SMART Goal ဘယ်လိုတည်ဆောက်မလဲ

Lin Lae Naing Myint
ProductBaze
Published in
2 min readDec 7, 2020

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။

“SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။

မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။

SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက –

  1. S (Specific) — ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ်
  2. M (Measurable) — ဘယ်လောက်အတိုင်းအတာ ရရှိအောင်လုပ်မယ်ဆိုတဲ့ တိုင်းတာလို့ရတဲ့ အချက်အလက်ပါရမယ်၊ သို့မှသာ 80% အောင်မြင်ပြီလား၊ 100% အောင်မြင်ပြီလား တိုင်းတာလို့ရရမယ်
  3. A (Attainable) — ဖြစ်နိုင်, ရနိုင် ရမယ်၊ လမ္ဘာကို သွားမယ်ဆိုတာမျိုး (ကိုယ့်အတွက်မဖြစ်နိုင်သေးတဲ့) Goal မဟုတ်ရဘူး
  4. R (Relevant / Realistic) — ကျိုးကြောင်းသင့်လျော်ရမယ်, လက်တွေ့ကျတဲ့ Goal ဖြစ်ရမယ်
  5. T (Time-Bound) — ချမှတ်တဲ့ Goal တွေက ဘယ်အချိန်အတွင်း ရအောင်လုပ်မယ်ဆိုတဲ့ အပိုင်းအခြားတစ်ခု သတ်မှတ်ပါဝင်ရမယ်

ဆိုတဲ့ အချက် ၅ ချက်နဲ့ ကိုက်ညီရပါတယ်။

အလွယ်ဆုံး ဥပမာပြောရရင် –

  • ဘွဲ့ရပြီးရင် Company အသစ်ထောင်မယ်
  • နောက်နှစ်အတွင်း Sales တွေ တက်အောင်လုပ်မယ်
  • ငါတို့ Company ကနေ Product အသစ်နှစ်ခု ထပ်ထုတ်နိုင်ရမယ်
  • ဒီ Product မှာ Feature တွေ ထပ်ထည့်ပြီး Market share များများရအောင် လုပ်မယ်
  • ဝန်ထမ်းတွေ ထွက်တာနည်းအောင် Turnover Rate ကို လျှော့မယ်

စတာတွေက မတိကျ၊ မသေချာတဲ့ SMART မဖြစ်တဲ့ Goal တွေပါ။ ဒီထဲမှာ တကယ်ရယူနိုငမယ့် Goal တွေလည်း ပါဝင်ကောင်းပါဝင်ပါလိမ့်မယ်၊ သို့သော် ဘယ်အချိန်မှာ ဘာကို ဘယ်လောက်အထိ ရရှိအောင် လုပ်မယ်ဆိုတဲ့ သေချာသတ်မှတ်ထားခြင်းမရှိတာမို့ ကိုယ့် ရည်မှန်းချက်အတိုင်း Progress ရှိနေလား၊ ဘယ်အခြေအနေဆို ရည်မှန်းချက် ပြည့်တယ်လို့ သတ်မှတ်မှာလဲ စသဖြင့် ဝိုးတဝါးဖြစ်စေပါတယ်။

SMART Goal ဖြစ်တဲ့ ဥပမာတွေ အနေနဲ့ဆို –

  • Quarter 1 မှာ Product ရဲ့ Customer satisfaction rate က 70% အထက်ရှိရမယ်
  • Quarter 2 မှာ Product ရဲ့ New User Acquisition က 30% တက်ရမယ်
  • Quarter 1 နဲ့ Quarter 2 မှာ Digital Marketing Conversion Rate က 20% တက်ရမယ်
  • 2021 မှာ Business Development Department ရဲ့ လစဥ်Revenue က 1.5 Million ရှိရမယ်
  • လာမယ့် 6 လအတွင်းမှာ Turnover Rate ကို 5% ဖြစ်အောင်လျှော့ချမယ်… စသဖြင့် ဖြစ်ပါတယ်။

SMART Goal က Business သမား၊ Product သမား၊ Marketing သမားမှ မဟုတ်ပါဘူး။ ဘယ်လုပ်ငန်းခွင်မှာမဆို Goal ချမှတ်တဲ့အခါ အသုံးဝင်သလို၊ မိမိရဲ့ Personal Goal တွေအတွက်လည်း လက်တွေ့ကျ Effective ဖြစ်ဖို့ရာ အလွန်အသုံးဝင်တဲ့ နည်းလမ်းပါ။ 2020 ဒီဇင်ဘာဆိုတော့ 2021 အတွက် Personal ရော၊ လုပ်ငန်းခွင်ရော Gaol တွေ ချမှတ်ဖို့ အသင့်တော်ဆုံးအချိန်ပါ။​ SMART Goal တွေ ချမှတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

--

--