Brand Awareness အတွက် Interactive Ads (AR ads, Playable Ads, Swirl Ads)

Kyaw Zin Hted
Rangoon.tech
Published in
Oct 22, 2020

Brand Awareness အတွက် brand တွေဟာ Market ထဲမှာ ကိုယ်ရှိနေတဲ့အကြောင်း၊ ကိုယ် Product က ဘာဆိုတဲ့အကြောင်း၊ ကိုယ်​က ဘယ်လိုပြဿနာတွေကို ဖြေရှင်းပေးနေတယ်ဆိုတဲ့အကြောင်း စသဖြင့် ကိုယ့်အကြောင်းကို customer တွေသိနိုင်အောင် ကြော်ငြာကြပါတယ်။ များပြားလှတဲ့ information တွေ Ads တွေကြားမှာ audience တွေဟာ အမြဲရှုပ်ထွေးနေလေ့ရှိပြီး ကိုယ့်ကြော်ငြာကို သတိထားမိဖို့ အခွင့်အရေး နည်းသထက်နည်းလာပါတယ်။ ကိုယ့် Ads က Attraction ရှိမှသာ ကိုယ့်ဆီကို အာရုံရောက် attention ရှိတော့မှာဖြစ်ပါတယ်။

Facebook, Google စသဖြင့် Digital ကိုသုံးပြီး ads run တဲ့အခါမှာလည်း ရိုးအီနေပြီဖြစ်တဲ့ Display Ads က audience ရဲ့ attention ကို ဖမ်းစားဖို့ ခက်ပါတယ်။ ဒါ့ကြောင့် Facebook Ads မှာဖြစ်ဖြစ်၊ Google Display, Banner Ads မှာဖြစ်ဖြစ် ကိုယ့် Brand, Product ကို Story Telling ပုံစံမျိုးဖြင့် interactive ads type တွေဖြစ်တဲ့ Augmented Reality Ads, Playable Ads, Poll Ads တွေဖန်တီးခြင်းဖြင့် customerရဲ့ attention ပိုရနိုင်မှာဖြစ်ပါတယ်။

ကိုယ့် Brand ရဲ့ Product/Service အသစ် မိတ်ဆက်တာမျိုးမှာ ကိုယ့်product အသစ်အပေါ် awareness ရစေရန် attention ရစေရန်အတွက် AR ကိုသုံးပြီး Contest မျိုးတွေ လုပ်လို့ရပါတယ်။ အဆိုပါ contest တွေမှ User-generated content တွေ ထုတ်နိုင်တာကြောင့် အသစ်မိတ်ဆက်လာတဲ့ Product အကြောင်းကို customer တွေသိလာမှာဖြစ်ပါတယ်။

အခုလို AR Ads, Playable Ads စသည်တို့ကို သုံးလိုက်ခြင်းဖြင့် customer ဆီက attention ကိုပိုရနိုင်သလို သူတို့ကိုယ်တိုင် အဆိုပါ AR, Game ကို ပါဝင်အသုံးပြုမှာဖြစ်တာကြောင့် Brand နဲ့ Customer ကြား အချိန်တစ်ခုထိ engagement လည်းဖြစ်စေမှာပါ။ ကိုယ့် Ads မှာ Customerတွေ ကိုယ်တိုင် ပါဝင်စီးမျောတာကြောင့် dwell time ပိုကြာနိုင်သည့်အပြင် Story ပုံစံဖြင့်ဖော်ပြထားတဲ့ ကိုယ့် Product အကြောင်းကိုလည်း ပိုမိုလေ့လာနိုင်ပြီး ကောင်းစွာသိနားလည်သွားမှာဖြစ်ပါတယ်။ အဆိုပါ AR effect က Photo လည်းရိုက်လို့ရတာကြောင့် customer ကိုယ်တိုင် AR effect နဲ့ ဓာတ်ပုံရိုက်ပြီး ပြန်share လေ့ရှိပါတယ်။ ဒါ့ကြောင့် Customer ရဲ့ network ထဲကိုပါ reach ရောက်သွားပြီး Viral Buzz ဖြစ်ဖို့ ignite လည်းလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

--

--