Product Manager တစ်ယောက်ရဲ့ Balance ချိန်ညှိခြင်း အနုပညာ

Lin Lae Naing Myint
ProductBaze
Published in
2 min readJun 6, 2020

Product Management က Customer (UX), Business နဲ့ Tech ဆိုတဲ့ ကဏ္ဏသုံးခုကြားမှာနေပြီး တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိတဲ့ Product ကောင်းဖြစ်အောင် Communicate လုပ်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

Product Manager ဖြစ်ဖို့ Digital Product မို့ Tech Background ရှိတဲ့သူပဲ ဖြစ်ရမယ်ဆိုတာမျိုး၊ Product ရဲ့ Industrial Knowledge ရှိတဲ့သူပဲ ဖြစ်ရမယ်ဆိုတာမျိုး မသတ်မှတ်ထားကြပါဘူး။ Product Manager တွေက Career အမျိုးမျိုးက လာကြပါတယ်။ အစမှာ ပြောခဲ့သလို Customer (UX), Business နဲ့ Tech ဆိုတဲ့ အပိုင်း သုံးခုနဲ့ ချိတ်ဆက်ရသူမို့ Business / Market ကို ကောင်းကောင်းသိတဲ့သူလည်း ဖြစ်နိုင်ပါတယ်၊ UI/UX ကျွမ်းတဲ့ Design ဘက်ကသူလည်း ဖြစ်နိုင်ပါတယ်၊ Software Developer, QA Engineer, System Analyst စတဲ့ Technical Background ရှိသူတွေဖြစ်နိုင်သလို၊ အဲဒီတွေထဲက လုံးဝမဟုတ်တဲ့သူလည်း ဖြစ်နိုင်ပါတယ်။

ဘယ် Background ကပဲ လာလာ၊ Product Manager က ဒီကဏ္ဏသုံးခုလုံးနဲ့ အမြဲမပြတ် ဆက်စပ်နေရတာဖြစ်လို့ သူတို့နဲ့ ပတ်သက်တဲ့ Knowledge တွေ ရှိဖို့လိုအပ်တာ အမှန်ပါပဲ။

ဒါ့အပြင် အဲဒီ Customer (UX), Business နဲ့ Tech… သုံးခုလုံးက မိမိ Product အတွက် အရေးပါတာမို့ တစ်ခုချင်းစီပေါ်ထားတဲ့ Focus ကို Balance ညီအောင် ချိန်ညှိဖို့ကလည်း အရေးကြီးပြန်ပါတယ်။ Product Manager က မိမိ ပိုကျွမ်းကျင်တဲ့၊ Background Knowledge ပိုများတဲ့ အပိုင်း တစ်ပိုင်းထဲကိုပဲ ဦးစားပေးကြည့်တာမျိုး မဖြစ်အောင် သတိပြုရမှာပါ။ ဒါကြောင့် Balance ညှိချင်းက Product Manager အတွက် တော်တော်လေး အရေးပါပါတယ်။

ဘာလို့အရေးကြီးတာလဲဆိုတာ မြင်သာအောင် ဥပမာပြောရရင် –

  • PM က Customer Experience (UX) မှာ အားသာတဲ့အတွက် Customer လိုအပ်ချက်နဲ့ User Experience ကိုပဲ ဦးစားပေးနေပြီး ကိုယ့် Company ရဲ့ Business Vision နဲ့ ကိုက်/မကိုက်၊ Tech ဘက်က Develop လုပ်ဖို့ ဖြစ်နိုင် / မဖြစ်နိုင်၊ သင့်တော် / မသင့်တော် စတာတွေကို အာရုံမစိုက်မိတော့ပဲ ဖြစ်တတ်ပါတယ်။
  • PM က Business မှာ ပိုအားသာပြီး Business Vision အတိုင်းရောက်အောင် သွားနေတယ်၊ Competitor, Market Share, Revenue စတာတွေပဲ အာရုံစိုက်နေတယ်၊ ကိုယ့် Target Customer နဲ့ မကိုက်တာ၊ ကိုယ့် Product က တကယ်ပေးချင်တဲ့ Value ပျောက်ပြီး ရောသမမွှေ Product ဖြစ်လာတာ စတာတွေကို အာရုံမစိုက်မိ ဖြစ်တတ်ပါတယ်။
  • PM က Development မှာ ပိုအားသာပြီး ကျန်တဲ့ နှစ်ဖက်မှာ အားနည်းရင်လည်း Tech Team က ဆက်လုပ်မယ်လို့ သတ်မှတ်ထားတဲ့ Feature တွေကိုပဲ Develop လုပ်ဖို့အဆင်ပြေ/မပြေ သာ အာရုံစိုက်နေမယ်၊ ဘယ်လို Develop လုပ်ကြမယ် (How) တွေကို အာရုံစိုက်နေမယ်၊ နှစ်အစမှာ ချခဲ့တဲ့ Roadmap က နှစ်ကုန်လောက်မှာ Market အပြောင်းအလဲတွေကြောင့် Develop မလုပ်သင့်တော့လည်း PM အနေနဲ့ သတိမထားမိဘဲ တစ်ခုပြီး တစ်ခု Develop လုပ်ဖို့သာ အားသန်နေမယ် စတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဲ့လိုတွေ တစ်ဖက်ထဲကိုပဲ အာရုံမစိုက်မိအောင် သတိပြုမိဖို့အတွက်က မိမိအနေနဲ့ ဘယ်အပိုင်း အားသာလဲ၊ ဘယ်အပိုင်း အားနည်းလဲ သိမှသာ Balance ညှိနိုင်မှာပါ။ Product Manager တစ်ယောက်က စစချင်းမှာ ကဏ္ဏသုံးခုလုံးကို ကောင်းကောင်းသိဖို့၊ ကျွမ်းကျင်ဖို့ မလွယ်ပါဘူး။ ပထမဆုံးအနေနဲ့ မိမိ ကျွမ်းကျင်တဲ့ Background က ဘာလဲ၊ မိမိပို စိတ်ဝင်တစားရှိနေတဲ့ အပိုင်းက ဘာလဲ၊ မိမိ အားနည်းတဲ့ အပိုင်းက ဘာလဲဆိုတာတွေ သိဖို့လိုပါတယ်။

ဒါ့အပြင် Product Manager တစ်ယောက်လေ့လာရမယ့် အပိုင်းတွေထဲမှာ Communication နဲ့ Leadership Skills လို Soft Skills တွေလည်း ရှိပါသေးတယ်။ Product အတွက် အပိုင်း သုံးပိုင်းလုံးကို သိနားလည်ဖို့ အာရုံစိုက်နေပေမယ့် အဲ့ဒီလူတွေနဲ့ Communicate လုပ်ဖို့၊ Lead လုပ်ဖို့မှာ အားနည်းနေလို့လည်း အလုပ်မဖြစ်ပြန်ပါဘူး။​ ဒါက Product Manager အတွက် နောက်ထပ် ချိန်ညှိရမယ့် Balance ပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုမှာက တစ်ခုခုက အားသာနေလို့ ကိစ္စမရှိပေမယ့် တစ်ခုခုက အရမ်းအားနည်းသွားရင် Product Manager ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ အတားအဆီးဖြစ်နိုင်ပါတယ်။

Product Manager အနေနဲ့ မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေကို Product Area သုံးခု (Business, Customer, Tech) နဲ့ ပတ်သက်တဲ့ Knowledge ရော၊ Soft Skills အပိုင်းမှာရော ဆန်းစစ်ပြီးရင်တော့…. အဲ့ဒါတွေကို အားဖြည့်ဖို့ မိမိနဲ့ သင့်တော်တဲ့ နည်းလမ်းကိုရွေးပြီး လေ့လာရတော့မှာဖြစ်ပါတယ်။

  • လိုအပ်တဲ့ သင်တန်းတွေကို သင်တန်းကျောင်းတွေမှာ တက်မလား (Certificate, Diploma, Master စသည်)
  • Online Course တွေ တက်မလား
  • စာအုပ်တွေ Blog တွေ ဖတ်မလား
  • လက်ရှိ Product Manager တွေနဲ့ လှမ်းချိတ်ဆက်ပြီး သူတို့ဆီက လေ့လာမလား (eg. Linkedin ကနေတဆင့်၊ Meetup တွေကနေတဆင့်)
  • အလုပ်ကနေပဲ တဖြည်းဖြည်း လေ့လာသင်ယူသွားမလား

စသဖြင့် မိမိနဲ့ ကိုက်ညီသင့်တော်တဲ့ နည်းလမ်းကို ရွေးနိုင်ပါတယ်။

အချုပ်ပြောရရင်တော့ Product Manager က မိမိ အားသာချက်တွေကို ကောင်းကောင်းအသုံးချရင်းနဲ့ မိမိအားနည်းတဲ့အပိုင်းတွေမှာ မလစ်ဟာသွားအောင်၊ တစ်ဖက်စောင်းနင်း မဖြစ်သွားအောင် သတိပြုရင်း လိုအပ်တဲ့ Skills တွေနဲ့ Knowledge တွေကို အမြဲမပြတ် သင်ယူသွားသင့်ပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

--

--