Types of Augmented Reality in Myanmar

Kyaw Zin Hted
Rangoon.tech
Published in
2 min readApr 27, 2020

ကျွန်တော်တို့ AR ကိုပြော​ပြောနေပေမယ့် ဘယ်လိုမျိုးသုံးရလဲဆိုတာကို မပြောမိခဲ့ဘူးဗျ။ ဒီနေ့မှာတော့ AR Experience ကိုဘယ်လို အသုံးပြုလို့ရတယ်၊ Brand တွေအနေနဲ့လည်း ဘယ်လိုလုပ်လို့ရတယ်ဆိုတာ share သွားမှာပါ။ အရင်ဆုံးအနေနဲ့ AR နဲ့ VR ရဲ့ ခြားနားပုံကို ဖော်ပြသွားပါ့မယ်။ VR ဆိုတာကတော့ Digital Content တွေကို Headset တပ်ပြီး ကြည့်ရတာဖြစ်ပါတယ်။ User အနေနဲ့ Headset ရှိမှသာ VR experience ကိုခံစားနိုင်မှာဖြစ်ပါတယ်။ AR ကတော့ VR လိုမဟုတ်ပဲ ဖုန်းတစ်လုံးရှိရုံနဲ့ ကိုယ့်အပြင်က တကယ့်ပတ်ဝန်းကျင်အပေါ်မှာ ထပ်ပြီး ဖြစ်နေတဲ့AR Content တွေကို ခံစားနိုင်မှာပါ။

User ​တွေ အနေနဲ့ AR App ကို download ယူ၍သော်လည်းကောင်း website link ဖြင့် Browser ထဲ ဝင်၍လည်းကောင်း Facebook နဲ့ Instagram တို့လို Social Media Appတွေမှာ လည်းကောင်း AR ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ App, Web နဲ့ Social Media တို့ဟာ AR ကိုအသုံးပြုနိုင်တဲ့ channel တွေပဲ ဖြစ်ပါတယ်။

အဲ့ဒီ Channel တွေထဲမှာ ဆိုရင်တော့ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ Reach အရောက်ဆုံးဖြစ်တဲ့အပြင် customer တွေအနေနဲ့လည်း အသုံးပြုရ အလွယ်ဆုံး ဖြစ်ကာ customer ရဲ့ Facebook App နဲ့ပင် ARကို အလွယ်တကူအသုံးပြုနိုင်တာကြောင့် Social Media AR ဟာဆိုရင်တော့ Brand တွေအနေနဲ့ marketing အတွက် ရွေးချယ်စရာတစ်ခုပဲ ဖြစ်ပါတယ်။ Social Media ပေါ်က AR မှာတော့ AR effect နဲ့ AR Game ဆိုပြီး ၂ မျိုးရှိပြီး မိမိတို့ Brand ရဲ့ Marketing Strategy နဲ့ ကိုက်ညီတဲ့ဟာကို အသုံးပြုနိုင်ပါတယ်။

Web AR နဲ့ App AR တို့ကတော့ Marketing Campaing အကြီးကြီး တွေနဲ့ပိုပြီးတော့ အဆင်ပြေပါတယ်။ ဥပမာ Pokemon Game လို လုပ်ဆောင်ရတဲ့ အဆင့်များသလို ပိုမို စွမ်းဆောင်ရည်မြင့်တဲ့ AR မျိုးကတော့ App နှင့် Web ဖြင့်လုပ်ခြင်းက ပိုမိုသင့်တော်တာမျိုးပါ။ App AR က customerကို ကိုယ့် ecosytem ထဲရောက်အောင် လုပ်နိုင်တာမို့ ငွေကြေးအကုန်အကျ များသော်လည်း user experiene အတွက် ပိုကောင်းသလို user ကိုလည်း ကိုယ့်ရဲ့ asset တစ်ခုအနေနဲ့ AR App ကို ပေးနိုင်မှာဖြစ်ပါတယ်။

Web AR ကတော့ ပေါ့ပေါ့ပါးပါးနဲ့ Link တစ်ခုပဲလိုပြီး ကိုယ့် Website မှာဖြစ်စေ၊ ကိုယ့် online shop platform မှာဖြစ်စေ၊ Facebook နဲ့ Instagram post မှာ ဖြစ်စေ၊ QR code ဖြင့် ဖြစ်စေ User အလွယ်တကူ သုံးနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေဖြင့် WebAR အနေနဲ့ Navigation လုပ်တဲ့အခါမှာ သုံးလို့ရပါတယ်။ Bus Stop မှာ QR Code Ads လုပ်ထားပြီး အဲ့ဒီ QR ကို customer က scan လိုက်ရင် browser ထဲရောက်သွားပြီး Camera ပွင့်လာကာ AR Digital Content များပေါ်လာပြီး ညွှန်းချင်တဲ့နေရာကို AR နဲ့ navigate လုပ်ပေးမှာဖြစ်ပါတယ်။

တကယ်လို့ AR ကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ rangoon.techကို ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။

--

--