အသုံးများတဲ့ Product Testing တွေ

Lin Lae Naing Myint
ProductBaze
Published in
2 min readNov 16, 2020

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။

Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။

Alpha Testing
Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software Product ကို တကယ့် Customer တွေလက်ထဲ မထည့်ခင်မှာ ကိုယ့် Company တွင်းက Development Team မဟုတ်တဲ့ Users တွေနဲ့ စမ်းသပ်တဲ့ User Acceptance Testing ဖြစ်ပါတယ်။ Alpha Testing ရဲ့ အဓိကရည်ရွယ်ချက်က တကယ့် Customers တွေဆီမှာ ကြုံတွေ့နိုင်တဲ့ Issues တွေ၊ Bugs တွေကို သိရှိနိုင်ဖို့ပါ။ Product က User တွေလက်ထဲကို ထည့်ဖို့ ကြီးကြီးမားမား Show Stopper မရှိတော့ဘူးဆိုတာကိုလည်း သေချာစေပါတယ်။

Alpha Testing ကာလအတွင်းမှာ Development Team အနေနဲ့ တကယ့် User တွေ သုံးတဲ့ပုံစံကိုလည်း ပိုမိုသိရှိစေပါတယ်။ Alpha Testing မှာ White box testing ရော၊ Black box testing ရောကို အသုံးပြုပါတယ်။

Beta Testing
Beta Testing ကတော့ Product ကို တကယ့် Users တွေနဲ့ တကယ့် Environment မှာ စမ်းသပ်တာဖြစ်လို့ ပြင်ပ User Acceptance Testing လို့ ပြောကြပါတယ်။ Product ကို Market ထဲ မထည့်လိုက်ခင်မှာ ကိုယ့် Company ပြင်ပက Users တွေနဲ့ စမ်းသပ်ပြီး Feedback ရယူတဲ့ နည်းလမ်းဖြစ်ပါတယ်။ Market ထဲမထည့်ခင်မှာ တကယ့် User Feedback တွေ ရယူနိုင်တာအပြင်၊ Alpha Testing တုန်းက မမြင်ခဲ့တဲ့ Issue တွေကိုသိရှိနိုင်၊ အချိန်မှီ Fix နိုင်တာက Beta Testing ရဲ့ ကောင်းတဲ့အချက်ပါ။

Alpha Testing နဲ့ Beta Testing ရဲ့ ခြားနားချက်အချို့ကို ကောက်နှုတ်ဖော်ပြပါမယ်။

Product Team အတွက် Alpha Testing နဲ့ Beta Testing က မိမိ Product ကို တကယ့် User ဘယ်လိုပုံစံနဲ့ သုံးမှာလည်းကို ပိုသိနိုင်စေသလို၊ Product ကို Market ထဲမှာ ပိုမိုအောင်မြင်အောင်၊ User Expectation နဲ့ ကိုက်ညီအောင်လည်း ကူညီရာရောက်ပါတယ်။

A/B Testing
Alpha Testing နဲ့ Beta Testing အကြောင်းပြီးတော့ Product Team တွေမှာ အပြောများ၊ အသုံးများတဲ့ A/B Testing ကိုလည်း နည်းနည်းရေးချင်ပါတယ်။ A/B Testing ကို Split Testing လို့လည်း ခေါ်ပါတယ်။ ကိုယ့်ရဲ့ Product မှာ၊ Website မှာ Version နှစ်ခု ပြုလုပ်ပြီး ဘယ် Version က ပိုကောင်းကောင်းအလုပ်လုပ်လဲကို Testing ပြုလုပ်တာပါ။

ဥပမာ — ကိုယ့် Product ကို UI နှစ်မျိုးလုပ်ထားပြီး User တွေကို သုံးခိုင်းကြည့်ပြီး ဘယ် Version က User တွေကို ဘယ် Button တွေပိုနှိပ်စေလဲ၊ ဘယ် Page တွေကို ပိုသွားစေလဲ စသဖြင့် Metrics တွေကို ပြန်နှိုင်းယှဥ်ကြည့်တာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ရလဒ်ကိုပေးတဲ့ Version ကို ရွေးချယ်သုံးနိုင်သလို ဘာကြောင့်ပိုကောင်းတာလဲဆိုတဲ့ အဖြေကိုရှာပြီး Product ရဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း Improve လုပ်နိုင်ပါတယ်။

A/B Testing ကို Digital Marketing မှာလည်း အသုံးများတာ တွေ့နိုင်ပါတယ်။ Marketing Campaign တွေမှာ ဘယ် Campaign က ပိုထိရောက်လည်း စမ်းသပ်ရွေးချယ်တာမျိုးပါ။

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ အားလုံးနဲ့အတူ ဝေမျှလိုတာရှိရင် Comment ပေးခဲ့ပေးပါဦး။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

--

--