Using AR to Solidify the Customer Relationship

Kyaw Zin Hted
Rangoon.tech
Published in
1 min readJul 1, 2020

Customer က ကိုယ့် product ကိုဝယ်ယူပြီးသွားတဲ့အခါ ကိုယ့် Product ရဲ့ after sales serviceအတွက် AR content နဲ့ဖန်တီးနိုင်ပါတယ်။ ဒီအဆင့်က New Customer ရှာဖို့အတွက် သုံးတာမျိုး ၊ Online Advertising အတွက်မဟုတ်ပဲ ဝယ်ပြီးသား customer ကို Value ပိုပေးဖို့အတွက် AR ကိုသုံးတာမျိုးပါ။ Point of purchase မှာ customer experience ကောင်းကောင်းပေးချင်တဲ့ Brand တွေအနေနဲ့ ကိုယ်တိုင်က Retail Product Brand ဖြစ်နေတယ်ဆိုရင် AR ကို အောက်ပါပုံစံနဲ့ ပေါင်းစပ်နိုင်ပါတယ်။

product ရဲ့ package သို့မဟုတ် body ကို AR ကနေတဆင့် ကြည့်လိုက်မယ်ဆိုရင် Product ရဲ့ထူးခြားတဲ့အချက်တွေ၊ ဘယ်လိုကောင်းမွန်အောင် ဖန်တီးထားတယ်ဆိုတဲ့သမိုင်းတွေ၊ ဒီproduct ကို ဘယ်နေရာတွေမှာသုံးလို့ရတယ်ဆိုတဲ့ content တွေပြလို့ရပါတယ်။ သဘောကတော့ ဒီ product နဲ့နောက်ထပ် ထပ်လုပ်လို့ရတဲ့ benefit တွေအကြောင်းကို AR နဲ့ရှင်းပြလို့ရတာမျိုးပါ။

ဒါ့အပြင် AR နဲ့ Self-service လုပ်လို့ရတာမျိုးတွေလည်း လုပ်လို့ရတာကြောင့် Manual တွေ FAQ တွေ၊ Training Material တွေပုံစံ Content တွေ ထည့်ပြီး ကိုယ့် Product နဲ့ပက်သက်ပြီး customer experience ပိုကောင်းအောင်လုပ်နိုင်ပါတယ်။ Product installation အပိုင်းကို ရိုးရိုး စာရွက် manual အပြင် AR နဲ့ demonstration ပိုင်းပါ ထည့်လို့ရတာကြောင့် customer အနေနဲ့ ပိုပြီးတော့ အသုံးပြုပုံ တပ်ဆင်ပုံကို နားလည်သွားမှာဖြစ်ပါတယ်။

ချုံပြောရမယ်ဆိုရင် စျေးကွက်ထဲမှာ ပြိုသ်ဘက်တွေနဲ့ Functional benefit ချင်းသိပ်မကွာတော့တဲ့အခါ ကိုယ့်ဖောက်သည်တွေကို customer experience ကောင်းကောင်းပေးပြီး ဖောက်သည်နဲ့ relationship တည်ဆောက်တဲ့သဘောပါ။ အဲ့လို customer experience ကောင်းကို နောက်ဆုံးပေါ် Digital Tools ဖြစ်တဲ့ AR နဲ့ တည်ဆောက်ခြင်းအားဖြင့် customer တွေအနေနဲ့ product နဲ့ ပက်သက်ပြီး အသုံးပြုရတာပိုလွယ်သွားမှာဖြစ်သလို product နဲ့ ပိုလုပ်လို့ရတဲ့အချက် (ဥပမာ- Liquor Product အတွက် ကော့တေးဖျော်နည်း) စသဖြင့် information ပါထည့်လို့ရတာကြောင့် customer တွေအတွက် ပိုပြီး အသုံးဝင်သွားစေမှာပါ။ အထက်ပါအချက်တွေကြောင့် ကိုယ့် Brand နဲ့ ယုံကြည်မှုရသွားပြီး customer relationship အတွက် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

--

--