အကောင်းဆုံး အလုပ်

scattered thoughts
scattered thoughts by me
3 min readSep 21, 2019

APPLE က WWDC session video, “A Strategy for Great Work” မှာ APPLE က ရာထူးကြီး developer တစ်ယောက်က အကောင်းဆုံး အလုပ်တစ်ခုဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို သူ့ရဲ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြသွားတာ ကြိုက်လို့ နှစ်ခေါက် နားထောင်ဖြစ်တယ်။ အားတွေ အများကြီး ရလိုက်တယ်။ သူက APPLE အတွက် iOS product keyboard နဲ့ Safari Mobile App ကို ရေးခဲ့တာ။ သူပြောတာ တစ်နာရီကျော်နီးပါးကြာလို့ ပြောသွားတာထဲကဟာတွေကို အတိုချုံးရေးပြီး share လိုက်တာပါ။

1. Know a good idea when you see it.
idea အသစ်အဆန်းတစ်ခုခုကိုတွေ့တဲ့အခါ ဖာသိဖာသာမနေပါနဲ့။ ဒီဟာကို ကိုယ်အလုပ်မှာကော အသုံးချလို့ရလား။ ဘယ်လိုသုံးရင် ရမလဲ အဆင့်ဆင့်တွေးမိတဲ့idea တွေကို ချရေးထား မှတ်ထား။ ကျွန်တော်တို့ keyboard design ဆွဲတုန်းက ဖြစ်နိုင်မဲ့ဟာတွေအများကြီး design ဆွဲခဲ့တယ်။ အဲ့ဒီအထဲက အကောင်းဆုံး idea တွေကို ပြန်စုပြီး လုပ်လိုက်တဲ့အခါ mobile တွေ အားလုံးထဲမှာ စာရိုက်ရတာ အဆင်ပြေဆုံး keyboard pattern ဖြစ်လာခဲ့တယ်။ ဒီ idea ကို Nokia E Series နဲ့ Blackberry keyboard တွေကို မြင်တော့ ဒီလို hard keyboard လုပ်မဲ့အစား screen ပေါ်မှာပဲ soft keyboard နဲ့ဆိုရင် users တွေက လိုတဲ့အချိန်မှာ keyboard ကို ပေါ်အောင်လုပ်ပြီး ကျန်တဲ့အချိန်မှာ ဖျောက်ထားလိုက်ရင် phone screen က keyboard နေရာမယူတော့ ပိုကျယ်သွားမယ်။ အဲ့လိုအတွေးလေးတွေက တဆင့်စခဲ့တာ။ အဲ့အချိန်တုန်းက ဘယ်ကဘယ်လို implement လုပ်ရမယ်၊ အကောင်အထည်ဖော်ရမယ်မှန်းတောင်မသိဘူး။ တဖြည်းဖြည်းနဲ့ လုပ်ရင်းနဲ့ idea တွေက ပိုအသက်ဝင်လာတယ်။ ပိုပြီးကောင်းအောင် လုပ်လာကြတာ။

2. Don’t try to solve every problem at once
Safari Mobile app ရေးတုန်းက mobile network framework ရေးတာမှာ errors တွေ သောက်သောက်လဲတက်သွားတယ်။ ဘယ်က စပြီးရှင်းရမှန်းမသိတော့ဘူး။ နောက်ဆုံးမှာ စိတ်ကို ဒုံးဒုံးချပြီး process တစ်ခုလုံးရဲ့ အစကနေ Debug လုပ်ပြီး error တွေတခုချင်းရှင်းခဲ့တယ်။ errors တွေရှင်းပြီးတော့ ဖုန်းမှာ browser app ကို ဖွင့်လိုက်တော့ ရှောရှောရှူရှူ အောင်မြင်စွာ run လို့ရသွားတော့ အရမ်းပျော်ခဲ့တယ်။ ဒါကြောင့် ပြသနာတွေ errors တွေကို စုပြုံပြီ မရှင်းပါနဲ့။ steps တွေ ကျော်ပြီးတော့လည်း မရှင်းပါနဲ့။ စိတ်အေးအေးနဲ့ တစ်ခုချင်းစီရှင်းပါ။

3. Find smart friends and listen to them
ကျွန်တော် keyboard ကို prototype လုပ်တော့ အဆင်မပြေခဲ့တာတွေ အများကြီး။ သူများတွေလို StackOverflow သွားကြည့်ပြီး ကော်ပီကူးလို့ ရတာလဲ မဟုတ်ဘူး။ အဲ့မှာ အတွေးတွေများ အတွေးတွေချော်ပြီး keyboard အတွက် prototype ရေးတာ လနဲ့ချီပြီ ကြာသွားတယ်။ နောက်ကျွန်တော်စိတ်တွေရှုပ်လာတော့ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို design ကိုပြပြီး အကြံတောင်းလိုက်တာ ဟိုက ၆ရက်နဲ့အပြီး လုပ်ပေးသွားတယ်။ ကျွန်တော်အံအားသင့်သွားတယ်။ ပညာတစ်ခုရလိုက်တယ်။ တခုခုမှာ ကိုယ်ကိုကိုယ် လမ်းပျောက်နေပြီ ထွက်ပေါက်ပိတ်နေပြီလို့ ထင်ရင် စိတ်တူလောက်မဲ့ သူငယ်ချင်းတွေကို ပြောပြလိုက်ပါ။ သူတို့က အကောင်းဆုံး idea ပြောပြလိမ့်မယ်။ ဘာလိုလဲဆိုတော့ ကိုယ်က ပြဿနာအတွက် စိတ်ဖိစီးမှူ့များနေလို့ အာရုံမစုစည်းနိုင်လို့။ သူငယ်ချင်းက ကိုယ်နဲ့ ပြောင်းပြန် ဒီပြဿနာအတွက် ဘာစိတ်ဖိစီးမှူ့မှ မရှိတော့ ခေါင်းအေးအေးနဲ့ အကြံပေးနိုင်တယ်။ဒါကြောင့် သူတို့ပြောတာ နားထောင်လိုက်ပါ။

4. Work should explain itself
အဓိကကတော့ ကိုယ်ဘာလုပ်နေတယ်၊ ကိုယ်လုပ်နေတာ အဆင့်ဆင့်ကို သိနေရင် အကောင်းဆုံးပဲ။ ကိုယ်ကိုကိုယ်လဲ ဘာလုပ်လို့ လုပ်နေမှန်းမသိ၊ ဦးတည်ချက်မရှိဘဲ လုပ်နေတဲ့အလုပ်တွေက ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ဘူး။

5. Choose the simplest thing which might work
function တစ်ခုခုကို ရေးတော့မယ်၊ implement လုပ်တော့မယ်ဆိုရင် အရိုးရှင်းဆုံးဟာကို စဉ်းစားပြီး အဲ့တိုင်းလုပ်ပါ။ ကြီးကြီးကျယ်ကျယ်ကြီးတွေ စဉ်းစားပြီးလုပ်တာက အပိုလုပ်တွေများပြီး မအောင်မြင်တာ များတယ်။ အရိုးဆုံး အရှင်းဆုံးနည်းနဲ့လုပ်တော့ ကိုယ်ဘာလုပ်ရမယ်ဆိုတာလဲ သေချာ ရှင်းရှင်းလင်းလင်း သိတယ်။ တချို့ဆို ကိုယ်ရေးတဲ့ code ကို ကိုယ်နားမလည်တော့ဘဲ လမ်းတစ်ဝက်မှာ ဘာဆက်ရေးရမယ်မှန်းမသိတဲ့ လူတွေက အများကြီးရှိတယ်။ အဲ့လိုမဖြစ်အောင် အရိုးဆုံး အရှင်းဆုံးနည်းကိုသုံးပြီး လုပ်ပါတဲ့။

6. Only show your best work
ကျွန်တော် keyboard prototype ရေးတုန်းက design 3,4 ခု ရေးထားတယ်။ Steve Jobs က စစ်တော့ ကျွန်တော် မှာ လုပ်ထားတဲ့ သုံးခုရှိတယ်လို့ ပြောတဲ့အခါ Jobs က ကျွန်တော်ကိုမေးတယ် အဲ့ထဲမှာ ဘယ်ဟာအကောင်းဆုံးလို့ ထင်လဲ။ အကောင်းဆုံးလို့ ထင်တယ်ဟာကို ပြပါ။ အဲ့ဒါကမှ လူတွေကို ပိုအထင်ကြီး ဆွဲဆောင်စေနိုင်တာ။ တခြား လူတိုင်းမှာ ကိုယ်လုပ်ထားတာအကုန်လုံးကို ထိုင်ကြည့်ဖို့အချိန်မရှိဘူး။ ဒါကြောင့် client ကိုပြမှာပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲပြပြ ကိုယ်လုပ်ထားတာထဲက အကောင်းတကာ့ အကောင်းဆုံးကိုပဲ ပြပါ။

7. Iterating quickly leads to better work
လုပ်နေတဲ့အလုပ်တစ်ခုခုကို ကောင်းသထက်ကောင်းအောင် ထပ်ခါတလဲလဲ လုပ်တာက ကိုယ့် productကို ပိုကောင်းသထက်ကောင်းလာစေတယ်။ ကျွန်တော်တို့လည်း keyboard ကို ကောင်းသထက် ကောင်းအောင် ထပ်ထွင်ခဲ့တယ်။ iOS 3.0 ကနေ iOS 8.0 keyboard design တွေက ကောင်းသထက်ကောင်းအောင် ပြောင်းလာတယ်။ ဒီနေရာမှာပဲ တော်ပြီဆိုပြီး ရပ်လိုက်မှာ မဟုတ်ပါဘူး။ ဒီထက်ကောင်းအောင် လုပ်အုန်းမှာပါ။

8. Be kind to people, but be honest about work
လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေက ဘဝမှာ အင်မတန် အရေးပါတယ်လူတွေဖြစ်လို့ တခါတလေမှာ သူတို့နဲ့ ပက်သတ်တဲ့ မကောင်းတဲ့ feedbackတွေ ပြောဖို့ကြုံလာတဲ့အခါ အခက်တွေ့တတ်တယ်။ အလုပ်နဲ့ပက်သတ်တာပဲဖြစ်ဖြစ် အကြံပေးတဲ့အခါ ဖြစ်သင့်တယ်လို့ ထင်တဲ့ အကောင်းဆုံး အမှန်ဆုံးဟာကို ပြောပါ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတာ ချစ်ခင်တာ မှန်ပေမဲ့ အလုပ်နဲ့ပက်သတ်ရင် အမှန်တိုင်းပဲ ဖြစ်ပါစေ။

9. Separate yourself from your work
တစ်ယောက်ယောက်က ကိုယ်လုပ်တာကိုင်တာနဲ့ ပက်သတ်ပြီး ဝေဖန်ခံရတဲ့အခါမှာ အကောင်းဖက်က တွေးပါ။ ပိုကောင်းအောင် လုပ်ပါ။ ကိုယ်ကို မကောင်းပြောလိုက်တာတို့၊ အလုပ်မှာ စိတ်ညစ်စရာတွေ ဖြစ်လာခဲ့ရင် အိမ်ကို မသယ်သွားပါနဲ့။ အလုပ်နဲ့ပက်သတ်တဲ့ ခံစားချက်တွေကို မိသားစုဆီ မသယ်သွားပါနဲ့။

10. You’re never done
တကယ်တော့ အရမ်း ကောင်းတဲ့ productဆိုတာ မရှိဘူး။ ပိုပြီးကောင်းသထက်ကောင်းအောင် လုပ်သွားရမှာမို့ ဘယ်တော့မှ ရပ်လို့မရတဲ့အတွက် ဘယ်တော့မှ မပြီးပါဘူး။

Originally published at https://medium.com on September 21, 2019.

--

--