ကိုယ့်Brand ကပဲ ပေးနိုင်သည့် Buying Experiences ကိုဖန်တီးနိုင်သည့် နည်းပညာများ

Kyaw Zin Hted
Rangoon.tech
Published in
2 min readMay 22, 2020

Customer တွေက သင့် Brand ကို သိနှင့်နေပြီး ဝယ်ယူဖို့ကြိုးစားတော့မယ်ဆို Brand အနေနဲ့ customer တွေ ကိုယ့် Brand ကိုဝယ်ယူမှု ချောမွေ့စေရန် Emerging Technology တွေကို အသုံးချပြီး customer experiences ကောင်းတွေကို ဖန်တီးနိုင်ပါတယ်။ ပြိုင်ဖက်တွေမပေးနိုင်တဲ့ Customer တွေအံ့ဩသွားစေလောက်တဲ့ ကိုယ့် Brand ကသာပေးတဲ့ Customer Experience မျိုးကို AR/VR တို့နဲ့ ဖန်တီးလို့ရပါတယ်။ ဝယ်ယူမှုအဆင့်ကို Pre-sales, Point of purchase နဲ့ after-sales ဆိုပြီး ခွဲပြီး AR/ VR နဲ့ Brand Experience ကိုထောက်ပံ့နိုင်ပါတယ်။

Pre-sales

ဒီအဆင့်မှာဆိုရင် Online ပေါ်ကနေ ကိုယ့်ပစ္စည်းကို မဝယ်ခင် AR/VR ကိုသုံးပြီး Virtual စမ်းသုံးကြည့်လို့ရပါတယ်။ အဲ့ဒါကြောင့် customer အနေနဲ့ ဒီ product က ကိုယ်နဲ့ ကိုက်မကိုက်၊ ကိုယ့်အတွက်အဆင်ပြေမပြေ၊ ကိုယ့်အကြိုက်ဟုတ်မဟုတ်ကို မဝယ်ခင်ကတည်းက ကြိုသိရှိပြီး ကိုယ်ကြိုက်တဲ့ အထိ Product တွေကို ရွေးချယ်ဝယ်ယူနိုင်တာကြောင့် Brand ကပေးတဲ့ customer experience ကို Customer တွေအနေနဲ့ ဆိုစမှတ်ပြုစေန်ိုင်ပါတယ်။ ဥပမာအနေနဲ့ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ မျက်မှန်စတဲ့ တစ်ကိုယ်ရည် အသုံးအဆောင်ကနေ အိမ်သုံးပစ္စည်းတွေအထိ Try before they buy ဆိုပြီး မဝယ်ခင်စမ်းလို့ရတဲ့ Value ပေးလို့ရပါတယ်။ VR ကိုသုံးပြီးတော့လည်း အိမ်ရာပြပွဲတွေကို ကြည့်နိုင်တာကြောင့် ပြပွဲက်ိုမလာနိုင်တဲ့နေရာတိုင်း ကိုယ့် online customer တွေကို တိုက်ခန်း/အိမ်ယာ ဝယ်ချင်လာအောင် စေ့ဆော်ပေးနိုင်ပါတယ်။ ခုဆိုရင် Facebook မှာ AR/VR သုံးနေရင်း ကြိုက်ရင်လည်း တန်းဝယ်လို့ရအောင် CTA ထည့်ပြီး Product Page ကိုညွှန်းနိုင်တာကြောင့် conversion ဖြစ်ဖို့လည်း အထောက်အကူပြုမှာပါ။

Point-of-Purchase

အဆင့်ကတော့ ကိုယ့်ဆီကို customer လာအောင် ပ်ိုမိုထူးခြားတဲ့ အတွေ့အကြုံသစ်တွေပေးဖို့ကို Augmented Reality ကို အသုံးချနိုင်ပါတယ်။ ကိုယ့် Online Shop ဖြစ်ဖြစ် Physical Store ဖြစ်ဖြစ် ကိုယ့်ဆီ Customer လာချင်လာအောင် ကို ကိုယ့် Brand ရဲ့ Story နဲ့လိုက်ပြီး Augmented Reality Experience တွေကိုဖန်တီးနိုင်ပါတယ်။ ဥပမာ ကိုယ့်ဆိုင်ကိုလာရင် Customer တွေရဲ့ ဖုန်းထဲကနေတဆင့် သူတို့ကိုယ်တိုင် သုံးလို့ရမယ့် AR Navigation လမ်းညွှန်မှုတွေ၊ AR Menu တွေ၊ ကိုယ့် Brand ရဲ့ ခမ်းနားတဲ့ Story တွေကို အခြေပြုဖန်တီးထားတဲ့ AR Content တွေ ၊ ကိုယ့်ရဲ့ Product ကို customer တွေအတွက် ချစ်ခြင်းဖြင့်ဘယ်လို ဖန်တီးထားတဲ့ဆိုတဲ့ AR content တွေ၊ AR Game/Mini Game လေးတွေကို ဆော့ခိုင်းပြီး ရတဲ့ point က်ို discount ပေးရင်း နောက် marketing အတွက် retargeting လုပ်ဖို့ သူတို့ရဲ့ data ကိုဖြည့်ခိုင်းတာတွေ၊ AR Photo Background လုပ်ထားပြီး ထူးထူးခြားခြား AR Filter တွေနဲ့ ဓာတ်ပုံရိုက်လို့ရတာတွေ စသဖြင့် Marketing Idea အလိုက် AR/VR, Mini-game လေးတွေသုံးပြီး customer experience ပိုကောင်းအောင်လုပ်နိုင်ပါတယ်။

Post-sales

ဒီအဆင့် မှာဆိုရင်တော့ customer ဝယ်ယူသွားတဲ့ ကိုယ့် product ရဲ့ packaging မှာ AR content တွေထည့်ပြီး customer တွေဆီကနေ သူတို့က်ိုဂရုစ်ိုက်ပေးတယ်ဆိုတဲ့ ခံစားချက်ကို ရယူနိုင်ပါတယ်။ ခုလို AR မှာတော့ product အကြောင်းကို AR နဲ့ရှင်းပြတာတွေ၊ ကလေးပစ္စည်းတွေဆိုရင်လည်း ကလေးတွေအတွက်ရည်ရွယ်ပြီး AR content လေးတွေ ဂိမ်းလေးတွေ ဖန်တီးတာမျိုးတွေ၊ Product packagingငကို AR နဲ့ scan လုပ်ပြီး Lucky Draw တွေထည့်တာမျိုးတွေ၊ product သုံးနည်း လမ်းညွှန်ကိုလည်း AR နဲ့ပြတာတွေအပြင် အပေါ် stage တွေကလို ကိုယ့် Brand Story ကို Packaging ကနေတဆင့် AR နဲ့ ဖော်ပြနိုင်ပါတယ်။ ခုလို customer တွေ ကိုယ့် Brand ကိုဝယ်ယူပြီးသည်အထိ နည်းပညာဆန်းဆန်းဖြင့် ဂရုစ်ိုက်ပေးခြင်းဖြင့် customer တွေအနေနဲ့ ကိုယ့်ဆီကို နောက်တစ်ခါ ပြန်လာဖ်ို့ အခွင့်အရေးများမှာဖြစ်ပါတယ်။

အခုလို အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Interactive Marketing Campaign တွေနဲ့ ၄င်းတို့ကို ဖန်တီးဖို့လိုအပ်တဲ့ နည်းပညာအကြောင်းတွေကို rangoon.tech blog မှာဖတ်နိုင်ပါတယ်။

--

--