Product Management ဘာလို့ လေ့လာလိုက်စားသင့်လဲ

Lin Lae Naing Myint
ProductBaze
Published in
3 min readAug 28, 2020

Product Management ဆိုတဲ့ ခေါင်းစဥ်က Career စကားဝိုင်းတွေမှာ တော်တော်လေး နေရာယူလာပါတယ်။ Organization တွေကလည်း Technology နဲ့ Business ပိုမိုပေါင်းစည်းပြီး Product ကောင်းတွေထုတ်ဖို့ရာ Product Manager တွေကို ပိုမိုရှာဖွေလာကြတာ တွေ့နိုင်ပါတယ်။ Demand များလာတာကြောင့်လည်း Product Management ကို လေ့လာသင့်လား၊ စောနေသေးလား၊ ကိုယ့်ဝါသနာနဲ့ကိုက်ရဲ့လား၊ စိတ်ဝင်စားစရာကောင်းလား စသဖြင့် သိချင်တဲ့သူတွေ တိုးပွါးလာပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာ –

  • 2020 မှာ Product Management ကို လေ့လာလိုက်စားသင့်တဲ့ ပညာရပ်လား?
  • Entrepreneurial Mindset ရှိတဲ့လူငယ်တွေ Product Management ကို လေ့လာသင့်လား?
  • အကယ်၍ လေ့လာလိုက်စားသင့်တယ်ဆိုရင် ဘာတွေကြောင့်ဖြစ်မလဲ?

စတာတွေနဲ့ပတ်သက်ပြီး ဝေမျှလိုပါတယ်။

အရင်ဆုံး Product Management အကြောင်းကို ပြောပြပါမယ်။ Product Management ဆိုတာ Product Design, Product Development ကနေ Product Launch အထိ စ-လယ်-ဆုံး ပါဝင်ပြီး Product ကို အောင်မြင်အောင် ထုတ်လုပ်ရတဲ့ လုပ်ငန်းစဥ်ဖြစ်ပါတယ်။

Product နဲ့ဆက်နွယ်နေတဲ့ Business, Tech (Development Team), UX (Customers) တို့ရဲ့အလယ်ကနေ အချိတ်အဆက်မိမိနဲ့ Product ကို အောင်မြင်မှုပန်းတိုင်ဆီရောက်အောင် ပို့ပေးရတဲ့အလုပ်လည်းဖြစ်ပါတယ်။

ဥပမာ… Business အနေနဲ့ Food Delivery တစ်ခုလုပ်ချင်တယ်။ Tech က သူတို့ Delivery App တစ်ခု Develop လုပ်ပေးမယ်။ UX က Customer တွေ သုံးလို့အဆင်ပြေအောင် Click အနည်းဆုံးနဲ့ Order မှာလို့ရအောင် Product Design ဆွဲပေးမယ်ပေါ့။ ဒီအခါ Product Management ရဲ့ အခန်းကဏ္ဍက အဲဒီ Business, Tech, UX တို့ရဲ့ Focus တွေကို Prioritize လုပ်ပြီး Customer တွေအတွက် တကယ်လိုအပ်တဲ့ Product ဖြစ်အောင် တောက်လျှောက် ဦးဆောင်ရသူဖြစ်ပါတယ်။

Product တစ်ခု အောင်မြင်ဖို့ရာ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တဲ့ Product Management က စိတ်ဝင်စားဖို့ကောင်းသလို ရှုထောင့်ပေါင်းစုံက သင်ယူလေ့လာစရာတွေလည်း အများကြီးရှိပါတယ်။ Product Management မှာ အရေးပါတဲ့ Skills တွေက ဘယ် Business မှာမဆို မရှိမဖြစ်လိုအပ်တဲ့၊ အသုံးဝင်တဲ့ Skills တွေလည်း ဖြစ်ပါတယ်။ ဥပမာ –

  • Product Strategy
  • Product Design
  • Value Proposition
  • Data Analysis
  • Product Life Cycles စတဲ့ အပိုင်းတွေပါ။

Product Managment မှာ လိုအပ်တဲ့ Soft skills တွေဘက်ကို ပြောရရင် — လူအများနဲ့ နေ့စဥ်အလုပ်လုပ်ပြီး “Getting things done” ဖြစ်စေဖို့ Leadership skill ကို ပြုစုပျိုးထောင်ရပါတယ်။ Internal ရော၊ External ရော အဖက်ဖက်နဲ့ Communicate လုပ်ရတာမို့ Communication Skill ကလည်း အရေးကြီးပါတယ်။ နေ့စဉ်ကြုံရမယ့် Problem တွေအတွက် အထိရောက်ဆုံး၊ effort အနည်းဆုံး၊ အကောင်းဆုံး၊ အမြန်ဆုံးဆိုတဲ့ solution တွေကို အချိန်မဆိုင်းပဲ ပေးရတာမို့ Problem Solving Skill ကိုလည်း ပိုကောင်းအောင် လေ့လာရပါတယ်။

Product Management မှာ Feature တွေ၊ Task တွေ၊ Problem တွေကို ဘာက ကိုယ့် Product အတွက် အရေးကြီးဆုံးလဲ ဆုံးဖြတ်တဲ့ Prioritization ကလည်း အဓိကတာဝန်တစ်ခုဖြစ်ပါတယ်။ ကိုယ့် Customer အတွက် အရေးကြီးတဲ့ အရာတွေကို Product ထဲ ထည့်ဖို့၊ မလိုအပ်တဲ့ အရာတွေကို ဖယ်ထုတ်ဖို့၊ မထည့်သင့်တဲ့ Request တွေကို ငြင်းဆိုဖို့တွေက Product Management လုပ်ငန်းစဥ်တွေထဲမှာ မပါမဖြစ်တွေပါ။

ဒီ Skills တွေ၊ Knowledge တွေရှိခြင်းက Product Leader ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ Business Owner ကောင်းတစ်ယောက်ဖြစ်ဖို့ ကောင်းကောင်းအထောက်အကူပြုနိုင်ပါတယ်။ ကိုယ့် ကိုယ်ပိုင် Product ထုတ်လုပ်ဖို့၊ Startup တစ်ခု စတင်ဖို့ရာလည်း အတွေ့အကြုံတွေအများကြီးကို ဒီ Career ကနေ ရရှိနိုင်လို့ဖြစ်ပါတယ်။

နောက်တစ်ချက်က Product Management Career က ကိုယ်စိတ်ဝင်စားတဲ့ Industry တွေကို ဝင်ရောက်ဖို့၊ တစ်ခုကနေ တစ်ခုကူးပြောင်းဖို့ အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ ဥပမာ — ကိုယ်က Fintech (Financial Technology) အတွေ့အကြုံပဲရှိခဲ့ပေမယ့် Edtech (Education Technology) နယ်ပယ်ကို ကူးပြောင်းတာမျိုးပါ။ ရောက်တဲ့ နေရာအသစ်၊ Industry အသစ်မှာ Challenge တွေကိုရင်ဆိုင်ဖို့၊ Customers တွေကို အကောင်းဆုံးပံ့ပိုးဖို့ရာ ကိုယ်ရောက်တဲ့ Industry ရဲ့ Industry Knowledge ကို အမြဲမပြတ်လေ့လာနေဖို့တော့ လိုတာပေ့ါ။ ဒါတွေကြောင့် Product Management က Endless Learning Opportunities ကိုလည်း ရပါသေးတယ်။

ခြုံငုံပြောရရင် Product Management Career က တစ်ချိန်မှာ ကိုယ်ပိုင် Startup လုပ်ချင်သူတွေ၊ ကိုယ့် Product ကို ထုတ်လုပ်ချင်သူတွေအတွက် လက်တွေ့အသုံးတည့်တဲ့ Career ဖြစ်သလို၊ Business အပိုင်း၊ Strategy အပိုင်းကို သိနားလည်ထားရသူဖြစ်တာကြောင့် Company ကြီးတွေရဲ့ Top Management ကို တက်လှမ်းချင်တဲ့ Career သမားတွေအတွက်လည်း သင့်တော်တယ်လို့ အများက လက်ခံထားကြပါတယ်။

ဒီအချက်တွေက 2020 မှာ Product Management က Career ခိုင်မာတဲ့ စိတ်လှုပ်ရှားစရာကောင်းပြီး လေ့လာလိုက်စားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။

— — —

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

--

--