အကယ်၍ customers တွေက product တွေကို online ကပဲ test လည်း လုပ်နိုင်ပြီး product preview တွေလည်း ကြည့်နိုင်မယ်ဆိုရင်

Kyaw Zin Hted
Rangoon.tech
Published in
1 min readOct 9, 2020

အခု ဖြစ်နေတဲ့ COVID-19 pandemic ကြောင့် အပြင်မထွက်ဘဲ အိမ်မှာပဲ နေကြရတဲ့အခါမှာ customerတွေက online ကနေပဲ လိုချင်တဲ့ ပစ္စည်းတွေကို ဝယ်ယူလာကြပါတယ်။ Customer တွေရဲ့ behaviors တွေလည်း တော်တော်များများ ပြောင်းလာတာတွေ့နေရပါတယ်။ ဥပမာ အရင်ကဆို ပစ္စည်းတစ်ခု ဝယ်ခါနီး မျက်မြင်ကိုယ်တွေ့ test လုပ်ပြီးမှ ဝယ်ကြပေမယ့် အခုတော့ test မလုပ်နိုင်ဘဲ online ကနေပဲ ဝယ်နေကြရတာကို တွေ့ရပါတယ်။

အခုအချိန်ဟာ Augmented Reality ဆိုတဲ့ technology ကို တွင်ကျယ်စွာအသုံးပြုဖို့ ကြီးမားတဲ့ အခွင့်အရေး တစ်ခုပါပဲ။ အဲ့ဒါကြောင့် Opportunities to use Augmented Reality during COVID-19 ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။

Virtual Product Teasers

ပထမတစ်ခုက product တွေကို customers တွေကိုယ်တိုင် virtual test လုပ်နိုင်တာမျိုးပါ။ကိုယ်ဖော်ပြချင်တဲ့ catalogတွေ articleတွေကို 3D ရုပ်ကြွတွေနဲ့ impressive ဖြစ်အောင် customers တွေဆီကို အရောက်ပေးနိုင်မှာ ဖြစ်ပါတယ်။ Interior design, Home appliances, Fashion, Art, Furniture and architecture စတဲ့ လုပ်ငန်း နယ်ပယ်တွေအတွက် လွယ်ကူပြီး innovative လည်း ဖြစ်တဲ့ solution တစ်ခုပါ။

AR for Customer Service

အခုနောက်ပိုင်း လုပ်ငန်းတော်တော်များများ​က customer service ဆိုတာကို ဦးစားပေးလာကြပါပြီ။ စျေးကြီးပေမယ့်လည်း service ကောင်းရင် ဝယ်မယ်ဆိုတာမျိုး၊ စျေးသက်သာနေပေမယ့် customer service ညံ့နေရင် ဒီတစ်ခါပဲ ဝယ်ပြီး နောင်ဘယ်တော့မှ မဝယ်တာမျိုးတွေ ရှိကြပါတယ်။ customers တွေရဲ့ behavior တွေက ပေးတဲ့ service ပေါ်မူတည်ပါတယ် ။ After sales service ဖြစ်တဲ့ Product အသုံးပြုပုံကို ရှင်းပြတာတွေ၊ တပ်ဆင်ပုံကို သရုပ်ပြတာတွေမှာ AR ကို သုံးနိုင်ပါတယ်။ နောက်တစ်ခုကို ကိုယ့် ပစ္စည်းကို ဝယ်ယူပြီးတဲ့အခါ ရမယ့် Entertating benefit ကို AR နဲ့ ဖန်တိီးနိုင်ပါတယ်။ အခုလို product တွေသုံးရင်း product က​ပေးတဲ့ physical service လည်း ရသလို Augmented Reality(AR) နဲ့ emotional benefit လည်း ပေးမယ်ဆိုရင် customers တွေနဲ့ engagement ပိုရပြီး ရောင်းအားလည်း တက်လာနိုင်ပါတယ်။ ဥပမာ ဝိုင်ပုလင်းကို scan လိုက်ရင် packaging ထဲက လူကြီးက စကားပြောတဲ့ AR မျိုးဖြစ်ပါတယ်။

--

--