Covid-19 ဂယက် ကြောင့် ပြောင်းလဲလာသော စျေးဝယ်ယူမှု အလေ့အထများ

Kyaw Zin Hted
Rangoon.tech
Published in
2 min readApr 26, 2020

Covid-19 ကြောင့် အိမ်ထဲမှာပဲနေနေရတော့ ဝယ်ယူသူတွေရဲ့ အလေ့အကျင့်ကလည်း online ဘက်ကို ပြောင်းလာကြပါတယ်။ ဒီရက်ပိုင်း ကျွန်တော်တို့တတွေ လိုအပ်တဲ့ အိမ်သုံးပစ္စည်း၊ အသုံးအဆောင်တွေကနေစပြီး မုန့်ပဲသရေစာအထိ online ကနေပဲ ဝယ်ကြပါတော့တယ်။ ဒီနေရာမှာ ဝယ်ယူသူတွေအနေနဲ့ မုန့်တွေ စားစရာတွေနဲ့​ တန်ဖိုးအားဖြင့်မများတဲ့ ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူရာမှာ ကိစ္စ မရှိပေမယ့် တန်ဖိုးကြီးတဲ့ size ကြီးတဲ့ ပစ္စည်းတွေဝယ်တဲ့အခါမှာ အပြင်မှာမျက်​မြင်မတွေ့ရပဲ online ကနေ ဝယ်သင့်မဝယ်သင့်က တော်တော်စဥ်းစားယူကြရပါတယ်။

ဥပမာ ပရိဘောဂပစ္စည်းတွေဖြစ်ဖြစ်၊ ရေခဲသေတ္တာလို TV တို့လို Size ကိုခန့်မှန်းလို့မရတဲ့ ပစ္စည်းတွေဆိုပိုဆိုးပါတယ်။ ကိုယ့်အိမ်က နေရာနဲ့ ပစ္စည်းနဲ့က လိုက်ပါ့မလား။ ဆန့်ရောဆန့်ပါ့မလား။ သေးများနေမလား။ စသဖြင့် ပူပန်ကြရပါတယ်။ Size ကို မခန့်မှန်းမိဘဲ ဝယ်မိသွားတဲ့ ပစ္စည်းတွေက အလဟသဖြစ်သွားပြီး ကိုယ်ပဲ ဆုံးရှုံးရတာပဲ။ Return Policy ကောင်းကောင်းမရှိရင် ပိုဆိုးတာပေါ့။

အဲ့ဒီလိုမျိုး ​နေရာယူတဲ့ ပစ္စည်းကြီးကြီးတွေ ဝယ်တဲ့အခါ AR နည်းပညာကို သုံးပြီး တကယ့် ပစ္စည်းရဲ့ ပုံစံအတိုင်းကို ဖုန်းထဲကနေတဆင့် ကိုယ့်အိမ်ထဲကိုအခြေပြုပြီး ကြည့်နိုင်ပါတယ်။ အိမ်ရဲ့နေရာနဲ့ ပစ္စည်းရဲ့ Size အံဝင်ဂွင်ကျမှုရှိမရှိကို ဖုန်းထဲကနေဆင့် AR ကိုသုံးပြီးတော့ ကြည့်နိုင်တာမျိုးပါခင်ဗျာ။​

စိတ်ဝင်စားရင် အောက်ကလင့်ခ်လေးကိုဝင်ကြည့်ပြီး AR အနေနဲ့ E-commerce ကိုဘယ်လိုကူညီနေတယ်ဆိုတာ ကြည့်နိုင်ပါတယ်ခင်ဗျာ။

ဒါတွေအပြင် စာနဲ့ ပြောပြလို့မလုံလောက်တဲ့ တချို့သော product function တွေကိုလည်း AR မှာ တခါတည်း​ပြနိုင်တာမို့ Retail တွေရဲ့ sales stratgy မှာ ထည့်သုံးပြီး sales တက်ဖို့ အထောက်အကူပြုစေမှာလည်း ဖြစ်ပါတယ်။ အလားတူ case မျိုးကို cosmetic ပစ္စည်းတွေမှာလည်း သုံးနိုင်ပါတယ်။ “Try before you buy” ဆိုသည့်အတိုင်း တစ်ကိုယ်ရည်သုံး product တွေကို AR နဲ့ မဝယ်ခင် စမ်းကြည့်ပြီး ကိုယ်နဲ့ လိုက်မလိုက်ကို သိနိုင်ကာ တစ်ခါတည်း ဝယ်ဖို့ မဝယ်ဖို့ကိုပါ ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။

ဒါကတော့ မျက်မှန်ကို AR နဲ့ရောင်းသွားတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

အခုလို Sales တစ်ဖွဲ့လုံးအိမ်မှာနေနေရတဲ့အခါမှာ online ကနေတဆင့် စျေးတွေရောင်းတာကို အထောက်အကူပြုစေတဲ့ AR ကို မိမိတို့ရဲ့ product အလိုက် သင့်တော်သလို ထည့်သုံးနိုင်ပါတယ်ခင်ဗျာ။ AR နဲ့ ပက်သက်ပြီး အသေးစိတ်တိုင်ပင်ချင်ပါကလည်း ကျွန်တော်တို့ rangoon.tech ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

--

--