Display Ads တွေလုပ်ရတာ ရိုးနေရင် Interactive Ads လေးဖန်တီးကြည့်ပါလား။

Kyaw Zin Hted
Rangoon.tech
Published in
2 min readMay 24, 2020

ကိုယ့် Brand က Product အသစ်မိတ်ဆက်လို့ဖြစ်စေ၊ တခြားသော Brand ရဲ့ Promotion Campaign တွေကို customer တွေသိစေရန်ဖြစ်စေ Awareness Ads တွေကို Digital မှာရော ရိုးရိုး Billboard တွေမှာပါ လုပ်ကြပါတယ်။ Digital ပေါ်က Display Ads တွေကို static ads တွေဖန်တီးတာအပြင် အခုဆိုရင် customer တွေကိုယ်တိုင် ပါဝင်ကြမယ့် Interactive Display Ads တွေကိုလည်း နည်းပညာအသစ်တွေအကူအညီနဲ့လုပ်နိုင်နေပါပြီ။ အဆိုပါ Emerging Technology တွေကတော့ Augmented Reality Ads, Interactive Video, Interactive Display Ads(Playable Ads ) တို့ပဲဖြစ်ပါတယ်။

AR Ads

Product Category အလိုက် လိုက်ဖက်မယ့် Story တစ်ခုကို Design လုပ်ပြီး AR experience တစ်ခုဖန်တီးကာ Google Display Ads အနေနဲ့ရော Facebook Ads အနေနဲ့ရော လုပ်နိုင်ပါတယ်။ အဆိုပါ AR Ads ကိုတွေ့တိုင်း လူတိုင်းက Link ကိုနှိပ်ကာ AR Experience ကိုခံစားနိုင်မှာဖြစ်ပါတယ်။ အခုလို AR Ads, Playable Ads စသည်တို့ကို သုံးလိုက်ခြင်းဖြင့် customer ဆီက attention ကိုပိုရနိုင်သလို သူတို့ကိုယ်တိုင် အဆိုပါ AR, Game ကို ပါဝင်အသုံးပြုမှာဖြစ်တာကြောင့် dwell time ပိုကြာနိုင်သည့်အပြင် Story ပုံစံဖြင့်ဖော်ပြထားတဲ့ ကိုယ့် Product အကြောင်းကိုလည်း ပိုမိုသိသွားမှာဖြစ်ပါတယ်။ Product ကို Virtual ခံစားလို့ရတဲ့ ထူးခြားတဲ့ AR experience ကြောင့် အဲ့ဒီ Product ကို emotion attached ဖြစ်သွားပြီး လိုချင်သွားမှာ ဖြစ်ပါတယ်။ အောက်မှာ ဥပမာအနေနဲ့ အောက်က Fuji Film ရဲ့ Instax Mini 9 product အသစ်ကိုမိတ်ဆက်တုန်းက သူတို့ Product နဲ့ လိုက်ဖက်တဲ့ AR Experience ကိုဖန်တီးသွားပြီး Instax Mini မှာရတဲ့ Effect နဲ့ ဓာတ်ပုံအတိုင်း AR မှာသုံးနိုင်အောင် လုပ်ပေးသွားတာဖြစ်ပါတယ်။ Facebook မှာဆိုရင် AR Post မှာ CTA ထည့်ပြီး Product ကို တိုက်ရိုက်ဝယ်နိုင်အောင်လုပ်နိုင်တာကြောင့် တခါတည်း Conversion ပါဖြစ်သွားနိုင်ပါတယ်။

AR Ads

Interactive Video

ကိုယ့်ရဲ့ video မှာ customer တွေကိုယ်တိုင် လိုက်ပါပြီး Story ကို သူတို့ရွေးချယ်ဆုံးဖြတ်နိုင်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ Video မှာ နောက်ဖြစ်လာမယ့် ဇာတ်လမ်းဇာတ်ကောင်တွေကို ရွေးဖို့ option ပေးတာမျိုးတွေ၊ Videoထဲမှာ ရွေးချယ်ခွင့်တွေပေးထားပြီး နောက်ဆုံးsuggestion ကို ထုတ်ပေးတာတွေ၊ video မှာပါတဲ့productတွေကို တခါတည်း ဝယ်လို့ရအောင်လုပ်နိုင်တာမျိုးတွေ စသဖြင့် video ကြည့်ရှုသူနဲ့ အပြန်အလှန် interactive လုပ်နိုင်ပြီး ကိုယ်တိုင်လည်း ပါဝင်ရတာမျိုးပါ။ Video ထဲက Story မှာ ကြည့်ရှုသူတွေ ကိုယ်တိုင် ပါဝင်နိုင်တာမို့ customer တွေရဲ့ Attention ကိုပိုရမှာပါ။

Playable Ads

ဒီပုံစံကတော့ ကိုယ်ပိုင် App ရှိတဲ့ Brand အတွက် ဖြစ်ပြီး ကိုယ့် App ကို down တာများရန်အတွက် လုပ်နိုင်တဲ့ Ads မျိုးပဲ ဖြစ်ပါတယ်။ ကိုယ့် App ထဲက promotional game တွေကို Customer တွေ စမ်းဆော့လို့ရပြီး တစ်ခါတည်း Down လို့ရအောင် CTA ထည့်နိုင်တာကြောင့် customer တွေတကယ်မ down ခင်စမ်းလို့ရပြီး ကိုယ့် app ရဲ့ Benefit တွေကို Awareness လုပ်လို့ရပါတယ်။ Playable ads နဲ့ပုံစံတူတဲ့ Google Banner Ads မှာလည်း Programatic ads ဆိုတာရှိပါတယ်။ Game လို စမ်းဆော့ခိုင်းတာမဟုတ်ပဲ audience ကိုယ်တိုင် interactive ဖြစ်ဖြစ် ထိတွေ့လို့ရတဲ့ Dynamic ads ပုံစံမျိုးဖြစ်ပါတယ်။ ပုံမှန်Banner Ads တွေဆို နေရာနည်းတာကြောင့် ကိုယ်ပြချင်တဲ့ အဓိက main point ကိုသာ ပြောလို့ရပေမယ့် Programatic ads မှာတော့ web page တွေလို HTML-5 Technology နဲ့ရေးထားတာကြောင့် content တွေအများကြီး ထည့်လို့ရတဲ့ အားသာချက်ရှိပါတယ်။

အထက်ပါ နည်းပညာတွေကတော့ ရိုးရိုး Ads တွေထက်စာရင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကြောင့် customer ရဲ့ Attention ကိုပိုရသလို customer တွေနဲ့ communication ကို interactive ဆန်ဆန်ဖြင့် လုပ်နိုင်တာကြောင့် engagement လည်း ဖြစ်သွားမှာဖြစ်ပါတယ်။ ကိုယ်ပြောချင်တဲ့product ရဲ့ promotion message/ value proposition ကိုလည်း တစ်ခါတည်း ပြည့်ပြည့်စုံစုံပြောနိုင်တာကြောင့် ကိုယ်ပေးချင်တဲ့ Awareness ကိုလည်း ပိုလုပ်နိုင်သလို ထူးခြားတဲ့ Experienceကြောင့် Viral Marketing ပါ တစ်ခါတည်း ဖြစ်သွားနိုင်တဲ့ အကျိုးကျေးဇူးတွေရမှာဖြစ်ပါတယ်။

--

--