Facebook AR ဖြင့် ဖန်တီးလို့ရသည့် Campaign များ

Kyaw Zin Hted
Rangoon.tech
Published in
3 min readMay 6, 2020

Augmented Reality နည်းပညာဟာ Facebook တွင်စတင်ပါဝင်လာပြီးသည့်နောက် အသုံးပြုရ လွယ်ကူလာပါတယ်။ အရင်လို App သက်သက် down စရာမလိုတော့ပဲ Facebook App အတွင်းမှာပဲ AR Experience ကိုခံစားနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ AR ကို Facebook တွင် စတင်ထည့်သွင်းလိုက်ခြင်းကလည်း Marketing ပြုလုပ်ရန်အတွက်ဖြစ်ရာ AR ကို လူကြီးမင်းတို့၏ Marketing Campaignများတွင် ပေါင်းစပ်နိုင်အတွက် အခုလို share ပေးလိုက်ရခြင်းဖြစ်ပါတယ်။

Target Tracking

ကိုယ့်ရဲ့ Product သို့မဟုတ် ကြော်ငြာတစ်ခုခုထဲမှ ပုံတစ်ပုံကို AR Facebook ကင်မရာဖြင့် ချိန်လိုက်ပါက ကြိုတင်ခိုင်းစေထားသည့် လှုပ်ရှားမှု Animation များ​ ၊ ဓာတ်ပုံ၊ ဗီဒီယိုများ၊ အသံများထွက်လာမည်ဖြစ်ပါသည်။ အဆိုပါ AR မျိုးကို ကိုယ့် Product အကြောင်းပိုရှင်းပြချင်တာမျိုးနှင့် Product ကို story ပုံစံမျိုးဖြင့် present လုပ်သည့်အခါမျိုးတွင် သုံးနိုင်ပါသည်။
[ Facebook AR Camera ဆိုသည်မှာ Facebook App အတွင်း Built-in Camera ကိုဆိုလိုခြင်းဖြစ်ပါသည်။ user က မိမိ၏ AR Link ကို နှိပ်လိုက်သည့်အခါတွင် အဆိုပါ ကင်မရာပွင့်လာမည်ဖြစ်ပါသည်။ ]

Masks

Facebook AR Camera ဖြင့် ကြည့်လိုက်လျှင် ကိုယ့်မျက်နှာပေါ်တွင် ဖန်တီးထားသော အရုပ်များ ပေါ်လာမည်ဖြစ်ပါသည်။ ကိုယ့် Brand ရဲ့ လာဘ်ကောင်မျိုးနှင့် မျက်နှာပေါ်တွင် တပ်ဆင်လို့ရသည့် မျက်မှန်၊ မိတ်ကပ်စသည်တို့ကို promote လုပ်ချင်သည့်အခါ သုံး၍ရပါသည်။

Product Show off

ကိုယ့်ရဲ့ Product များကို AR ဖြင့် ပြသလိုသည့်အခါတွင် သုံးနိုင်ပါသည်။ Facebook Camera ဖြင့် ကြည့်လိုက်လျှင် ကိုယ့်ရဲ့ Product ဟာ အပြင်ပတ်ဝန်းကျင်နှင့်ပေါင်းစပ်တွေ့နိုင်မည်ဖြစ်ပါသည်။

Fan Support

နေ့ထူးနေ့မြတ်များ၊ အားကစားပွဲများ၊ ဖျော်ဖြေရေးပွဲများ၊ အထိမ်းအမှတ်ပွဲများ ပြုလုပ်သည့်အခါ အဆိုပါ AR Effect ကိုပါ ဖန်တီးနိုင်ခြင်းဖြင့် ပွဲလာရောက်သူများကို ပိုမိုပျော်ရွှင်စေမည်ဖြစ်ပါသည်။ Audience များသည် AR Effect ဖြင့် ဓာတ်ပုံရိုက်ကြကာ social media ပေါ်တွင် Share သောကြောင့် ကိုယ့် Brand အကြောင်း Awareness ပိုရမည်ဖြစ်ပါသည်။

Teleport

ဒီတစ်ခေါက် AR ကတော့ အသုံးပြုသူကို တခြားနေရာတစ်နေရာသို့ ခေါ်ဆောင်သွားတာမျိုးဖြစ်ပါသည်။ အသုံးပြုသူရဲ့ တကယ့်အ​ပြင်က
ပတ်ဝန်းကျင်နေရာတွင် ကိုယ်ဖြစ်စေချင်သော AR Digital Environment ကိုထည့်လိုက်တာမျိုးဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားထဲမှနေရာများ၊ ကမ္ဘာအနှံ့က လည်ပတ်စရာနေရာများ၊ ကိုယ့် Brand နဲ့ဆိုင်သည့် နေရာများဖြင့် အစားထိုးပြောင်းလဲတာမျိုးလုပ်၍ Promote လုပ်နိုင်ပါသည်။

Postcards

ကိုယ့်ရဲ့ တန်ဖိုးထားရသော Loyal Customer များအတွက် အမှတ်တရ Postcard များကို AR ဖြင့် ပေးနိုင်ပါသည်။ နှစ်သစ်ကူး၊ Christmas တို့လို Postcard များနှင့် Seasonal Promotion ရှိကြောင်းကိုလည်း AR Postcard ဖြင့် ပေးခြင်းဖြင့် Brand တည်ဆောက်ရာတွင် ကူညီနိုင်ပါသည်။

AR Portals

ဖုန်းထဲတွင်မြင်နေရသည့် Magic ဆန်ဆန် ပြတင်းပေါက်လေးထဲကို လမ်းလျှောက်ဝင်သွားလိုက်ခြင်းဖြင့် တခြားကမ္ဘာတစ်ခုထဲ ရောက်သွားသလို ခံစားရစေနိုင်သည့် AR Effect မျိုးဖြစ်ပါသည်။ ဖုန်းဖြင့် ဘယ်နေရာကြည့်ကြည့် AR ပတ်ဝန်းကျင်ကိုသာ မြင်ရမည်ဖြစ်ပါသည်။

Game & Contests

Audience ကို AR ဖြင့် phone screen ကိုတို့ထိစရာမလိုပဲ Game ဆော့စေခြင်းမျိုး ဖြစ်ပါသည်။ ကိုယ့် Brand နှင့် သက်ဆိုင်သော AR Gameကိုဆော့ခိုင်း၍ ရလာသော Points များဖြင့် Reward များလဲလှယ်ပေးသည့် Campaign ကိုဆက်လက်လုပ်ဆောင်နိုင်ပါသည်။

Image or text lottery

ကိုယ့်မျက်နှာအပေါ်နားတွင် စာသားတစ်ခုခု( ကိုယ်နဲ့တူသည့် ရုပ်ရှင်ဇာတ်ကောင်၊ သွားချင်သည့်နေရာ၊ စားချင်သည့်မုန့် စသည်ဖြင့်) ကို random ကျရောက်စေသည့် Effect မျိုးဖြစ်ပါသည်။ Quiz ဖြေခိုင်းသည့် ပုံစံကို ယခုလိုAR Effect ဖြင့် ပြုလုပ်နိုင်ပါသည်။

Gestures to activate Animation

ပုံထဲတွင်ဖော်ပြထားသည့် မျက်နှာအမူအရာအမျိုးမျိုးနှင့် Hand Tracking တို့ဖြင့် ကိုယ့် Brand နှင့်အတွက်ပြုလုပ်ထားသည့် AR Animation ကို ပေါ်လာစေရန်ပြုလုပ်နိုင်ပါသည်။ အဆိုပါ AR မှ recongnize လုပ်သော Gestures များကို အသုံးပြု၍ စိတ်တိုင်းကျ Marketing Campaign တစ်ခု ရေးဆွဲနိုင်ပါသည်။

AR Ads

Playable Ads ကဲ့သို့ပင် AR ကိုလည်း Ads ပြုလုပ်လို့ရပါသည်။ ပုံထဲတွင် MK သည် ၎င်းတို့၏မျက်မှန်ကို AR ဖြင့်ဖန်တီးထားပြီး ads လုပ်ထားကာ audience ကိုမဝယ်ခင် AR experience ခံစားစေပါသည်။ Audience အနေဖြင့် ၎င်းတို့ Product ၏ AR Experience ကိုခံစားရင်း ကြိုက်နှစ်သက်ဆိုပါက တခါတည်းဝယ်နိုင်ရန် Call To Action Button ထည့်ခဲ့ပါသည်။ ယခုလို AR Ads လုပ်ခြင်းဖြင့် ရိုးရိုး Display Ads များထက် ပိုမို engagement ကောင်းကာ အရောင်းလည်း တက်ခဲ့စေရုံသာမက Brand Experience ကောင်းတစ်ခုပါ ဖန်တီးနိုင်ပါသည်။

လူကြီးမင်းတို့၏ Client များအတွက် Augmented Reality Project များပြုလုပ်လိုပါက ကျွန်တော်တို့ rangoon.tech နှင့် အခမဲ့တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

--

--