Agile Transformation မှာ ကြုံတွေ့ရတဲ့ အခက်အခဲများ

Lin Lae Naing Myint
ProductBaze
Published in
2 min readSep 14, 2020

Waterfall ကတော့ အားလုံးသိကြတဲ့အတိုင်း Product တစ်ခုတည်ဆောက်ရာမှာ တဆင့်ပြီးမှ တဆင့်သွားတဲ့ အစဥ်လိုက်သွားတဲ့ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ အရင်ဆုံး Plan ဆွဲ၊ Design အတည်ပြု၊ Documents တို့ကို ပြီးအောင်လုပ်ပြီးမှ စတင် Develop လုပ်ဖို့ Development Team လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ Development အဆုံးသတ်မှာ Testing လုပ်ကြပါတယ်။ ဒါက အရင်ထဲက Software Industry မှာ လုပ်ဆောင်ခဲ့ကြတဲ့ ပုံစံတွေပါ။

Timeline ကိုပါသေချာဆွဲပြီး တဆင့်ပြီးမှ တဆင့်သွားတဲ့နည်းလမ်းက အပြောင်းအလဲ တစုံတရာ လုပ်ဖို့လိုတဲ့အခါ ကိုင်တွယ်ရခက်ပြီး Cost လည်း များတာကြောင့် နောက်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ Agile နည်းဆီကို ရွှေ့ပြောင်းလာကြပါတယ်။

Agile နည်းရယ်၊ Agile မှာသုံးတဲ့ Scrum Framework အသေးစိတ်ကိုတော့ ဒီဆောင်းပါးတွေမှာ ဖတ်နိုင်ပါတယ်။

Agile နဲ့ Scrum ကို အသုံးများလာတဲ့နောက် Software Industry နဲ့ Product Company တွေကလည်း Agile Transformation တွေ ပြုလုပ်လာကြပါတယ်။ “Agile Transformation”…. နားထောင်လို့တော့ ကောင်းပါတယ်။ သို့သော် အရိုးစွဲလာတဲ့ Waterfall နည်းကနေ Agile ကို ပြောင်းရတာက ထင်သလောက်တော့ မလွယ်ကူပါဘူး။ အပြောင်းအလဲကာလမှာ Challenges တွေ အများကြီး ကြုံတွေ့ရသလို၊ နည်းလမ်းကျကျ မပြောင်းဖြစ်ခဲ့ရင် Agile သုံးနေပြီထင်ပေမယ့် အထဲမှာ Waterfall နဲ့သွားနေတဲ့ အပိုင်းတွေက ရောယှက်နေပြီး ပိုရှုပ်ထွေးတဲ့ ပုံစံမျိုးတွေဆီ ဦးတည်တတ်ပါတယ်။

Agile ကို စတင်ကျင့်သုံးတဲ့အခါ ကြုံတွေ့ရတတ်တဲ့ Challenges တွေကို ကြုံဖူးသလောက်နဲ့ လေ့လာမိသလောက် ဝေမျှချင်ပါတယ်။

(၁) Product Team တစ်ခုလုံးက Agile Transformation ရည်ရွယ်ချက်နဲ့ ပန်းတိုင်ကို သိဖို့လိုပါတယ်။ Agile ဘာလဲ၊ ဘာလို့ပြောင်းတာလဲ၊ ဘာတွေပိုအကျိုးရှိမလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ Top Down နည်းနဲ့ Management က Agile ပြောင်းဖို့ တိုက်တွန်းလို့ ပြောင်းဖြစ်ခဲ့ပေမယ့်၊ လက်တွေ့ Run မယ့် လူတွေက အပြည့်အဝပါမလာရင်၊ Agile Mindset ကို မသွင်းနိုင်ကြရင် Fully Agile ပြောင်းဖို့ မလွယ်ပါဘူး။ ရလဒ်က Team မှာ အချို့တဝက်က Agile ကို သွားနေပေမယ့် အချို့က Waterfall နဲ့ တင်းခံနေတာမျိုးတွေ ကြုံရတတ်ပါတယ်။

(၂) Top Management Support လိုပါတယ်။ Agile ပြောင်းလိုက်တဲ့အခါ အရင်နဲ့ လုပ်ပုံလုပ်နည်းတွေ မတူတော့ပါဘူး။ တစ်နှစ်စာ Plan အသေးစိတ်ကြိုဆွဲခိုင်းတာမျိုး၊ Timeline အသေးစိတ်တောင်းတာမျိုး၊ ဘယ်တော့ဘာပြီးမှာလဲ တစ်နှစ်စာ Gant Chart လိုချင်တာမျိုးတွေ မရတော့ပါဘူး။ ဒါက Botton Up နဲ့ Agile ပြောင်းဖို့ ကြိုးစားတဲ့အခါ အများဆုံးကြုံရတဲ့ အခက်အခဲဖြစ်ပါတယ်။ Top Down နည်းနဲ့ Agile Transformation လုပ်ရင်တော့ Top Management Support ရလို့ အဆင်ပြေတတ်ပေမယ့် — ခဏပဲ Support လုပ်ပြီး သူတို့ကိုယ်တိုင်က Agile နည်းကို မထူးဘူးလို့ ထင်လာတာမျိုး၊ Timeline နဲ့ Push လုပ်ရတာကို ပိုကြိုက်တာမျိုးတွေနဲ့ ဆက် Support မလုပ်တော့ရင်လည်း လမ်းတဝက်မှာ ဒုက္ခရောက်တတ်ပါတယ်။

(၃) Organization တစ်ခုလုံးကလည်း Agile Transformation ကို နားလည်၊ လက်ခံဖို့၊ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ Agile Transformation ဆိုတာ Tech Team / Product Team တစ်ခုကပဲ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲလိုက်ရုံမဟုတ်လို့ပါ။ Organization ကပါ Agile သွားတဲ့ပုံစံကို နားမလည်ရင်၊ Agile Mindset ကို လက်မခံနိုင်ရင် Product Team မှာ Pressure တွေ၊ Blockers တွေ များလာပါလိမ့်မယ်။

(၄) Agile Transformation အတွက် အချိန်ရော၊ Coaching နဲ့ Training ရောကို Invest မလုပ်လိုကြတာလည်း တွေ့ရတတ်ပါတယ်။ အရင်ကရှိပြီးသား Project Manager ကို Scrum Master ပြောင်းခိုင်း၊ Agile နဲ့ Run ဖူးတဲ့ Product Owner ခန့်ပြီး Agile နည်းဆီ မြန်မြန်ဆန်ဆန်ပြောင်းဖို့ ကြိုးစားတာမျိုးပါ။ Organization မှာ လူတစ်ယောက်လောက်ကပဲ Agile သိရုံနဲ့ Agile ဖြစ်ဖို့ မလွယ်ပါဘူး။ အချက် (၁) (၂) (၃) မှာ ပြောခဲ့သလို Product Team ရော၊ Top Management ရော၊ အခြား Department တွေပါ Agile ကိုတကယ်လက်ခံပြောင်းလဲဖို့က အသီးသီးဆီမှာ ရှိသင့်တဲ့ Knowledge Level ထိရှိအောင် Educate လုပ်ဖို့ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဝန်ထမ်းတွေကို Training Program ပေးတာ၊ ဝန်ထမ်းအသစ်ထပ် Invest လုပ်တာ၊ Coach ငှားတာတွေက ရွေးချယ်နိုင်တဲ့ နည်းလမ်းတွေပါ။

(၅) Agile ရဲ့ ကောင်းကျိုးတွေကိုပဲ လေ့လာပြီး အလုံးစုံတစ်ခါတည်း ပြောင်းဖို့၊ အမြန်ဆုံးပြောင်းဖို့ကို ကြိုးစားတတ်ကြပါတယ်။ တတ်နိုင်သလောက် Team အသေးလေးဖွဲ့ပြီး Pilot အဆင့်နဲ့ စတင်၊ Experiment လုပ်ရင်းနဲ့မှ Team အသေးရဲ့ပြောင်းလဲတိုးတက်မှုကို မြင်သာအောင်လက်တွေ့ပြပြီး၊ Lesson Learn လုပ်ရင်းမှ၊ တဖြည်းဖြည်း အားလုံးကို Agile Transformation ဖြစ်ဖို့ ကြိုးစားတာက Risk လည်းပိုနည်းပြီး ပိုလည်း ထိရောက်နိုင်ပါတယ်။

— —

လောလောဆယ် ကျွန်တော် တွေ့ကြုံဖူးသလောက်ရေးထားတာပါ။ မိမိ Organization မှာ Agile Transformation လုပ်ခဲ့တဲ့ အတွေ့အကြုံရှိရင်လည်း ဘာတွေက Success ဖြစ်ပြီး၊ ဘာတွေ Fail ဖြစ်ခဲ့လဲဆိုတာ lesson learn လုပ်နိုင်အောင် ဝေမျှပေးဖို့ တောင်းဆိုပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

--

--