Product Manager ဖြစ်ဖို့ Tech အကြောင်း သိမှရမှာလား
Software Engineer လိုမျိုး Technical Background ကနေ Product Manager career ကို ပြောင်းတဲ့အခါ အားသာချက်တွေ အများကြီးရှိသလို ရင်ဆိုင်ကြုံတွေ့ရတတ်တဲ့ Challenge တွေလည်း ရှိပါတယ်။
ဒီ Article ကို ရေးဖြစ်တဲ့အကြာင်းက ရှေ့မှာ “မြန်မာနိုင်ငံမှ Product Manager များ” ခေါင်းစဥ်နဲ့ မြန်မာနိုင်ငံ Industry မျိုးစုံမှာရှိတဲ့ Product Manager တွေရဲ့ Backgoround ကို Research လုပ်ဖြစ်ခဲ့ပြီး ရလဒ်အရ တော်တော်များများက Technical Background ကနေ ပြောင်းလာတယ်ဆိုတဲ့ အချက်ပါ။ ဒီတော့ Product Manager ဖြစ်ဖို့ Technical အကြောင်းကောင်းကောင်း သိမှဖြစ်မှာလားဆိုပြီး မေးလာကြပါတယ်။
အရင်ကလည်း ဖြေဖူးပါတယ်…. Technical Background ရှိမှ / ကျွမ်းကျင်မှ / Code ရေးဖူးမှ Product Manager ဖြစ်တာ မဟုတ်ပါဘူး.. သို့ပေမယ့် Product Manager ဆိုတာ နေ့စဥ် Developers တွေနဲ့ Communicate လုပ်ပြီး Digital Product တစ်ခုကို ရုပ်လုံးဖော်ရတဲ့သူဖြစ်တာမို့ Technical Knowledge က အတိုင်းအတာတစ်ခုအထိ ရှိဖို့လိုပါတယ်။ ဆိုတော့ Technical Background ရှိတဲ့အတွက် ဘာတွေအားသာချက်ရှိလဲ၊ Technical Background ရှိလို့ ကြုံတွေ့ရတတ်တဲ့ Challenge တွေကရော ဘာတွေဖြစ်မလည်းဆိုတာ ဒီ Article မှာ ဝေမျှချင်ပါတယ်။
အားသာချက်များ
- Developers တွေပြောတဲ့ အကြောင်းအရာတွေနဲ့ Technical Terms တွေကို နားလည်တဲ့အတွက် နေ့စဥ် Team နဲ့ Communicate လုပ်ရတာ ပိုမိုလွယ်ကူတယ်။ Technical side ရဲ့ အခက်အခဲနဲ့ Efforts တွေကို Busienss ဘက်က စဥ်းစားပေးနိုင်တာ၊ Business Requirements တွေကို ကိုယ့် Development Team နားလည်အောင်ပြောပေးနိုင်တာတွေက ကြီးမားတဲ့ အားသာချက်ပါ။
- Development Team နဲ့ Product Manager ကြားမှာ အချင်းချင်းနားလည်နိုင်တာက ရေရှည် Working Relationship မှာ အထောက်အကူပြုပြီး သူတို့ဆီက Respect ကိုလည်း ရယူနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း သူတို့အခက်အခဲတွေကို နားလည်နိုင်လို့ Mutual Respect ပိုရှိကြပါတယ်။ (Developers တွေဘက်က သူတို့ပြောတာကို နားမလည်တဲ့ PM ဆို မလေးစားတာ၊ Technically အရမ်းရှုပ်ထွေးသယောင် ပညာပြတာမျိုးလေးတွေလည်း ရှောင်နိုင်သွားတာပေ့ါ)
- Feature တစ်ခုထည့် / အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆို ဘယ်လောက် ခက်ခဲနိုင်လဲ၊ ဘယ်လောက် impact ရှိနိုင်မလဲဆိုတာ၊ ဘယ်လောက် Resource တွေလိုအပ်မလဲ ခန့်မှန်းနိုင်တယ်။ ခန့်မှန်းဖို့လည်း လိုတဲ့ မေးခွန်းတွေကို ထိထိရောက်ရောက် မေးနိုင်ပါတယ်။
- Product မှာ Feature တစ်ခုထည့်မယ်ဆိုတိုင်း Business Point of View ကပဲ ထည့်ချင်တဲ့ Feature ကို အာရုံစိုက်ပြောတာမဟုတ်ပဲ Product အပေါ်မှာ ဖြစ်လာနိုင်တဲ့ Impact တွေ၊ Technical Debt တွေကို စဥ်းစားပေးနိုင်၊ နားလည်ပေးနိုင်ပါလိမ့်မယ်။ ရှိပြီးသား Technical Debt တွေကို ဖြေရှင်းဖို့လဲ ပိုအလေးထားကြပါတယ်။
- Code ကူရေးပေးဖို့ မလိုပေမယ့် တစ်ခါတစ်ရံ လိုအပ်တဲ့ Technical နဲ့ Product ကို ခြုံကြည့်ပြီး Development Team ကို Decison ချဖို့ Input ပေးတာ၊ Advice ပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။
ဒါတွေကတော့ Technical Background ရှိတဲ့ Product Manager တွေအတွက် အားသာရတဲ့ အချက်တွေပါ။ တစ်ချိန်တည်းမှာလည်း မိမိက Software Engineer မဟုတ်တော့ပဲ Product Manager ဆိုတဲ့ Role အသစ်ကို ရောက်လာတဲ့အခါ သူများနဲ့မတူတဲ့ Challenge တွေရှိပြန်ပါတယ်။ ကျွန်တော့်ကိုယ်တွေ့ ကြုံဖူးတဲ့ Challenge တွေကတော့ -
Product Manager က Software နဲ့ အကျွမ်းဝင်နေတာမို့ Development Team ဘက်မှာပဲ နစ်နေပြီး လိုတာထပ် ပို ဝင်ပါမိနေတာမျိုးတွေရှိတတ်ပါတယ်။ တကယ်တမ်း Product Manager တွေရဲ့ တာဝန်က Customer နဲ့ Business ဘက်ကို အဓိက စဥ်းစားပြီး ပြဿနာတွေဖြေရှင်းရသူပါ။ Software Engineer တုန်းက Quality Software ကို Develop လုပ်ဖို့က Goal ဖြစ်ပေမယ့်.. Product Manager ဖြစ်လာတဲ့အခါ Customer ဆီကို ပေးမယ့် Product က တကယ်အသုံးဝင်တဲ့ Product / Solution ဖြစ်လား၊ ကိုယ့် Company ရဲ့ Business Vision အတိုင်းရော ဖြစ်လား စတာတွေကို အာရုံစိုက်ဖို့ လိုပါတယ်။ Technical ဘက်ကို လိုတာထပ်ဝင်ပါမိတာက Developers တွေအတွက် အနှောင့်အယှက်ဖြစ်နိုင်သလို Product အတွက်လည်း လိုအပ်တဲ့ Customer Focus တွေ အားနည်းသွားပါလိမ့်မယ်။
Product Manager ရဲ့ နေ့စဥ် Tasks တွေမှာ Customer နဲ့ Business ဘက်ကို ပိုအာရုံစိုက်ပြီး Technical ဘက်ကို အာရုံအရမ်းမစိုက်မိအောင် Balance ညှိတာ အကောင်းဆုံးပါ။
တစ်ခါတစ်ရံ Product အတွက် Why မေးခွန်းတွေကို ဖြေရှင်းမယ့်အစား Technical ဘက်က How ကိုပဲ အာရုံစိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ Product Manager က မိမိ Product မှာ ဒီ Feature ကို ဘာလို့ထည့်သင့်လဲ၊ ဘာလို့ဖြုတ်သင့်လဲဆိုတဲ့ (Why) တွေကို အာရုံစိုက်ရမယ့်သူဖြစ်ပါတယ်။ ဒီ Feature ကို ဘယ်လို Develop လုပ်မလဲဆိုတဲ့ (How) ကို မဟုတ်ပါဘူး။ ။ Company က အထက်အရာရှိတွေကပါ Product Manager ဆီက Why အစား How မေးခွန်းရဲ့ အဖြေတွေကို မျှော်လင့်တတ်ကြတာလည်း ကြုံရပါတယ်။ ဥပမာ — Software က ဒီ Feature ထပ်ထည့်လို့ရနိုင်လား၊ အရမ်း Development Effort များမှာလား စသည်ဖြင့် Technical ဘက်ကိုပါ Product Manager ကို Focus လုပ်စေချင်တာမျိုးတွေ ကြုံရတတ်ပါတယ်။
ဒါကို ဘယ်လိုကျော်လွှားမလဲဆိုတော့ Product အတွက် Why မေးခွန်းတွေကို ပိုအာရုံစိုက်ပြီး Technical နဲ့ပတ်သက်တဲ့ How မေးခွန်းတွေအတွက် Tech Lead တွေ Project Manager တွေကို Meeting ထဲ ခေါ်ထည့်တာက အကောင်းဆုံးပါပဲ။
Developers တွေက ကိုယ့်ဆီက Development နဲ့ဆိုင်တဲ့ Technical Decision တွေ ချဖို့ အကူအညီတောင်းတာ (ခေါင်းရောင်းတာ) မျိုးတွေ မကြာခဏ ကြုံရပါတယ်။ တကယ်တမ်းက Development Team နဲ့ Tech Lead က Product Manager ဆီက လိုအပ်တဲ့ Input တွေယူပြီး အကောင်းဆုံး Technical Decision ကို ချရမှာဖြစ်ပေမယ့် Product Manager ကလည်း Technical Difficulities တွေ နည်းနည်း ရှင်းပြလိုက်ရင် နားလည်နေတာ့ “A လုပ်လို့ရတယ်၊ B လုပ်လို့ရတယ် ဘယ်ဟာနဲ့လုပ်ချင်လဲ ရွေး?” ဆိုတာမျိုး၊ “A တော့လုပ်ဖို့တော့ခက်တယ် B နဲ့လုပ်လိုက်ရမလား?” “Server A သုံးချင်လား B သုံးချင်လား?” ဆိုတာမျိုး Decision တွေ လာလာချခိုင်းတာ မကြာခဏကို ကြုံရပါတယ်။
အဲ့လိုအခြေအနေမျိုး ကြုံရင်တော့ Team ကို Options တွေ တောင်း၊ ဘယ်ဟာရွေးရင် ဘာ Pros and Cons တွေ Impacts တွေရှိမလဲ မေးခွန်းများများ ပြန်မေးပြီး သူတို့ဘာသာ Brainstorming လုပ်ရင်း အဖြေ တွေ့အောင် ကူညီတာက အသင့်တော်ဆုံးလို့ မြင်ပါတယ်။ အချိန်မပေးချင်တာနဲ့ Decisions တွေ ဝင်ချပေးတာက ရေရှည်အတွက် မကောင်းနိုင်ပါဘူး။
ဒါတွေက Software Engineer ကနေ လာတဲ့ Product Manager အနေနဲ့ ကြုံဖူးတဲ့ Challenge တွေပါ။ Company Culture ပေါ်မူတည်ပြီး ကြုံတွေ့ရတဲ့ Challenge တွေကတော့ ကွဲပြားနိုင်ပါတယ်။ အားလုံးနဲ့ Common ဖြစ်တဲ့ အချက်တွေလည်း ရှိမှာပါ။ ကိုယ့် Background Experience ကနေရတဲ့ အားသာချက်တွေကို အသုံးချပြီး အောင်မြင်တဲ့ Product Manager တစ်ယောက် ဖြစ်အောင် အခက်အခဲတွေကို ကျော်လွှားသွားဖို့က အဓိကပါပဲ။
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။