How to boost sales with AR ads

Kyaw Zin Hted
Rangoon.tech
Published in
2 min readOct 1, 2020

“Experience before you buy”

AR ရဲ့ သဘောသဘာဝအရ ဖုန်းကနေတဆင့် တကယ်အစစ်မဟုတ်တဲ့ digital object တွေကို virtually ပေါင်းထည့်ပေးပြီး တကယ်အစစ်အတိုင်း မြင်ရအောင် ဖန်တီးပေးတာဖြစ်တာကြောင့် customer တွေအနေနဲ့ product တွေကို တကယ် မဝယ်သေးဘဲ AR ကိုသုံးပြီး စမ်းကြည့်လို့ရပါတယ်။ Facebook AR Ads မှာ ကိုယ့် product တွေ ဖြစ်တဲ့ မျက်မှန်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ နဲ့ အိမ်အသုံးအဆောင်ပစ္စည်း စတာတွေကို AR ဖြင့် မဝယ်ခင် စမ်းသုံးကြည့်လို့ရအောင် လုပ်ပြီး color ရွေးတာ size ရွေးတာ စတာတွေလုပ်နိုင်ပြီး Customer အကြိုက်နဲ့ ထပ်တူကျပါက တစ်ခါတည်း တန်းဝယ်လို့ရအောင် Post မှာ CTA ထည့်လို့ရပါတယ်။ အထက်ပါအတိုင်း AR ads လေး run ပြီး targer audeince ကို ကိုယ့် productအား AR နှင့် စမ်းသုံးကြည့်စေကာ ကြိုက်နှစ်သက်သည်ကို တစ်ခါတည်း ဝယ်ယူနိုင်စေခြင်းဖြင့် sales တက်စေမှာဖြစ်ပါတယ်။

AR as entertaining tools or AR contest

ကိုယ့် product packaging မှာ QR code ထည့်ပြီး အဆိုပါ QR ကို scan လိုက်ပါက ကိုယ့် Brand, Product, Campaign နှင့်လိုက်ဖက်ညီအောင် ဖန်တီးထားတဲ့ AR filter ဖြစ်စေ၊ AR Game ဖြစ်စေ တက်လာကာ ကိုယ့် product ကို ဝယ်သည့် customer ကို Exclusive AR experience ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဥပမာ- နို့အေးပုလင်းမှာ QR code ထည့်ပြီး scan ဖတ်လိုက်ရင် အဆိုပါ အအေးမှ ရမယ့် vitamin တွေ၊ benefit တွေအကြောင်းကို AR နဲ့ ပြပေးတာမျိုးဖြစ်ပါတယ်။ ကလေးအသုံးအဆောင်ပစ္စည်းများတွင်လည်း ကာတွန်းရုပ်လေးများနှင့် ချိတ်ဆက်သုံးနိုင်ပါသေးတယ်။ ယခုလို product ဝယ်သည့် customer ကို သီးသန့်ပေးတဲ့ AR experience မှာ contest နဲ့လည်း ချိတ်ပြီး sales တက်အောင် လုပ်နိုင်ပါတယ်။ Contest idea ကတော့ AR filter ဆိုလျှင် ဓာတ်ပုံရိုက်ပြီး viral ဖြစ်အောင် social media ပေါ် # နဲ့ ပြန် share တင်ခိုင်းတာမျိုး၊ AR Game ဆိုလျှင်လည်း ကိုယ်ဆော့ထားတဲ့ Game result ကို social media ပေါ် # နဲ့ ပြန်share ခိုင်းတဲ့ပုံစံမျိုးနဲ့ AR contest လုပ်နိုင်ပါတယ်။ အဆိုပါ user-generated content တွေကို Messenger, chatbot, comment မှာ လာပို့ခိုင်းပြီး အကောင်းဆုံးဓာတ်ပုံ၊ အမှတ်အများဆုံး game playerကို ဖြစ်စေ၊ contest မှာ ပါဝင်သူတွေကို မဲပြန်နှိုက်ပြီး ဖြစ်စေ ဆုပြန်ပေးနိုင်ပါတယ်။ အခုလို AR contest မှာ ပါချင်ရင်တော့ customer အနေနဲ့ product ကိုဝယ်ရမှာပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ idea တွေကတော့ အရောင်းတက်စေချင်တဲ့ marketing objective အတွက် AR ကို သုံးသွားတာ ဖြစ်ပါတယ်ခင်ဗျာ။ ခုလို covid-19 ကြောင့် event တွေ မလုပ်နိုင်တဲ့အချိန်မှာ activity တစ်ခုအနေနဲ့ AR contest ကို run ဖို့လည်း အကြံပြုပါရစေခင်ဗျာ။

AR contest အကြောင်း [ https://bit.ly/2H6Eg4Q ]

--

--