာ ပိုများပါတယ်။ Project Analyst, Business Analyst ကလာသူတွေနဲ့ Operations (Customer support, bank supervisor) ကနေ လာသူတွေလဲရှိပြီး UI/UX နဲ့ QA background ကနေ Product Manager ပြောင်းလာသူတွေရှိတာလဲ တွေ့နိုင်ပါတယ်။

Education Background ရဲ့ result ကို ကြည့်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ… Computer and Technology related degree ရထားသူတွေ 60% ကျော်ရှိတာတွေ့နိုင်ပါတယ်။ ဒါက Bachelor ကို ပြောတာပါ။ ဘာ major နဲ့ ကျောင်းပြီးလဲလို့ မေးရင် Bachelor level ကို ရည်ညွှန်းတာများလို့ Bachelor ရဲ့ major တွေကို analysis လုပ်ထားပြီး၊ Degree level အနေနဲ့ Bachelor နဲ့ Master ဘွဲ့ရာခိုင်နှုန်းကို သီးသန့်ခွဲပြထားပါတယ်။ Degree level မှာ Business ဘွဲ့နည်းပေမယ့် 38% ဖြစ်တဲ့ Master ဘွဲ့တွေမှာတော့ တဝက်လောက်က MBA ဘွဲ့တွေဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက Degree ရဲ့ Others group မှာ MBBS လည်း ပါသလို အခြား Physics, Maths တို့လို သိပ္ပံဘွဲ့ တွေလည်း ပါဝင်ပါတယ်။

နောက်ဆုံး result တစ်ခုက Product Management ကို ဘယ် Industry တွေက focus ပိုလုပ်နေလဲဆိုတဲ့ အချက်ပါ။ လက်ရှိ data အရ Product Manager တွေကို Banking and Finance industry မှာ 50% ကျော်နဲ့ အများဆုံးတွေ့ရပါတယ်။ အခြားကတော့ Software company တွေနဲ့ Travel & Tour company တွေမှာ တွေ့နိုင်ပါတယ်။

ဒါကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ လက်ရှိ Product Management field မှာ ကျင်လည်နေတဲ့ Product Manager တွေရဲ့ public professional profile တွေကို အခြေခံပြီး ပြုလုပ်ထားတဲ့ analysis ရလဒ်ပဲဖြစ်ပါတယ်။ Product Management career ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဒီရလဒ်ကနေ သိနိုင်တာက Product Manager တစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေက IT နဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်နွယ်နေတာကြောင့် IT နဲ့ ဆက်နွယ်တဲ့ အလုပ် experience ဖြစ်စေ၊ ဘွဲ့ဖြစ်စေ ရှိတဲ့သူကို Company တွေက သင့်တော်တယ်လို့ မြင်ကြတယ်ဆိုတဲ့ အချက်ပါ။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။

ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

--

--