အိမ်ရာပြပွဲတွေကို VR သုံးပြီး Online ပေါ်ကနေလုပ်မယ်။

Kyaw Zin Hted
Rangoon.tech
Published in
1 min readMay 25, 2020

ခုလို covid-19 ကြောင့် အိမ်ရာအရောင်းအဝယ်တွေ အေးစက်နေပေမယ့် တကယ်ဝယ်ချင်နေတဲ့ သူတွေကတော့ ရှိနေပါတယ်။ သူတို့ မဝယ်ဖြစ်တာက ဝယ်မယ့် အိမ်ကိုကိုယ်တိုင်လာမကြည့်နိုင်တာကြောင့် information ပြည့်ပြည့်စုံစုံမရဘဲ မဝယ်ရဲတာကြောင့်ပါ။ ဓာတ်ပုံတွေပြမယ်ဆိုရင်လည်း ရှုထောင့်တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိလို့ အပြင်မှာတကယ်ကြည့်နေရသလို အိမ်ရဲ့အကျယ်အဝန်း အခန်းအနေအထား၊ အလင်းရောင်အနေအထား စတဲ့ အခြေအနေတွေကို ဓာတ်ပုံကနေကြည့်နိုင်မှာမဟုတ်ပါဘူး။ ဗီဒီယိုကနေ အိမ်အနေအထားကို ပြမယ်ဆိုရင်လည်း ကြည့်ရှုသူတိုင်းရဲ့ ကြည့်ချင်တဲ့ ပုံစံအတိုင်းပြပေးနိုင်မှာမဟုတ်လို့ တကယ် ကိုယ်တိုင်ကြည့်ရတဲ့ Feel ကိုတော့ ဘယ်လိုမှ ရမှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် ဝယ်ချင်ပါရက်နဲ့ မရောင်းနိုင်တာက လုပ်ငန်းအတွက် ဆုံးရှုံးမှုတွေများစွာဖြစ်ရပါတယ်။

ဒီိလိုဆိုရင် ကျွန်တော်တို့အနေနဲ့ ဆရာဦးသိမ်းဝေ ပြောသလို ထိုင်မနေပဲ လုပ်သင့်တာလေးတွေလုပ်လို့ရပါမယ်။ အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်တဲ့ ကျွန်တော်တို့ရဲ့ VR Technology ကိုသုံးပြီး အိမ်အနေအထားကို customer တွေအိမ်ကနေ ထိုင်ကြည့်နိုင်တဲ့အကြောင်း ရှင်းပြပါရစေ။​

VR က Video တွေလို angel တစ်ခုတည်းကြည့်နိုင်တာမျိုးမဟုတ်ပဲ 360 Degree ကြည့်နိုင်တာကြောင့် ကိုယ်အပြင်မှာ ကြည့်ရတဲ့အတိုင်း တစ်ခန်းလုံးရဲ့ အနေအထားကို စိတ်ကြိုက်ကြည့်နိုင်ပါတယ်။ နောက်ပြီး VR ကို animationတွေနဲ့ ဖန်တီးမှာမဟုတ်ပဲ တကယ့်အိမ်အစစ်ရဲ့ 360 degree photo ကိုသုံးမှာဖြစ်တဲ့အတွက် အိမ်အစစ်ထဲက မြင်ကွင်းအတိုင်း ရမှာပါ။ VR ကို Headset တွေရှိမှ ကြည့်လို့ရတာမဟုတ်ပဲ ဖုန်း, tablet, laptop စသည့် device မျိုးစုံနဲ့ကြည့်လို့ရတာကြောင့် ကိုယ့်ရဲ့ အိမ်ကိုစိတ်ဝင်စားတဲ့ Customer ကို Link လေးတစ်ခုပေးပြီး ဝင်ကြည့်ခိုင်းလိုက်ရုံပါပဲ။ နောက်ပြီး VR ကြည့်နေတဲ့ အိမ်ရဲ့ specification တွေကိုပါတစ်ခါတည်း ကြည့်လို့ရတာကြောင့် အိမ်ကိုစိတ်ဝင်စားနေတဲ့ customer တွေအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။

VR ကိုဘာလို့သုံးသင့်တာလဲဆိုရင် ကိုယ့်ရဲ့ အိမ်ရာမြင်ကွင်းတွေကို ဓာတ်ပုံတွေလို တစ်ပိုင်းစီကြည့်ရတာမျိုးမဟုတ်ပဲ အိမ်ရာ ၊အခန်း ၊ apartment တစ်ခုလုံးက်ို တစ်ဆက်စပ်တည်းperspective တွေရွေးပြီးကြည့်နိုင်တာကြောင့် ကိုယ်တိုင်လာကြည့်နေရသလို အခန်းချင်းဆက်စပ်မှုတွေ အကျယ်အဝန်း detailတွေကအစ အိမ်အပြင်အဆင် အကျယ်အဝန်းအားလုံးကို အိမ်ကနေ VR link မှတဆင့် လေ့လာနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒီ Link လေးကို ဝင်ကြည့်ပြီး စမ်းလို့ရပါတယ်ခင်ဗျ။

တကယ်လို့စိတ်ဝင်စားလို့ ကိုယ့်အိမ်ရာအတွက် အခုလို VR view တွေဖန်တီးချင်တယ်ဆို ကျွန်တော်တို့ rangoon.tech နဲ့ တိုင်ပင်လို့ရပါတယ်ခင်ဗျာ။ ဒီအချိန်က ငွေအရမ်းကြပ်နေတာမို့ VR လုပ်တဲ့ cost အတွက်လည်း ကူညီတဲ့အနေနဲ့ တတ်နိုင်သလောက်ညှိပေးပါ့မယ်ခင်ဗျာ။ အခန်းရောင်းရမှ​ပေးတာမျိုး ဘာတို့လိုလုပ်လည်းရပါတယ်။ ကိုယ်သိတဲ့ လိုအပ်နေတဲ့ လုပ်ငန်းရှင်တွေထဲ ရောက်သွားအောင် share ပေးလည်းရပါတယ်ခင်ဗျာ။

--

--