MBA က Product Manager အတွက် ဘယ်လိုအထောက်အကူဖြစ်စေလဲ

Lin Lae Naing Myint
ProductBaze
Published in
3 min readJun 4, 2020

Career Journey အလယ်လောက်မှာ Management Level ကို ကူးရင်းနဲ့ လိုအပ်တဲ့ Business Knowledge တွေရရှိဖို့ MBA ဘွဲ့တက်ဖို့ကိုပါ ထည့်သွင်းစဥ်းစားလာကြပါတယ်။ အဆက်မပြတ်သင်ယူခြင်း (Continuous Learning) ကို အားပေးတဲ့ ဒီနေ့ခေတ်မှာ Degree တွေ၊ Certificate တွေက ကိုယ့် Career အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့ Career ပေါ်မူတည်ပြီး MBA ဘွဲ့က အထောက်အကူပြုတဲ့ ပုံစံတွေတော့ မတူကြပါဘူး။

Product Management Career ကို စလျှောက်လှမ်းနေသူတွေနဲ့ လျှောက်လှမ်းလိုသူတွေအနေနဲ့လည်း —

  • Product Manager ဖြစ်ဖို့ MBA ဘွဲ့ မဖြစ်မနေလိုလား
  • MBA ရှိရင် Product Management Career မှာ အထောက်အကူဖြစ်စေမှာလား ဆိုတဲ့ မေးခွန်းတွေ ရှိတတ်ပါတယ်။

ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး Software Engineer ကနေ Product Management Career ကို ကူးပြောင်းလာတဲ့ MBA ဘွဲ့ယူခဲ့သူတစ်ယောက်အနေနဲ့ အတွေ့အကြုံနဲ့ အမြင်ကို ဝေမျှချင်ပါတယ်။

ပထမမေးခွန်းဖြစ်တဲ့ “Product Manager ဖြစ်ဖို့ MBA ဘွဲ့ မဖြစ်မနေလိုလား” ကိုတော့ “No” လို့ ဖြေရပါလိမ့်မယ်။ Product Manager ဖြစ်ဖို့ MBA ဘွဲ့က မရှိမဖြစ်လိုတာမျိုး မဟုတ်ပါဘူး။ IT Background က မဟုတ်၊ MBA ဘွဲ့ရ မဟုတ်တဲ့ Product Manager တွေက ဒီမေးခွန်းအတွက် အကောင်းဆုံး သာဓကတွေပဲဖြစ်ပါတယ်။

ဒုတိယမေးခွန်းဖြစ်တဲ့ “MBA ရှိရင် Product Management Career မှာ အထောက်အကူဖြစ်စေမှာလား” အတွက်တော့ “Yes” လို့ ဖြေလိုပါတယ်။

အရင်ဆုံး MBA ဘွဲ့ကို ခြုံငုံရှင်းပြချင်ပါတယ်။ MBA ဘွဲ့က စီးပွားရေးလုပ်ငန်းတစ်ခုအတွက် လိုအပ်တဲ့ Business နဲ့ Management Knowledge တွေ၊ Skills တွေကို လေ့လာသင်ယူရတဲ့ Master Degree ပါ။ MBA မှာ ရရှိတဲ့ Personal နဲ့ Professional Skills တွေက စီးပွားရေးလုပ်ငန်းတင်မကပဲ Management Carrer တက်လှမ်းဖို့ရာလည်း အထောက်အကူပြုပါတယ်။

ဒါဆို ဘယ်အချက်တွေကြောင့် အထောက်အကူပြုတယ် “Yes” လို့ဖြေရတာလဲကို ဆက်ရေးပါမယ်။

(၁) Product Manager က Career အမျိုးမျိုးက လာကြပါတယ်။ Software Engineer, UIUX Designer, QA Engineer စတဲ့ Technical Background ကလည်းဖြစ်နိုင်သလို၊ Business Analyst စတဲ့ Business Background ကလည်းဖြစ်နိုင်ပါတယ်။ နှစ်ခုလုံးမဟုတ်တာတွေလည်း ရှိပါတယ်။ Product Managerက မိမိ Product ရဲ့ Market, Competitor စတဲ့ Business နဲ့ပတ်သက်တဲ့ အခြေအနေတွေကို စောင့်ကြည့်ပြီး Product ကို Market လိုအပ်ချက်နဲ့ကိုက်ညီအောင် ချိန်ညှိရသူဖြစ်တာကြောင့် Business Background မရှိတဲ့သူအတွက်တော့ MBA မှာ လေ့လာခဲ့တဲ့ Knowledge တွေက Product Manager Career အစမှာ ချောချောမွေ့မွေ့ဖြစ်စေဖို့ အထောက်အကူပေးပါလိမ့်မယ်။ Customer Development, Market Analysis, Marketing Strategy… စတဲ့အပိုင်းတွေပါ။

(၂) နောက်တစ်ခုက Research Skill ပါ။ Product Manager တစ်ယောက်အနေနဲ့ Product Development ပဲအာရုံစိုက်နေလို့မရပါဘူး။ Product နဲ့ပတ်သက်တဲ့ Customer Research, Market Research တွေလုပ်ဖို့၊ Hypothesis တွေထုတ်ပြီး အဖြေရှာဖို့အတွက်လည်း MBA Program မှသင်ခဲ့တဲ့ Research Skill က အထောက်အကူပြုနိုင်ပါတယ်။

(၃) Startup တွေက Product Manager တွေအနေနဲ့ Product နဲ့ပတ်သက်ရင် အလုံးစုံ တာဝန်ယူရလေ့ရှိပြီး တစ်ခါတစ်ရံ Financial ပိုင်းဖြစ်တဲ့ Balance Sheet, Cash Flow, Income Statements စတာတွေပါ နားလည်ဖို့ လိုအပ်တတ်ပါတယ်။ Startup တိုင်းလို့တော့ မဆိုလိုပါဘူး။ ဒီလိုအခြေအနေမှာ MBA က Financial Knowledge ကို အခြေခံအဖြစ် အသုံးချနိုင်ပါလိမ့်မယ်။

(၄) Product Manager ရဲ့ နေ့စဥ် Task တွေကို လုပ်ဆောင်ရာမှာ ရှိဖို့လိုအပ်တဲ့ Soft Skills တွေဖြစ်တဲ့ Leadership Skill, Management Skill, Organising Skill, Entrepreneurship Mindset စတာတွေကိုလည်း MBA မှာ လေ့လာနိုင်မှာဖြစ်လို့ မိမိ Product Team ကို Lead လုပ်ဖို့၊ Cross Functional Team တွေကို Lead လုပ်ဖို့နဲ့ Development Team ရဲ့ Project Management ကို အပိုင်းမှာ အထောက်အကူပေးနိုင်ပါတယ်။

(၅) နောက်ဆုံးအချက်အနေနဲ့ အလုပ်အသစ်အတွက် Impression အပိုင်းပါ။ Product Manager အလုပ်က Business Side နဲ့ပါ ထိတွေ့ရတဲ့ အလုပ်ဖြစ်တာကြောင့် MBA ရှိခြင်းက PM အလုပ်လျှောက်တဲ့အချိန်၊ Interview ဖြေတဲ့အချိန်တွေမှာတော့ Plus Value ဖြစ်စေပါလိမ့်မယ်။ Product ရဲ့ Business အမြင်၊ Market အခြေအနေ စတာတွေကို ပိုမိုနားလည်ဆွေးနွေးနိုင်တာကြောင့်ပါ။

ဒီအချက်တွေက MBA ဘွဲ့ရယူဖြစ်ခဲ့ရင် Product Manager တစ်ယောက်အတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အချက်တွေပါ။ MBA ကရတဲ့ Knowledge တွေ ကိုယ့်ဆီမှာရှိထားတဲ့အတွက် မိမိအချိန်နဲ့ လေ့လာမှုတွေကို Product ရဲ့ အခြားလိုအပ်တဲ့အပိုင်းတွေမှာ ပိုမိုအာရုံစိုက်နိုင်တာပေ့ါ။ (Product Manager မှမဟုတ်ပဲ MBA တက်ရောက်ခြင်းဖြင့် မိမိရဲ့ Career နဲ့ Professional Success အတွက် ယေဘူယျ ဘာတွေအကျိုးရှိလဲဆိုတာကို သီးသန့်ထပ်ရေးပါမယ်။)

အချုပ်အနေနဲ့ ပြောရရင် ဘယ် Career ဖြစ်ဖြစ် Management Level အတွက် MBA မှာ လေ့လာခဲ့ရတဲ့ Knowledge တွေက အထောက်အကူဖြစ်ပါတယ်။ Product Management ကလည်း Product ကို Market နဲ့ ချိန်ညှိရတာမို့ MBA ရှိခြင်းက ကောင်းကျိုးတွေရှိပါတယ်။ သို့သော် မိမိ Product နဲ့ ပတ်သက်ပြီး Business ဖက်သာမက၊ Technology ဖက်နဲ့ Customer ဖက်တို့ကို အကောင်းဆုံးနားလည်ဖို့က အဓိကကျတာကြောင့် ဘွဲ့ကိုပဲတော့ အာရုံမစိုက်သင့်ပါဘူး။ လိုအပ်မယ့် Knowledge တွေကို အဆက်မပြတ် လေ့လာသွားဖို့သာ တိုက်တွန်းပါတယ်။ Business နဲ့ပတ်သက်ပြီး ပိုမိုလေ့လာချင်တယ်၊ လိုအပ်တဲ့ Business Terms တွေသိချင်တယ်ဆိုတာအတွက် MBA ဘွဲ့မဟုတ်လည်း အချိန်တို Business Management Diploma တွေက လုံလောက်တဲ့ Knowledge ပေးနိုင်ပါလိမ့်မယ်။ မိမိအတွက် အလိုအပ်ဆုံးလို့ထင်တဲ့ Diploma နှစ်ခု၊ သုံးခုကို ရွေးချယ် သင်ယူတာမျိုးပေ့ါ။

Product Management နဲ့ပတ်သက်ပြီး PM Course တွေတက်တာ၊ Blog တွေဖက်တာကလည်း Product Manager အလုပ်ရဖို့နဲ့ အလုပ်မှာအသုံးချဖို့ လိုအပ်တဲ့ Knowledge တွေကို ထိထိရောက်ရောက် ပေးနိုင်ပါလိမ့်မယ်။ ProductBaze ရဲ့ Product Blog တွေကို ပုံမှန်ဖတ်ဖို့ တိုက်တွန်းလိုပြီး၊ Product Management Course အနေနဲ့ ProductBaze ကဖွင့်လှစ်ထားတဲ့ PM Foundation Online Course ကိုလည်း တက်ရောက်နိုင်ပါတယ်။
Course Information: https://bit.ly/3dTmSLO

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

--

--