Product Launch ဘယ်လိုလုပ်ကြမလဲ

Lin Lae Naing Myint
ProductBaze
Published in
3 min readAug 11, 2020

Mobile App ဖြစ်စေ၊ Website ဖြစ်စေ ကျွန်တော်တို့ Digital Product တစ်ခုကို အချိန်ယူ Develop လုပ်ပြီးသွားတဲ့ ကျန်ရှိတဲ့အဆင့်ကတော့ Launch လုပ်ဖို့ပါ။ Product ကို Market ထဲ / သုံးမယ့် Users တွေ လက်ထဲကို ထည့်ပေးတာ (Launch လုပ်တာ) က Company အတွက်ရော Product Team အတွက်ပါ အရေးပါတဲ့အချိန်ဖြစ်ပါတယ်။ Launch လုပ်တယ်ဆိုတဲ့နေရာမှာ Product အသစ်လည်း ဖြစ်နိုင်သလို၊ ရှိပြီးသား Product ကို နောက် Version တစ်ခု ထပ်ထုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Public ကို Launch လုပ်တာဖြစ်နိုင်သလို၊​ Internal သုံးတဲ့ Product ကို ကိုယ့် Company အတွင်းမှာ Launch လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

မိမိ Product ကို Launch လုပ်တော့မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ Launch လုပ်မှာလဲ၊ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲကို Product Manager အနေနဲ့ ရွေးချယ်ရပါတယ်။ အစ-အဆုံး Develop လုပ်ပြီးမှ တစ်ခါတည်း Launch အကြီးကြီးလုပ်မှာလား၊ တဖြည်းဖြည်း နည်းနည်းစီ Launch လုပ်မှာလားဆိုတဲ့ ရွေးချယ်မှုတွေပါ။ Term တွေနဲ့ပြောရရင်တော့

  • Big Bang Launch နဲ့
  • Phased Launch (Small Launch) တို့ဖြစ်ပါတယ်။

နည်းလမ်း တစ်ခုချင်းစီက အားသာချက်၊ အားနဲချက်တွေ ရှိနိုင်တာမို့ Launch Approach ရွေးချယ်တဲ့အခါ ကိုယ့် Business၊ ကိုယ့် Product နဲ့ ဘယ်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ရွေးချယ်ဖို့ အရေးကြီးပါတယ်။

Big Bang Launch ကတော့ Product တစ်ခုလုံးကို အစ-အဆုံး အချိန်ယူ Develop လုပ်၊ ပြီးမယ့်ရက်ကို သတ်မှတ်၊ အကုန်ကြိုတင်ပြင်ဆင်ပြီး Launch လုပ်တာမျိုးပါ။ Market ထဲ / သုံးမယ့် User တွေလက်ထဲကို သတ်မှတ်ထားတဲ့ရက်မှာ Product တစ်ခုလုံး ထည့်ပေးလိုက်တာဖြစ်ပါတယ်။ မြင်သာတဲ့ ဥပမာကတော့ Apple တို့၊ Microsoft တို့လို Company ကြီးတွေက Product အသစ်မိတ်ဆက်တဲ့အခါမျိုးပါ။

Product အသစ်ဆိုရင်လည်း တစ်ချိန်တည်းမှာ Launch လုပ်လိုက်တာ၊ Product အဟောင်းရှိရင်လည်း Version အသစ်ဆီ တစ်ချိန်တည်းမှာ လုံးဝ ပြောင်းလိုက်တာဖြစ်လို့ Product အတွက်ရော၊ Company အတွက်ရော Risk များပါတယ်။ Product ကလည်း လုံးဝ Ready ဖြစ်နေဖို့ လိုအပ်ပါတယ်။ Product Team ရော၊ Customer နဲ့ တိုက်ရိုက်ထိတွေ့မယ့် Support Team တွေကို ကြိုတင်ပြင်ဆင်မှုတွေ၊ Training တွေ အများကြီးလုပ်ဖို့လိုအပ်သလို၊ ရုတ်တရက် တက်လာတဲ့ Customer Feedback တွေအတွက် Resource Allocation လည်း ကောင်းကောင်းလုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Plan A ကောင်းကောင်း အလုပ်မလုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ Plan B ကိုပါ Product Team အနေနဲ့ ပြင်ဆင်ထားသင့်ပါတယ်။ ဒီလောက် Resource များများ၊ ပြင်ဆင်မှု များများလိုအပ်ရင် Big Bang Launch က Startup တွေအတွက် မသင့်တော်ဘူးဆိုတာတော့ အထူးပြောဖို့ မလိုဘူးထင်ပါတယ်။

Risk များရက်နဲ့ Big Bang Launch ကို ရွေးချယ်ကြတဲ့ အကြောင်းတွေလည်း ရှိပါတယ်။ Product တစ်ခုလုံးကို Launch အကြီးကြီးလုပ်လိုက်တာက Market ထဲမှာ စိတ်ဝင်စားမှုကို ပိုရယူနိုင်ပါတယ်။ ကိုယ်လုပ်နေတဲ့ Product အကြောင်းကို မထွက်ခင်အထိ Competitors တွေကို ကြိုမသိစေချင်တာမျိုးတွေမှာလည်း Big Bang Launch ကို အသုံးပြုကြရပါတယ်။

Phased Launch (Small Launch) က Product ကို Phase တွေ အများကြီးပိုင်းပြီး တစ်ပိုင်းချင်းစီ ထုတ်သွားတာပါ။ Product Team နဲ့ Customer Support Team တွေလည်း တစ်ကြိမ်စီမှာ ထုတ်မယ့် Feature နည်းနည်းချင်းစီကိုပဲ အာရုံစိုက်စရာလိုတော့ Customer Feedback တွေကိုလည်း ကောင်းကောင်း Handle လုပ်နိုင်ပါတယ်။ Company ဘက်ကလည်း Resource အများကြီး ထားပေးစရာ မလိုတော့ဘူးပေ့ါ။ Customer ဘက်က ကြည့်ရင်လည်း နည်းနည်းချင်း သုံးရင်းနဲ့ အသားကျပြီး နောက်ဆုံးမှာ Product တစ်ခုလုံးကို ရတဲ့အခါ အဆင်ပြေပြေ သုံးနိုင်ပါတယ်။ Product အသစ်ကြီးရလိုက်ပြီး Error တွေ များနေတာ၊ ဘယ်နားနှိပ်ရမှန်းမသိ၊ ဘာလုပ်ရမှန်း မသိတာမျိုးတွေ မဖြစ်တော့ဘူးပေ့ါ။ Risk ကို တတ်နိုင်သလောက် လျှော့ချနိုင်တဲ့ Launch Approach ပါ။

Phased Launch မှာလည်း မြင်သာတဲ့ ဥပမာပြရရင် Facebook က 2020 မှာ Redesign ပြန်လုပ်တဲ့အခါ ရှိသမျှ Feature တွေ, UI တွေကို တစ်ခါတည်း Change လိုက်တာ မဟုတ်ဘဲ အသုံးများတဲ့ UI တွေ အရင် Change ပါတယ်။ သိပ်မသုံးတဲ့ UI တွေဆို ခုထိ အဟောင်းအတိုင်းပဲ ရှိသေးပြီး ဖြေးဖြေးချင်း ပြောင်းနေတုန်းပါ။ Startup တွေတင်မက Organization အကြီးတွေလည်း Phased Rollout ကို သုံးကြတယ်ဆိုတဲ့ သာဓကပါ။

Phased Launch က Risk နည်းပြီး တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပိုကောင်းတဲ့ Product ကို ထုတ်သွားနိုင်တဲ့ အားသာချက်တွေရှိသော်ငြား ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ ဥပမာ — Executives တွေနဲ့ အခြား Internal Team တွေဖြစ်တဲ့ Sales တို့ Marketing တို့က တစ်ခါတည်းနဲ့ အပြီးထုတ်တာမျိုးကို ပိုလိုချင်တတ်ကြပါတယ်။ သူတို့ပဲမဟုတ်ပါဘူး။ Customer တွေကလည်း ခဏခဏ Product ကို ထုတ်ပေးနေတာထပ် တစ်ခါတည်း အကောင်းဆုံးကို ရချင်တတ်ကြပါတယ်။ ဒါ့အပြင် Phased Launch မှာက Product ရဲ့ Features တွေအကုန် Customer ဆီကို မရောက်သေးတာမို့ ROI ပြန်ရမယ့်အချိန်ကလည်း ပိုကြာနိုင်ပါတယ်။

ဒါကတော့ Big Bang Launch နဲ့ Phased Launch တစ်ခုစီမှာ ထည့်သွင်းစဥ်းစားရမယ့် အားသာချက်၊ အားနည်းချက်တွေ ဖြစ်ပါတယ်။ Risk နည်းအောင် Phased Launch လုပ်ချင်သော်ငြား ကိုယ့် Company က Waterfall Model ကို သုံးနေရင်တော့ Agile နည်းလို Product ကို နည်းနည်းချင်း မထုတ်ပေးနိုင်တာကြောင့်… Big Bang Launch ဆီပဲ ပြန်ဦးတည်သွားတတ်တာကို သတိထားဖို့လိုအပ်ပါတယ်။ ဒါကလည်း Product Team တွေ ဘာလို့ Agile ကိုသုံးသင့်လဲဆိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

Product Manager အနေနဲ့ ကိုယ့် Product ကို ဘယ်လိုပုံစံနဲ့ Launch လုပ်သင့်လဲ၊ ကိုယ့် Product နဲ့ Company အတွက် ရလာနိုင်တဲ့ Risk တွေက ဘာတွေလဲ ကြိုတင်သုံးသပ်ပြီးမှ အသင့်တော်ဆုံး Launch အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

--

--