Essentialism

scattered thoughts
scattered thoughts by me
1 min readSep 21, 2019

အခု ဖတ်တဲ့စာအုပ် “Essentialism: The Disciplined Pursuit of Less “ ထဲက စာတစ်ကြောင်း သဘောကျလို့ ။ လူတော်တော်များများက “making a millimeters progress in a million directions” ဖြစ်နေကြတယ်တဲ့။ multi-tasking နဲ့ လုပ်စရာတွေ တအားများ။ ဟိုလိုလို ဒီလိုလို ဟိုနည်းနည်း ဒီနည်းနည်းနဲ့ နောက်ဆုံး အဆုံးသတ်က ဘယ်အရာမှာမှ ပြောပြရလောက်အောက် progress သိပ်မရှိ ဖြစ်တတ်တယ်တဲ့။ ကြာလာရင် energy ကုန်ပြီး ကိုယ့်ကိုကိုယ် စိတ်မကျေမနပ် ဖြစ်လာတတ်တယ်တဲ့။ ဒီလိုမဖြစ်အောင် ဘယ်ဟာအရေးကြီးဆုံးလဲ priority ချပြီး အလုပ်လုပ်ကြည့်ပါတဲ့။ အရေးကြီးဆုံးကို အရင် စူးစိုက်ပြီး လုပ်တဲ့။

အဲ့ဒီ စာအုပ်ကလေး အတော်ကောင်းတယ်။ US Embassy ကနေ စင်ကာပူ national library ကို လှူထားတဲ့ စာအုပ်စာရင်းထဲမှာတောင် ပါတယ်။ တကယ် စာအုပ်ကောင်းလေး တစ်အုပ်ပါ။ ဖတ်နေရင်းနဲ့ ကို “ဟာ သူရေးထားတာက ကိုယ့်ကိုများ ပြောနေသလား မသိဘူး။ ကိုယ့်မှာ ဒီလိုတွေ ဖြစ်နေတာပဲ။ သူပြောသလို ပြုပြင်ရမယ်” ဆိုပြီး စိတ်ဖြစ်လာတယ်။ ဖတ်ရင်း အားတက်တယ်။

အသက်ကြီးလာတော့ ဘဝမှာ ရိုးရိုးရှင်းရှင်းနဲ့ minimalism life style မျိုး “Less but better” ကို ပိုပို သဘောကျလာတယ်။ အဲ့ဒီ minimalism life style အကြောင်း စာအုပ်တွေ ရှာဖတ်ရင်း ဒီစာအုပ်ကလေးတွေ ရှာဖွေတွေ့ရှိခဲ့တာ။ တော်တော်ကို ကိုယ်ကြိုက်တာလေးမို့ shareတာ။ သူများတွေဖတ်ရင်တော့ ကြိုက်ချင်မှ ကြိုက်မှာပါ။

--

--